ခ်ယ္ဆီးက ေကာ္တင္ညိဳကို ေခၚဖို႔ မလိုဘူး ယံုၾကည္ေနတဲ့ အသင္းသားေဟာင္း

ခ်ယ္ဆီးအသင္းဟာ ဒီတေလာ သတင္းၾကီးလာေနတဲ့ ဘာစီလိုနာ ကြင္းလယ္ကစားသမား ေကာ္တင္ညိဳကို ေခၚယူဖို႔ မလိုအပ္ဘူး ယူဆေၾကာင္း ခ်ယ္ဆီး ကစားသမားေဟာင္းၾကီး လီေဘာ့ဖ္ က ေျပာဆိုသြားခဲ့ပါတယ္။

ေကာ္တင္ညိဳဟာ လက္ရွိမွာ ဘိုင္ယန္ျမဴးနစ္ အသင္းဆီ အငွားသြားေရာက္ကစားေနရတာျဖစ္ပါတယ္။ ဘာစီလိုနာ အသင္းက ၄င္းကို (၂၀၁၈) ခုႏွစ္တုန္းက လီဗာပူးအသင္းထံမွ ေခၚယူခဲ့တာျဖစ္ၿပီး ႏူးကမ့္မွာ ပုံမွန္ေျခစြမ္းျပသႏိုင္ျခင္းမရွိတာေၾကာင့္ အငွားခ်ခဲ့တာပါ။ ဒီရာသီကုန္မွာ အငွားစာခ်ဳပ္ ျပည့္မွာျဖစ္ၿပီး ဘာစီလိုနာ ဘက္ကလည္း ကစားသမားကို ျပန္လည္ေခၚယူဖို႔ အလိုမရွိပဲ ျဖစ္ေနပါတယ္။

ဘိုင္ယန္ကလည္း ေကာ္တင္ညိဳကို အျပီးသတ္ မ၀ယ္ယူလိုေၾကာင္း တုန္႔ျပန္ျပီး ျဖစ္တာေၾကာင့္ ဘာစီလိုနာက ဘရာဇီးသားကို အၿပီးသတ္ ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

” ခ်ယ္ဆီး အသင္းက ေခၚယူခ်င္တဲ့ပုံရွိသလားေတာ့ ကြၽန္ေတာ္ မသိပါဘူး၊ ေကာ္တင္ညိဳ ဟာ လီဗာပူး အသင္းမွာေတာ့ အေကာင္းဆုံး ကစားႏိုင္ခဲ့တဲ့သူပါ၊ ဒါေပမယ့္ ဘာစီလိုနာ နဲ႔ ဘိုင္ယန္ျမဴးနစ္ မွာေတာ့ ေျခစြမ္းျပသႏိုင္ဖို႔ရာ သူ ႐ုန္းကန္ေနခဲ့ရပါတယ္၊ ခ်ယ္ဆီး အသင္းက သူ႔ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္ ဆိုရင္ ကြၽန္ေတာ့္အေနနဲ႔ ေမးစရာေမးခြန္းေတြအမ်ားႀကီး ရွိလာတယ္။

သူ ဒီအသင္းအတြက္ ဘာေတြ ယူေဆာင္လာေပးႏိုင္မွာလဲ၊ ကြၽန္ေတာ္တို႔ ဆီမွာ အရည္အခ်င္းရွိတဲ့ အလားအလာ ရွိတဲ့ လူငယ္ ကစားသမားေတြ အမ်ားႀကီး ရွိပါတယ္၊ ကိုဗာဆစ္၊ ေဂ်ာ္ဂ်င္ဟို တို႔လို ေကာင္းမြန္တဲ့ ကစားသမားေတြလည္း ကြင္းလယ္မွာရွိပါတယ္၊
ေကာ္တင္ညိဳ ကိုေခၚယူမယ္ဆိုရင္ သူ႔ကို ဘယ္ေနရာမွာထားၿပီး အသုံးျပဳမလဲ ကြၽန္ေတာ္ မသိဘူး။

ကြၽန္ေတာ္သာ အသင္းရဲ႕ဥကၠဌ ဒါမွမဟုတ္ အသင္းရဲ႕ နည္းျပတစ္ဦး ျဖစ္ခဲ့မယ္ဆိုရင္ သူ႔ကို ဒီအသင္းမွာ ကစားဖို႔ေ႐ြးခ်ယ္မွာ မဟုတ္ပါဘူး။” လို႔ လီေဘာ့ဖ္က ေျပာၾကားခဲ့ပါတယ္။

Unicode – ချယ်ဆီးအသင်းဟာ ဒီတလော သတင်းကြီးလာနေတဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ကော်တင်ညိုကို ခေါ်ယူဖို့ မလိုအပ်ဘူး ယူဆကြောင်း ချယ်ဆီး ကစားသမားဟောင်းကြီး လီဘော့ဖ် က ပြောဆိုသွားခဲ့ပါတယ်။

ကော်တင်ညိုဟာ လက်ရှိမှာ ဘိုင်ယန်မြူးနစ် အသင်းဆီ အငှားသွားရောက်ကစားနေရတာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းက ၎င်းကို (၂၀၁၈) ခုနှစ်တုန်းက လီဗာပူးအသင်းထံမှ ခေါ်ယူခဲ့တာဖြစ်ပြီး နူးကမ့်မှာ ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် အငှားချခဲ့တာပါ။ ဒီရာသီကုန်မှာ အငှားစာချုပ် ပြည့်မှာဖြစ်ပြီး ဘာစီလိုနာ ဘက်ကလည်း ကစားသမားကို ပြန်လည်ခေါ်ယူဖို့ အလိုမရှိပဲ ဖြစ်နေပါတယ်။

ဘိုင်ယန်ကလည်း ကော်တင်ညိုကို အပြီးသတ် မဝယ်ယူလိုကြောင်း တုန့်ပြန်ပြီး ဖြစ်တာကြောင့် ဘာစီလိုနာက ဘရာဇီးသားကို အပြီးသတ် ရောင်းချသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

” ချယ်ဆီး အသင်းက ခေါ်ယူချင်တဲ့ပုံရှိသလားတော့ ကျွန်တော် မသိပါဘူး၊ ကော်တင်ညို ဟာ လီဗာပူး အသင်းမှာတော့ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့သူပါ၊ ဒါပေမယ့် ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ် မှာတော့ ခြေစွမ်းပြသနိုင်ဖို့ရာ သူ ရုန်းကန်နေခဲ့ရပါတယ်၊ ချယ်ဆီး အသင်းက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ် ဆိုရင် ကျွန်တော့်အနေနဲ့ မေးစရာမေးခွန်းတွေအများကြီး ရှိလာတယ်။

သူ ဒီအသင်းအတွက် ဘာတွေ ယူဆောင်လာပေးနိုင်မှာလဲ၊ ကျွန်တော်တို့ ဆီမှာ အရည်အချင်းရှိတဲ့ အလားအလာ ရှိတဲ့ လူငယ် ကစားသမားတွေ အများကြီး ရှိပါတယ်၊ ကိုဗာဆစ်၊ ဂျော်ဂျင်ဟို တို့လို ကောင်းမွန်တဲ့ ကစားသမားတွေလည်း ကွင်းလယ်မှာရှိပါတယ်၊
ကော်တင်ညို ကိုခေါ်ယူမယ်ဆိုရင် သူ့ကို ဘယ်နေရာမှာထားပြီး အသုံးပြုမလဲ ကျွန်တော် မသိဘူး။

ကျွန်တော်သာ အသင်းရဲ့ဥက္ကဌ ဒါမှမဟုတ် အသင်းရဲ့ နည်းပြတစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် သူ့ကို ဒီအသင်းမှာ ကစားဖို့ရွေးချယ်မှာ မဟုတ်ပါဘူး။” လို့ လီဘော့ဖ်က ပြောကြားခဲ့ပါတယ်။