ဒီနွေမှာ ချယ်ဆီးအသင်းထံ ပြောင်းလာဖို့ စိတ်ဝင်စားနေတဲ့ ဟာလန်းနဲ့ ၎င်းရဲ့ မြင့်မားတဲ့ လုပ်ခ လစာ

ဒေါ့မွန် တိုက်စစ် ကြယ်ပွင့် အာလင်း ဟာလန်းကို ချယ်ဆီး အသင်းက ခေါ်ယူချင်နေသလို ကစားသမားဘက်ကလည်း ဥရောပ ချန်ပီယံ အသင်းထံ ပြောင်းရွှေ့လာချင်နေကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်မှာ ဟာလန်းကို အရ ခေါ်ဖို့ ဖြစ်နိုင်ဖွယ် နည်းလမ်းများ ရှာဖွေနေပါတယ်။ နော်ဝေသား ကို ခေါ်ယူရင် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၁၅၀ ကျော်မှာ ဖြစ်သလို ကစားသမားကလည်း လုပ်ခ တစ်ပတ် ပေါင် ၃ သိန်း အလိုရှိတယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ် ကြယ်ပွင့်ကို ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဘာစီလိုနာနဲ့ မန်ယူနိုက်တက် တို့ကလည်း ခေါ်ယူလိုနေတာပါ။

ဒါပေမယ့် တယ်လီဂရပ်ဖ် သတင်းဌာန အဆို အရတော့ ဟာလန်းဟာ အလားအလာကောင်းတွေ အများကြီး ရှိနေတဲ့ တူချယ်ရဲ့ ချယ်ဆီး အသင်းကို ပြောင်းဖို့ စိတ်ဝင်စားနေကြောင်း သိရတာပါ။ ထိုသတင်းမှာပဲ ချယ်ဆီးဟာ ဟာလန်း ကို ခက်ခက်ခဲခဲ ခေါ်ယူရမှာလည်း သိထားပြီး နောက်နှစ်မှာ ခေါ်ယူခွင့် အကြို ချုပ်ထားဖို့ စိတ်ကူးလည်း ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒေါ့မွန်က ဟာလန်းကို အနည်းဆုံး တစ်ရာသီတော့ ဆက်လက် ထိန်းထားလိုဆဲ ဖြစ်ပါတယ်။ နောက်နှစ် နွေမှာဆိုရင် ဟာလန်းကို စာချုပ်ပါ ဖျက်သိမ်းကြေး အရ ယူရို သန်း ၈၀ နဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ဘွန်ဒစ်လီဂါကလပ် ကလည်း ဒီနွေမှာ ဟာလန်းနဲ့ ဆန်ချို ထဲက တစ်ယောက်ကိုပဲ လက်လွှတ်မှာ ဖြစ်ပြီး ဆန်ချို က ယူနိုက်တက်နဲ့ ပိုနီးစပ်နေပါတယ်။

Zawgyi – ေဒါ့မြန္ တိုက္စစ္ ၾကယ္ပြင့္ အာလင္း ဟာလန္းကို ခ်ယ္ဆီး အသင္းက ေခၚယူခ်င္ေနသလို ကစားသမားဘက္ကလည္း ဥေရာပ ခ်န္ပီယံ အသင္းထံ ေျပာင္းေရႊ႕လာခ်င္ေနေၾကာင္း သတင္းေတြက ေဖာ္ျပလာပါတယ္။

ခ်ယ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ ေစ်းကြက္ မပိတ္ခင္မွာ ဟာလန္းကို အရ ေခၚဖို႔ ျဖစ္နုိင္ဖြယ္ နည္းလမ္းမ်ား ရွာေဖြေနပါတယ္။ ေနာ္ေ၀သား ကို ေခၚယူရင္ ေျပာင္းေရႊ႕ေၾကးက ေပါင္ သန္း ၁၅၀ ေက်ာ္မွာ ျဖစ္သလို ကစားသမားကလည္း လုပ္ခ တစ္ပတ္ ေပါင္ ၃ သိန္း အလိုရွိတယ္လို႔ သိရပါတယ္။

အသက္ ၂၀ အရြယ္ တိုက္စစ္ ၾကယ္ပြင့္ကို ဥေရာပ ထိပ္သီးကလပ္ေတြ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ မန္စီးတီး၊ ဘာစီလိုနာနဲ႕ မန္ယူနိုက္တက္ တို႔ကလည္း ေခၚယူလိုေနတာပါ။

ဒါေပမယ့္ တယ္လီဂရပ္ဖ္ သတင္းဌာန အဆို အရေတာ့ ဟာလန္းဟာ အလားအလာေကာင္းေတြ အမ်ားၾကီး ရွိေနတဲ့ တူခ်ယ္ရဲ႕ ခ်ယ္ဆီး အသင္းကို ေျပာင္းဖို႔ စိတ္၀င္စားေနေၾကာင္း သိရတာပါ။ ထိုသတင္းမွာပဲ ခ်ယ္ဆီးဟာ ဟာလန္း ကို ခက္ခက္ခဲခဲ ေခၚယူရမွာလည္း သိထားျပီး ေနာက္နွစ္မွာ ေခၚယူခြင့္ အၾကိဳ ခ်ဳပ္ထားဖို႔ စိတ္ကူးလည္း ရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ေဒါ့မြန္က ဟာလန္းကို အနည္းဆံုး တစ္ရာသီေတာ့ ဆက္လက္ ထိန္းထားလိုဆဲ ျဖစ္ပါတယ္။ ေနာက္နွစ္ ေႏြမွာဆိုရင္ ဟာလန္းကို စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး အရ ယူရို သန္း ၈၀ နဲ႕ ေခၚယူနိုင္မွာလည္း ျဖစ္ပါတယ္။

ဘြန္ဒစ္လီဂါကလပ္ ကလည္း ဒီေႏြမွာ ဟာလန္းနဲ႕ ဆန္ခ်ိဳ ထဲက တစ္ေယာက္ကိုပဲ လက္လႊတ္မွာ ျဖစ္ျပီး ဆန္ခ်ိဳ က ယူနိုက္တက္နဲ႕ ပိုနီးစပ္ေနပါတယ္။