ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲက ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်တဲ့ ကစားသမား နှစ်ဦး

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားဟာ အသင်း ချိတ်ဆက်နေတဲ့ ကစားသမားတွေထဲက နှစ်ဦးကိုတော့ သူ့ရဲ့ ဦးစားပေး ပစ်မှတ်စာရင်းကနေ ဖယ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ထုတ်သွားပါတယ်။ ထိုနှစ်ဦးကတော့ ဒီကလန် ရိုက်စ်နဲ့ ရာအူးလ် ဂျီးမီနက်ဇ်တို့ ဖြစ်ပါတယ်။

နော်ဝေသား နည်းပြကြီးဟာ ယူနိုက်တက် အမြဲတမ်းမန်နေဂျာ ဖြစ်လာပြီးတည်းက အသင်း အပြောင်းအရွှေ့ ပေါ်လစီကို ပြောင်းလဲ ပစ်ခဲ့ပြီး နည်းပြ အဖွဲ့ဝင်တွေနဲ့ အတူ ပစ်မှတ် ကစားသမား ရွေးချယ်ရာမှာ အဆင့်ဆင့်နဲ့ သေချာစိစစ် ခဲ့ပါတယ်။

ဝက်စ်ဟမ်း ခံစစ်မှူး ဒီကလန်ရိုက်စ်က မော်ရင်ညို ရှိစဉ်တည်းက ယူနိုက်တက် ခေါ်ယူဖို့ စောင့်ကြည့်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဆိုးရှား ကလည်း မော်ရင်ညို နည်းတူ ရိုက်စ်ကို သဘောကျခဲ့ပေမယ့် အသင်း ပစ်မှတ် ကစားသမား စာရင်းထဲကနေ ဦးစားပေး မထားတော့ဘဲ ဖယ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း အင်ဒီပန်းဒန့်သတင်းဌာနက ဆိုပါတယ်။

ကွင်းလယ်ခံစစ်ရော ဗဟိုခံစစ်မှာပါ ကစားနိုင်သူ ဖြစ်ပေမယ့် ရိုက်စ်ရဲ့ တန်ကြေး ပေါင် ၇၅ သန်းက များလွန်းတဲ့ အပြင် လင်ဒီလော့ဖ်နဲ့ မက်ဂွဲရားကိုသာ အသင်း ဗဟိုခံစစ်မှာ အဓိက ပွဲထုတ်ဖို့ ဆိုးရှားက ရွေးချယ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဝုဗ်တိုက်စစ်မှူး ဂျီးမီနက်ဇ်ကိုတော့ ဒေါ့မွန်ထံ ဟာလန်းကို လက်လွှတ်ရပြီးနောက် စိတ်ဝင်စားမှု ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီဝက်မှာ တိုးတက်ပြလာတဲ့ မာရှယ်ရဲ့ ခြေစွမ်းနဲ့ ဘရူနို ဖာနန်ဒက်စ် ရောက်ရှိလာတက ယူနိုက်တက် တိုက်စစ်မှာ သိသာတဲ့ တိုးတက်ရိပ် မြင်ခဲ့ရပါတယ်။

ဖာနန်ဒက်စ် ဟာ အဘက်ဘက်က ပြည့်စုံအောင် စောင့်ကြည့် စိစစ်နေတဲ့ ဆိုးရှားရဲ့ အပြောင်းအရွှေ့ အလုပ်ဖြစ်တယ်ဆိုတာ ပြသခဲ့ပြီး နည်းပြ ကိုယ်တိုင်လည်း ယုံကြည်မှုတွေ တက်ခဲ့ရပါတယ်။

အငှားခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုကို နောက်နှစ် ဇန်နဝါရီထိ ယူနိုက်တက် သက်တမ်းတိုးနိုင်ခဲ့ပြီ ဖြစ်တာကြောင့် တိုက်စစ်မှူး တစ်ဦးလည်း အသည်းအသန် လိုအပ် မနေတော့တာကြောင့် ဂျီးမီနက်ဇ်ကိုလည်း ယူနိက်တက်က မရမဖြစ် မဟုတ်တော့ဘဲ ဦးစားပေး ပစ်မှတ်စာရင်းက ဖယ်ထုတ်ခဲ့ပြီ လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုနဲ့ ဂရေးလစ်ချ်တို့ ကိုတော့ ခေါ်ယူဖို့ အလေးအနက်ထား ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ နည္းျပ ဆိုးရွားဟာ အသင္း ခ်ိတ္ဆက္ေနတဲ့ ကစားသမားေတြထဲက နွစ္ဦးကိုေတာ့ သူ႔ရဲ႕ ဦးစားေပး ပစ္မွတ္စာရင္းကေန ဖယ္ထုတ္လိုက္ျပီ ျဖစ္ေၾကာင္း အဂၤလန္သတင္းဌာနေတြက ေဖာ္ထုတ္သြားပါတယ္။ ထိုနွစ္ဦးကေတာ့ ဒီကလန္ ရိုက္စ္နဲ႕ ရာအူးလ္ ဂ်ီးမီနက္ဇ္တို႔ ျဖစ္ပါတယ္။

ေနာ္ေ၀သား နည္းျပၾကီးဟာ ယူနုိက္တက္ အျမဲတမ္းမန္ေနဂ်ာ ျဖစ္လာျပီးတည္းက အသင္း အေျပာင္းအေရႊ႕ ေပၚလစီကို ေျပာင္းလဲ ပစ္ခဲ့ျပီး နည္းျပ အဖြဲ႕၀င္ေတြနဲ႕ အတူ ပစ္မွတ္ ကစားသမား ေရြးခ်ယ္ရာမွာ အဆင့္ဆင့္နဲ႕ ေသခ်ာစိစစ္ ခဲ့ပါတယ္။

၀က္စ္ဟမ္း ခံစစ္မွဴး ဒီကလန္ရိုက္စ္က ေမာ္ရင္ညိဳ ရွိစဥ္တည္းက ယူနိုက္တက္ ေခၚယူဖို႔ ေစာင့္ၾကည့္ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။ ဆိုးရွား ကလည္း ေမာ္ရင္ညိဳ နည္းတူ ရိုက္စ္ကို သေဘာက်ခဲ့ေပမယ့္ အသင္း ပစ္မွတ္ ကစားသမား စာရင္းထဲကေန ဦးစားေပး မထားေတာ့ဘဲ ဖယ္ထုတ္လုိက္ျပီ ျဖစ္ေၾကာင္း အင္ဒီပန္းဒန္႔သတင္းဌာနက ဆိုပါတယ္။

ကြင္းလယ္ခံစစ္ေရာ ဗဟိုခံစစ္မွာပါ ကစားနိုင္သူ ျဖစ္ေပမယ့္ ရိုက္စ္ရဲ႕ တန္ေၾကး ေပါင္ ၇၅ သန္းက မ်ားလြန္းတဲ့ အျပင္ လင္ဒီေလာ့ဖ္နဲ႕ မက္ဂြဲရားကိုသာ အသင္း ဗဟိုခံစစ္မွာ အဓိက ပြဲထုတ္ဖို႔ ဆိုးရွားက ေရြးခ်ယ္ခဲ့ပါတယ္။

ယူနိုက္တက္ဟာ ၀ုဗ္တိုက္စစ္မွဴး ဂ်ီးမီနက္ဇ္ကိုေတာ့ ေဒါ့မြန္ထံ ဟာလန္းကို လက္လႊတ္ရျပီးေနာက္ စိတ္၀င္စားမႈ ျပသခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီရာသီ၀က္မွာ တိုးတက္ျပလာတဲ့ မာရွယ္ရဲ႕ ေျခစြမ္းနဲ႕ ဘရူနို ဖာနန္ဒက္စ္ ေရာက္ရွိလာတက ယူနိုက္တက္ တိုက္စစ္မွာ သိသာတဲ့ တိုးတက္ရိပ္ ျမင္ခဲ့ရပါတယ္။

ဖာနန္ဒက္စ္ ဟာ အဘက္ဘက္က ျပည့္စံုေအာင္ ေစာင့္ၾကည့္ စိစစ္ေနတဲ့ ဆိုးရွားရဲ႔ အေျပာင္းအေရႊ႕ အလုုပ္ျဖစ္တယ္ဆိုတာ ျပသခဲ့ျပီး နည္းျပ ကိုယ္တိုင္လည္း ယံုၾကည္မႈေတြ တက္ခဲ့ရပါတယ္။

အငွားေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလိုကို ေနာက္နွစ္ ဇန္န၀ါရီထိ ယူနိုက္တက္ သက္တမ္းတိုးနုိင္ခဲ့ျပီ ျဖစ္တာေၾကာင့္ တိုက္စစ္မွဴး တစ္ဦးလည္း အသည္းအသန္ လိုအပ္ မေနေတာ့တာေၾကာင့္ ဂ်ီးမီနက္ဇ္ကိုလည္း ယူနိက္တက္က မရမျဖစ္ မဟုတ္ေတာ့ဘဲ ဦးစားေပး ပစ္မွတ္စာရင္းက ဖယ္ထုတ္ခဲ့ျပီ လို႔ သိရပါတယ္။

ယူနိုက္တက္ဟာ ဆန္ခ်ိဳနဲ႕ ဂေရးလစ္ခ်္တို႔ ကိုေတာ့ ေခၚယူဖို႔ အေလးအနက္ထား ဆက္လက္ ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။