Rumours: ယူနိုက်တက်ရဲ့ ဒီနွေ ဆန်ချိုအတွက် ပွဲဦးထွက် ကမ်းလှမ်းမှု ဒေါ့မွန် ပယ်ချထား

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေ သူတို့ရဲ့ ဦးစားပေး ပစ်မှတ် အဖြစ် ပြန် ကြိုးစားနေတဲ့ ဆန်ချို အတွက် ပွဲဦးထွက် ကမ်းလှမ်းမှု စတင် ပြုလုပ်ထားပြီး ဒေါ့မွန်ကလည်း ပယ်ချလိုက်ပြီ ဖြစ်ကြောင်း ဂျာမန်သတင်းတွေက ဖော်ပြလာပါတယ်။

ဆန်ချိုက ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ စာရင်းမှာ ထိပ်ဆုံးကနေ နေရာယူထားတဲ့ ၁၈ လ ကြာ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ဒီနွေမှာတော့ ဆန်ချို အတွက် ပြောင်းရွှေ့ကြေး ရအောင် ညှိနှိုင်း ခေါ်ယူနိုင်မယ် မျှော်လင့်ထားပါတယ်။

ကစားသမားဘက်ကလည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေကို ကြိုဆိုနေပြီး အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သားဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့လိုနေပါတယ်။ ပြီးခဲ့တဲ့နှစ် နွေတုန်းကလည်း ဆန်ချိုရဲ့ တန်ကြေးကို ပေါင် ၁၀၈ သန်း သတ်မှတ်ထားတာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာပါ။

ဂျာမန်သတင်းစာ BILD အဆိုအရ ယူနိုက်တက်ဟာ ဒီနွေ ပွဲဦးထွက် ကမ်းလှမ်းမှု အဖြစ် ဆန်ချို အတွက် ပေါင် သန်း ၆၀ နဲ့ စတင် ပြုလုပ်ထားကြောင်း သိရပြီး ဒေါ့မွန် မျှော်လင့်ထားတာထက် များစွာ လျော့နည်းနေတာကြောင့် ဂျာမန် ကလပ်က ချက်ချင်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒေါ့မွန်က ဆန်ချိုရဲ့တန်ကြေးကို ပြီးခဲ့တဲ့ နှစ်ကထက် ပိုပြီး လျှော့ချထားပေမယ့် ယူရို သန်း ၉၀ (ပေါင် ၇၈ သန်း) ထက် နည်းတဲ့ ကမ်းလှမ်းမှုကိုတော့ လက်ခံမှာ မဟုတ်ကြောင်း သိရပါတယ်။

မန်ယူနိုက်တက်ကတော့ ပထမအကြိမ် ကမ်းလှမ်းမှု မအောင်မြင်ပေမယ့် လာမယ့် သီတင်းပတ်တွေ အတွင်း ပမာဏ ထပ်မံ တိုးမြှင့်ပြီး ကမ်းလှမ်းဖွယ် ရှိပါတယ်။ ဆန်ချိုနဲ့ ဒေါ့မွန် စာချုပ် သက်တမ်းက နောက်ထပ် ၂နှစ် လောက် ကျန်ရှိနေသေးပေမယ့် အားကစား ဒါရိုက်တာ မိုက်ကယ်ဇော့က ဒီနွေမှာ အင်္ဂလန်သားကို ထွက်ခွာခွင့် ပြုဖွယ် ရှိကြောင်း အရိပ်အမြွက်လည်း ပြောဆိုထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီေႏြ သူတို႔ရဲ႕ ဦးစားေပး ပစ္မွတ္ အျဖစ္ ျပန္ ၾကိဳးစားေနတဲ့ ဆန္ခ်ိဳ အတြက္ ပြဲဦးထြက္ ကမ္းလွမ္းမႈ စတင္ ျပဳလုပ္ထားျပီး ေဒါ့မြန္ကလည္း ပယ္ခ်လိုက္ျပီ ျဖစ္ေၾကာင္း ဂ်ာမန္သတင္းေတြက ေဖာ္ျပလာပါတယ္။

ဆန္ခ်ိဳက ယူနိုက္တက္ရဲ႕ အေျပာင္းအေရႊ႕ စာရင္းမွာ ထိပ္ဆံုးကေန ေနရာယူထားတဲ့ ၁၈ လ ၾကာ ရွိခဲ့ျပီး ျဖစ္ပါတယ္။ ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ဒီေႏြမွာေတာ့ ဆန္ခ်ိဳ အတြက္ ေျပာင္းေရႊ႕ေၾကး ရေအာင္ ညွိနိႈင္း ေခၚယူနုိင္မယ္ ေမွ်ာ္လင့္ထားပါတယ္။

ကစားသမားဘက္ကလည္း ယူနိုက္တက္ရဲ႕ ကမ္းလွမ္းမႈေတြကို ၾကိဳဆိုေနျပီး အသက္ ၂၁ နွစ္ အရြယ္ အဂၤလန္သားဟာ ယူနိုက္တက္သို႔ ေျပာင္းေရႊ႕လိုေနပါတယ္။ ျပီးခဲ့တဲ့နွစ္ ေႏြတုန္းကလည္း ဆန္ခ်ိဳရဲ႕ တန္ေၾကးကို ေပါင္ ၁၀၈ သန္း သတ္မွတ္ထားတာေၾကာင့္ အေျပာင္းအေရႊ႕ မျဖစ္ေျမာက္ခဲ့တာပါ။

ဂ်ာမန္သတင္းစာ BILD အဆိုအရ ယူနိုက္တက္ဟာ ဒီေႏြ ပြဲဦးထြက္ ကမ္းလွမ္းမႈ အျဖစ္ ဆန္ခ်ိဳ အတြက္ ေပါင္ သန္း ၆၀ နဲ႕ စတင္ ျပဳလုပ္ထားေၾကာင္း သိရျပီး ေဒါ့မြန္ ေမွ်ာ္လင့္ထားတာထက္ မ်ားစြာ ေလ်ာ့နည္းေနတာေၾကာင့္ ဂ်ာမန္ ကလပ္က ခ်က္ခ်င္း ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

ေဒါ့မြန္က ဆန္ခ်ိဳရဲ႕တန္ေၾကးကို ျပီးခဲ့တဲ့ နွစ္ကထက္ ပိုျပီး ေလွ်ာ့ခ်ထားေပမယ့္ ယူရို သန္း ၉၀ (ေပါင္ ၇၈ သန္း) ထက္ နည္းတဲ့ ကမ္းလွမ္းမႈကိုေတာ့ လက္ခံမွာ မဟုတ္ေၾကာင္း သိရပါတယ္။

မန္ယူနုိက္တက္ကေတာ့ ပထမအၾကိမ္ ကမ္းလွမ္းမႈ မေအာင္ျမင္ေပမယ့္ လာမယ့္ သီတင္းပတ္ေတြ အတြင္း ပမာဏ ထပ္မံ တိုးျမွင့္ျပီး ကမ္းလွမ္းဖြယ္ ရွိပါတယ္။ ဆန္ခ်ိဳနဲ႕ ေဒါ့မြန္ စာခ်ဳပ္ သက္တမ္းက ေနာက္ထပ္ ၂နွစ္ ေလာက္ က်န္ရွိေနေသးေပမယ့္ အားကစား ဒါရိုက္တာ မိုက္ကယ္ေဇာ့က ဒီေႏြမွာ အဂၤလန္သားကို ထြက္ခြာခြင့္ ျပဳဖြယ္ ရွိေၾကာင္း အရိပ္အျမြက္လည္း ေျပာဆိုထားပါတယ္။