အင်တာမီလန် အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့် ခံစစ်မှူး ဟာကိမိ ကို ဒီနွေမှာ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ကလပ်အသင်းရဲ့ ဘဏ္ဍာရေး မတည်ငြိမ်မှုတွေကြောင့် အသက် ၂၂ နှစ် အရွယ် ခံစစ်မှူးက အရောင်းစာရင်းထဲ ပါဝင်လာခဲ့တာပါ။
အီတလီဘက်က သတင်းတွေ အရတော့ ဟာကိမိ အတွက် ချယ်ဆီးနဲ့ ပီအက်စ်ဂျီ နှစ်သင်းလုံးက ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းမှု ပြိုင်တူ ပြုလုပ်ထားကြောင်း သိရပါတယ်။
ဒါပေမယ့် အင်တာမီလန်ကတော့ ဟာကိမိ အတွက် တန်ကြေး ယူရို သန်း ၈၀ လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အင်တာမီလန်က သူတို့ ဘဏ္ဍာရေး ရှင်းတမ်း မပြုလုပ်ခင် ဟန်ချက်ညီစေချင်တာကြောင့် အပြောင်းအရွှေ့ကိုလည်း လာမယ့် ရက်ပိုင်းအတွက် သဘောတူညီမှု ယူ အမြန် အဆုံးသတ်လိုတာလည်း ရှိနေပါတယ်။
ချယ်ဆီး အနေနဲ့ ဟာကိမိ အပြောင်းအရွှေ့ ဖြစ်လာဖို့ ကမ်းလှမ်းမှုထဲမှာ အီမာဆန် ဒါမှ မဟုတ် ခရစ္စတန်ဆန် ကိုပါ ထည့်သွင်း သွားဖွယ် ရှိနေကြောင်း သိရပါတယ်။
အင်တာမီလန် ကလည်း ဟာကိမိ ကို လက်လွှတ်ရပြီးရင် ကစားသမား ပြန် အားဖြည့်ရမှာ ဖြစ်တာကြောင့် ချယ်ဆီးရဲ့ အီမာဆန် ကို ရဖို့ စိတ်ဝင်စားနေပါတယ်။
Zawgyi – အင္တာမီလန္ အသင္းဟာ သူတို႔ရဲ႕ ၾကယ္ပြင့္ ခံစစ္မွဴး ဟာကိမိ ကို ဒီေႏြမွာ ေရာင္းခ်ဖို႔ ျပင္ဆင္ေနပါတယ္။ ကလပ္အသင္းရဲ႕ ဘ႑ာေရး မတည္ျငိမ္မႈေတြေၾကာင့္ အသက္ ၂၂ နွစ္ အရြယ္ ခံစစ္မွဴးက အေရာငး္စာရင္းထဲ ပါ၀င္လာခဲ့တာပါ။
အီတလီဘက္က သတင္းေတြ အရေတာ့ ဟာကိမိ အတြက္ ခ်ယ္ဆီးနဲ႕ ပီအက္စ္ဂ်ီ နွစ္သင္းလံုးက ယူရို သန္း ၆၀ နဲ႕ ကမ္းလွမ္းမႈ ျပိဳင္တူ ျပဳလုပ္ထားေၾကာင္း သိရပါတယ္။
ဒါေပမယ့္ အင္တာမီလန္ကေတာ့ ဟာကိမိ အတြက္ တန္ေၾကး ယူရို သန္း ၈၀ လို႔ သတ္မွတ္ထားတာ ျဖစ္ပါတယ္။ အင္တာမီလန္က သူတို႔ ဘ႑ာေရး ရွင္းတမ္း မျပဳလုပ္ခင္ ဟန္ခ်က္ညီေစခ်င္တာေၾကာင့္ အေျပာင္းအေရႊ႕ကိုလည္း လာမယ့္ ရက္ပိုင္းအတြက္ သေဘာတူညီမႈ ယူ အျမန္ အဆံုးသတ္လိုတာလည္း ရွိေနပါတယ္။
ခ်ယ္ဆီး အေနနဲ႕ ဟာကိမိ အေျပာင္းအေရႊ႕ ျဖစ္လာဖို႔ ကမ္းလွမ္းမႈထဲမွာ အီမာဆန္ ဒါမွ မဟုတ္ ခရစၥတန္ဆန္ ကိုပါ ထည့္သြင္း သြားဖြယ္ ရွိေနေၾကာင္း သိရပါတယ္။
အင္တာမီလန္ ကလည္း ဟာကိမိ ကို လက္လႊတ္ရျပီးရင္ ကစားသမား ျပန္ အားျဖည့္ရမွာ ျဖစ္တာေၾကာင့္ ခ်ယ္ဆီးရဲ႕ အီမာဆန္ ကို ရဖို႔ စိတ္၀င္စားေနပါတယ္။