ယူရို ၂၀၂၀ ပြိုင်ပွဲ မတိုင်ခင် ပေါ်တူဂီ အသင်းရဲ့ နောက်ဆုံး ခြေစမ်းပွဲကို အစ္စရေးနဲ့ ကစားခဲ့ရာ ပေါ်တူဂီ အသင်းက ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ထိုပွဲမှာ ယူနိုက်တက် ကွင်းလယ်သမား ဘရူနို ဖာနန်ဒက်စ်က ၂ ဂိုး သွင်းခဲ့ပါတယ်။
ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာက ဒီနွေမှာ အသင်းပြောင်းဖွယ် ရှိကြောင်း သတင်း ထွက်နေပေမယ့် စပိန်သားက အသင်းမှာ ဆက်နေဖို့ မျှော်လင့်ရကြောင်း အင်္ဂလန် သတင်းတွေမှာ ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဒီဂီယာဟာ ပွဲထွက် ဂိုးသမား နေရာကို ဒင်းဟန်ဒါဆန်နဲ့ မျှ တာဝန်ယူခဲ့ရပါတယ်။

ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်ဟာ အင်္ဂလန်အသင်းရဲ့ ယူရို ပြိုင်ပွဲ ဝင်မယ့် လူစာရင်းကနေ ချန်လှပ် ခံခဲ့ရတဲ့နောက် ဝက်စ်ဟမ်း အသင်းကတော့ လင်ဂတ်ကို ခေါ်ယူဖို့ ပို အလားအလာကောင်း နေပြီး ကြိုးစားမှု အရှိန်မြှင့်နေပါတယ်။
ဒေါ့မွန် အသင်းကတော့ ယူနိုက်တက် အဓိက ပစ်မှတ်ထားနေတဲ့ ဆန်ချို အတွက် အပြောင်းအရွှေ့ကို ဇူလိုင်လကုန် နောက်ဆုံးထား ခေါ်ယူဖို့ Deadline သတ်မှတ်ပေးလိုက်ပါတယ်။
ယူနိုက်တက် အပါအဝင် စူပါလိဂ် ပြိုင်ပွဲ စတင်ဖို့ ကြိုးစားခဲ့တဲ့ အသင်းတွေဟာ အသီးသီး ဒဏ်ကြေး ပေးဆောင်ရတော့မှာ ဖြစ်ပြီး နောက်တစ်ကြိမ် ဒီလို အဖြစ်မျိုး ထပ်ဖြစ်ခဲ့ပါက တစ်သင်းလျှင် ပေါင် သန်း ၂၀ ထိ ဒဏ်ကြေး ပေးရမယ့် အပြင် လိဂ်မှာ ရမှတ် ၃၀ အမှတ်လျှော့ အပြစ်ပေးခံရမယ်လို့ သတိပေး ခံလိုက်ရပါတယ်။
ယူနိုက်တက်ဟာ ဝမ် ဘစ်ဆာကာနဲ့ ပြိုင်ဆိုင်စေဖို့ အတွက် အက်သလက်တီကို မက်ဒရစ် ခံစစ်မှူး ထရစ်ပီယာ ကို ခေါ်ယူလိုနေပြီး အင်္ဂလန်သားအတွက် ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းဖို့ ချဉ်းကပ်နေပါတယ်။

Zawgyi – ယူရို ၂၀၂၀ ျပိဳင္ပြဲ မတိုင္ခင္ ေပၚတူဂီ အသင္းရဲ႕ ေနာက္ဆံုး ေျခစမ္းပြဲကို အစၥေရးနဲ႕ ကစားခဲ့ရာ ေပၚတူဂီ အသင္းက ၄-၀ နဲ႕ အနုိင္ရရွိခဲ့ျပီး ထိုပြဲမွာ ယူနိုက္တက္ ကြင္းလယ္သမား ဘရူနို ဖာနန္ဒက္စ္က ၂ ဂိုး သြင္းခဲ့ပါတယ္။
ယူနိုက္တက္ ဂိုးသမား ေဒးဗစ္ ဒီဂီယာက ဒီေႏြမွာ အသင္းေျပာင္းဖြယ္ ရွိေၾကာင္း သတင္း ထြက္ေနေပမယ့္ စပိန္သားက အသင္းမွာ ဆက္ေနဖို႔ ေမွ်ာ္လင့္ရေၾကာင္း အဂၤလန္ သတင္းေတြမွာ ေဖာ္ျပလာပါတယ္။ ျပီးခဲ့တဲ့ ရာသီက ဒီဂီယာဟာ ပြဲထြက္ ဂိုးသမား ေနရာကို ဒင္းဟန္ဒါဆန္နဲ႕ မွ် တာ၀န္ယူခဲ့ရပါတယ္။
ယူနိုက္တက္ တိုက္စစ္သမား လင္ဂတ္ဟာ အဂၤလန္အသငး္ရဲ႕ ယူရို ျပိဳင္ပြဲ ၀င္မယ့္ လူစာရင္းကေန ခ်န္လွပ္ ခံခဲ့ရတဲ့ေနာက္ ၀က္စ္ဟမ္း အသင္းကေတာ့ လင္ဂတ္ကို ေခၚယူဖို႕ ပို အလားအလာေကာငး္ ေနျပီး ၾကိဳးစားမႈ အရွိန္ျမွင့္ေနပါတယ္။
ေဒါ့မြန္ အသင္းကေတာ့ ယူနိုက္တက္ အဓိက ပစ္မွတ္ထားေနတဲ့ ဆန္ခ်ိဳ အတြက္ အေျပာင္းအေရႊ႕ကို ဇူလိုင္လကုန္ ေနာက္ဆံုးထား ေခၚယူဖို႔ Deadline သတ္မွတ္ေပးလိုက္ပါတယ္။
ယူနိုက္တက္ အပါအ၀င္ စူပါလိဂ္ ျပိဳင္ပြဲ စတင္ဖို႔ ၾကိဳးစားခဲ့တဲ့ အသင္းေတြဟာ အသီးသီး ဒဏ္ေၾကး ေပးေဆာင္ရေတာ့မွာ ျဖစ္ျပီး ေနာက္တစ္ၾကိမ္ ဒီလို အျဖစ္မ်ိဳး ထပ္ျဖစ္ခဲ့ပါက တစ္သင္းလွ်င္ ေပါင္ သန္း ၂၀ ထိ ဒဏ္ေၾကး ေပးရမယ့္ အျပင္ လိဂ္မွာ ရမွတ္ ၃၀ အမွတ္ေလွ်ာ့ အျပစ္ေပးခံရမယ္လို႔ သတိေပး ခံလိုက္ရပါတယ္။
ယူနိုက္တက္ဟာ ၀မ္ ဘစ္ဆာကာနဲ႕ ျပိဳင္ဆိုင္ေစဖို႔ အတြက္ အက္သလက္တီကို မက္ဒရစ္ ခံစစ္မွဴး ထရစ္ပီယာ ကို ေခၚယူလိုေနျပီး အဂၤလန္သားအတြက္ ေပါင္ ၁၀ သန္းနဲ႕ ကမ္းလွမ္းဖို႔ ခ်ဥ္းကပ္ေနပါတယ္။
