အေစီမီလန်အသင်းဟာ ချယ်ဆီး ကစားသမား ဖီကာယို တိုမိုရီ ကို အပြီးသတ် ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၈.၅ သန်း ပေးဖို့ ရှိကြောင်း အားကစားသတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။
တိုမိုရီ အပြင် အေစီမီလန်က ချယ်ဆီး တိုက်စစ်မှူး ဂျီရူး ကိုလည်း အလိုရှိနေပြီး ဒီနွေမှာ ခေါ်ယူနိုင်မလား ဆိုတာ ဂျီရူး အေးဂျင့်တွေနဲ့ ဆက်သွယ် မေးမြန်းနေပါတယ်။

ဆာရီကို မန်နေဂျာ သစ် အဖြစ် ခန့်အပ်လိုက်တဲ့ လာဇီယို အသင်းက ချယ်ဆီး ကစားသမား ရူဘန် လော့ဖ်တပ်ချိခ် ကို အငှားနဲ့ ခေါ်ယူလိုနေပါတယ်။
ချယ်ဆီးအသင်းဟာ အင်တာမီလန် ကစားသမား ဟာကိမိ ကို ခေါ်ဖို့ အေးဂျင့်နဲ့ တောက်လျောက် ဆက်သွယ်နေပြီး အပြောင်းအရွှေ့ အတွက် ကြိုးစားနေပါတယ်။ ဒါပေမယ့် ချယ်ဆီးနဲ့ အပြိုင် ပီအက်စ်ဂျီကလည်း တွန်းအားပေးနေဆဲ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ဝုဗ်နည်းပြဟောင်း နမ်နို ဆန်းတို့စ် ကို ချိတ်ဆက်တာ မအောင်မြင်တဲ့နောက် ချယ်ဆီး နည်းပြဟောင်း လမ်းပတ်ကို အသင်းမန်နေဂျာ အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။ လမ်းပတ်ကလည်း ချယ်ဆီးက ထွက်ခွာပြီးနောက် အသင်းသစ် ရှာဖွေနေဆဲပါ။
ဒေါ့မွန် တိုက်စစ်ကြယ်ပွင့် ဟာလန်း အတွက် ချယ်ဆီးက ချိတ်ဆက်နေပေမယ့် ဒေါ့မွန်က ဆန်ချို ကို ယူနိုက်တက်ထံ ရောင်းချဖြစ်ရင် ဟာလန်းကို မရောင်းဘူး ဆိုထားတာကြောင့် ချယ်ဆီးက ၎င်းတို့ အခြေအနေကိုပါ စောင့်ကြည့်နေ ရပါတယ်။

Zawgyi – ေအစီမီလန္အသင္းဟာ ခ်ယ္ဆီး ကစားသမား ဖီကာယို တိုမိုရီ ကို အျပီးသတ္ ေခၚယူဖို႔ အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို ၂၈.၅ သန္း ေပးဖို႔ ရွိေၾကာင္း အားကစားသတင္းေထာက္ ဖာဘရီဇီယို ရိုမန္နိုက ေဖာ္ထုတ္ထားပါတယ္။
တိုမိုရီ အျပင္ ေအစီမီလန္က ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူး ကိုလည္း အလိုရွိေနျပီး ဒီေႏြမွာ ေခၚယူနိုင္မလား ဆိုတာ ဂ်ီရူး ေအးဂ်င့္ေတြနဲ႕ ဆက္သြယ္ ေမးျမန္းေနပါတယ္။
ဆာရီကို မန္ေနဂ်ာ သစ္ အျဖစ္ ခန္႔အပ္လိုက္တဲ့ လာဇီယို အသင္းက ခ်ယ္ဆီး ကစားသမား ရူဘန္ ေလာ့ဖ္တပ္ခ်ိခ္ ကို အငွားနဲ႕ ေခၚယူလိုေနပါတယ္။
ခ်ယ္ဆီးအသင္းဟာ အင္တာမီလန္ ကစားသမား ဟာကိမိ ကို ေခၚဖို႔ ေအးဂ်င့္နဲ႕ ေတာက္ေလ်ာက္ ဆက္သြယ္ေနျပီး အေျပာင္းအေရႊ႕ အတြက္ ၾကိဳးစားေနပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီးနဲ႕ အျပိဳင္ ပီအက္စ္ဂ်ီကလည္း တြန္းအားေပးေနဆဲ ျဖစ္ပါတယ္။
ခရစၥတယ္ပဲေလ့စ္ဟာ ၀ုဗ္နည္းျပေဟာင္း နမ္နို ဆန္းတို႔စ္ ကို ခ်ိတ္ဆက္တာ မေအာင္ျမင္တဲ့ေနာက္ ခ်ယ္ဆီး နည္းျပေဟာင္း လမ္းပတ္ကို အသင္းမန္ေနဂ်ာ အျဖစ္ ခန္႔အပ္ဖို႔ ၾကိဳးစားေနပါတယ္။ လမ္းပတ္ကလည္း ခ်ယ္ဆီးက ထြက္ခြာျပီးေနာက္ အသင္းသစ္ ရွာေဖြေနဆဲပါ။
ေဒါ့မြန္ တိုက္စစ္ၾကယ္ပြင့္ ဟာလန္း အတြက္ ခ်ယ္ဆီးက ခ်ိတ္ဆက္ေနေပမယ့္ ေဒါ့မြန္က ဆန္ခ်ိဳ ကို ယူနိုက္တက္ထံ ေရာင္းခ်ျဖစ္ရင္ ဟာလန္းကို မေရာင္းဘူး ဆိုထားတာေၾကာင့္ ခ်ယ္ဆီးက ၄င္းတို႔ အေျခအေနကိုပါ ေစာင့္ၾကည့္ေန ရပါတယ္။
