ဥရောပ ချန်ပီယံတို့ရဲ့ ကွင်းမျက်နှာစာသစ်နဲ့ ယနေ့ နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (09/06/21)

ချယ်ဆီးအသင်းဟာ ဥရောပ ချန်ပီယံလိဂ် ဗိုလ်စွဲထားတဲ့ အထိမ်းအမှတ် အနေနဲ့ စတန်းဖို့ဘရစ်ချ် အဝင်မှာ ဆိုင်းဘုတ်သစ် စာတန်းသစ် တင်ပြီး အောင်ပွဲခံလိုက်ပါတယ်။ လာမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ချယ်ဆီးပရိသတ်တွေ ကွင်းထဲ ပြန်ဝင်ပြီး အားပေးနိုင်မယ် မျှော်လင့်ရကာ လန်ဒန်သားတို့ ဂုဏ်ယူစရာ ဖြစ်လာမှာပါ။

ဆိုင်းဘုတ်သစ်မှာ ” ၂၀၂၁ ဥရောပ ချန်ပီယံလိဂ် ချန်ပီယံတို့ရဲ့ အိမ်ကွင်း – Home of the Champions – European Champions League winners 2021″ လို့ အဓိပ္ပါယ် ပါပါ ရေးသား ဖော်ပြထားပါတယ်။

အီတလီ လက်ရွေးစင် နည်းပြ မန်ချီနီ ဟာ ချယ်ဆီးမှာ ကစားခွင့် သိပ်မရတဲ့ အီမာဆန် ကို သူ့အသင်း အတွက် ရွေးချယ်ထားပေမယ့် ဘယ်စွန်ခံစစ်သမားကို စတန်းဖို့ဘရစ်ချ်ကနေ ထွက်ခွာစေလိုနေပါတယ်။

တီမိုဗာနာ ဟာ သူ ကြုံတွေ့ရတဲ့ အခြေအနေ၊ အနေအထားတွေအရ ဆို ချယ်ဆီးမှာ ပထမ ဘောလုံးရာသီက မဆိုးဘူးလို့ ဆိုနိုင်ကြောင်း၊ လိဂ် အသစ် ကလပ်အသင်း အသစ်မှာ ဗာနာက အကောင်းဆုံး ကြိုးစားပြခဲ့တာ ဖြစ်ကြောင်း ဗာနာရဲ့ ဂျာမနီ လက်ရွေးစင် အသင်းဖော် ဘိုင်ယန်ကြယ်ပွင့် ဘိုတန်က ကာကွယ် ပြောဆိုခဲ့ပါတယ်။

အေစီမီလန် ကင်းထောက်ဟောင်း တစ်ဦး ဖြစ်တဲ့ ဒန်နီလို က သူ ကစားသမားကောင်းတွေ ရှာဖွေစဉ်မှာ ဗီလာမှ ဂရေးလစ်ချ်နဲ့ ဗစ်တိစ် အသင်းမှာ မေဆန်မောင့်တို့ကို အလိုရှိခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အေစီမီလန်ကတော့ ကစားသမား နှစ်ယောက်လုံးကို ခေါ်ဖို့ လျစ်လျူရှှု ဖြစ်ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ဒီနွေမှာ ခေါ်ဖို့ အမှန်တကယ် ကြိုးစားနေသလို ဟာလန်း ဘက်ကလည်း တူချယ် ဦးဆောင်တဲ့ ဥရောပ ချန်ပီယံ ချယ်ဆီးအသင်းရဲ့ အလားအလာကောင်းတွေကြောင့် အသင်း ပြောင်းလာလိုနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဥေရာပ ခ်န္ပီယံလိဂ္ ဗိုလ္စြဲထားတဲ့ အထိမ္းအမွတ္ အေနနဲ႕ စတန္းဖို႔ဘရစ္ခ်္ အ၀င္မွာ ဆိုင္းဘုတ္သစ္ စာတန္းသစ္ တင္ျပီး ေအာင္ပြဲခံလိုက္ပါတယ္။ လာမယ့္ ၂၀၂၁-၂၂ ေဘာလံုးရာသီမွာ ခ်ယ္ဆီးပရိသတ္ေတြ ကြင္းထဲ ျပန္၀င္ျပီး အားေပးနုိင္မယ္ ေမွ်ာ္လင့္ရကာ လန္ဒန္သားတို႔ ဂုဏ္ယူစရာ ျဖစ္လာမွာပါ။

ဆိုင္းဘုတ္သစ္မွာ ” ၂၀၂၁ ဥေရာပ ခ်န္ပီယံလိဂ္ ခ်န္ပီယံတို႔ရဲ႕ အိမ္ကြင္း – Home of the Champions – European Champions League winners 2021″ လို႔ အဓိပၸါယ္ ပါပါ ေရးသား ေဖာ္ျပထားပါတယ္။

အီတလီ လက္ေရြးစင္ နည္းျပ မန္ခ်ီနီ ဟာ ခ်ယ္ဆီးမွာ ကစားခြင့္ သိပ္မရတဲ့ အီမာဆန္ ကို သူ႔အသင္း အတြက္ ေရြးခ်ယ္ထားေပမယ့္ ဘယ္စြန္ခံစစ္သမားကို စတန္းဖို႔ဘရစ္ခ်္ကေန ထြက္ခြာေစလိုေနပါတယ္။

တီမိုဗာနာ ဟာ သူ ၾကံဳေတြ႔ရတဲ့ အေျခအေန၊ အေနအထားေတြအရ ဆို ခ်ယ္ဆီးမွာ ပထမ ေဘာလံုးရာသီက မဆိုးဘူးလို႔ ဆိုနုိင္ေၾကာင္း၊ လိဂ္ အသစ္ ကလပ္အသင္း အသစ္မွာ ဗာနာက အေကာငး္ဆံုး ၾကိဳးစားျပခဲ့တာ ျဖစ္ေၾကာင္း ဗာနာရဲ႕ ဂ်ာမနီ လက္ေရြးစင္ အသင္းေဖာ္ ဘိုင္ယန္ၾကယ္ပြင့္ ဘိုတန္က ကာကြယ္ ေျပာဆိုခဲ့ပါတယ္။

ေအစီမီလန္ ကင္းေထာက္ေဟာင္း တစ္ဦး ျဖစ္တဲ့ ဒန္နီလို က သူ ကစားသမားေကာငး္ေတြ ရွာေဖြစဥ္မွာ ဗီလာမွ ဂေရးလစ္ခ်္နဲ႕ ဗစ္တိစ္ အသင္းမွာ ေမဆန္ေမာင့္တို႔ကို အလိုရွိခဲ့တာ ျဖစ္ေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။ ေအစီမီလန္ကေတာ့ ကစားသမား နွစ္ေယာက္လံုးကို ေခၚဖို႔ လ်စ္လ်ဴရွႈ ျဖစ္ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေဒါ့မြန္ၾကယ္ပြင့္ ဟာလန္းကို ဒီေႏြမွာ ေခၚဖို႔ အမွန္တကယ္ ၾကိဳးစားေနသလို ဟာလန္း ဘက္ကလည္း တူခ်ယ္ ဦးေဆာင္တဲ့ ဥေရာပ ခ်န္ပီယံ ခ်ယ္ဆီးအသင္းရဲ႕ အလားအလာေကာင္းေတြေၾကာင့္ အသင္း ေျပာင္းလာလိုေနပါတယ္။