ယနေ့ ညနေခင်း နောက်ဆုံးရ ဥရောပရဲ့ အပြောင်းအရွှေ့ သတင်းတိုများ စုစည်းမှု (11/06/21)

ဗီလာရီးရဲလ် အသင်းဟာ စပါးကနေ အငှား ခေါ်ထားတဲ့ ခံစစ်မှူး ဂျူအန် ဖို့သ် ကို အပြီးသတ် ခေါ်ယူဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေက အငှား လာကစားခဲ့တဲ့ ဖို့သ်ဟာ ဗီလာရီးရဲလ် အတွက် ယူရိုပါလိဂ် ဗိုလ်လုပွဲ အပါအဝင် ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားပေးထားပါတယ်။

အင်တာမီလန် ခံစစ်မှူး ဟာကိမိ အတွက် ချယ်ဆီးရော ပီအက်စ်ဂျီ အသင်းကပါ ပြောင်းရွှေ့ကြေးထဲ တစိတ်တဒေသ အဖြစ် ကစားသမား ထည့်သွင်း ကမ်းလှမ်းလိုပြီး အင်တာဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ သာ လိုချင် နေတာကြောင့် အခက်တွေ့နေပါတယ်။

ဒီနွေမှာ ရီးရဲလ်နဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်တဲ့ အသက် ၃၅ နှစ် အရွယ် ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ဆာဂျီယို ရာမို့စ် အား ဆီဗီလာ အသင်းက ငါးနှစ် စာချုပ်နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

အေစီမီလန် ဂိုးသမား ဒွမ်နာရာမာ ကို ပီအက်စ်ဂျီ အသင်းက တစ်နှစ် လုပ်ခ ယူရို ၁၂ သန်း ပေးဖို့ အေးဂျင့် ရွိုင်းအိုလာ တောင်းဆိုတဲ့ အတိုင်း သဘောတူခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် အီတလီသားကို ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရရှိမှာပါ။

ဘိုင်ယန်ကနေ ဒီနွေမှာ ထွက်ခွာလာဖို့ ပြင်ဆင်နေတဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးကို ရီးရဲလ်မက်ဒရစ် က အဓိက ပစ်မှတ် ဟာလန်းကို မရရင် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

လိုင်ယွန် တိုက်စစ်သမား မန်းဖစ် ဒီပေးကို ဒီနွေမှာ ခေါ်ယူနိုင်မယ်လို့ ဘာစီလိုနာက ယုံကြည်ချက် ရှိနေပေမယ့် နယ်သာလန် လက်ရွေးစင် ကစားသမားကို ဂျူဗင်တပ်နဲ့ အင်တာတို့ကလည်း ချိတ်ဆက် ကမ်းလှမ်းနေပါတယ်။

Zawgyi – ဗီလာရီးရဲလ္ အသင္းဟာ စပါးကေန အငွား ေခၚထားတဲ့ ခံစစ္မွဴး ဂ်ဴအန္ ဖို႔သ္ ကို အျပီးသတ္ ေခၚယူဖို႔ စဥ္းစားေနျပီ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ေႏြက အငွား လာကစားခဲ့တဲ့ ဖို႔သ္ဟာ ဗီလာရီးရဲလ္ အတြက္ ယူရိုပါလိဂ္ ဗိုလ္လုပြဲ အပါအ၀င္ ျပိဳင္ပြဲစံု ၃၂ ပြဲ ကစားေပးထားပါတယ္။

အင္တာမီလန္ ခံစစ္္မွဴး ဟာကိမိ အတြက္ ခ်ယ္ဆီးေရာ ပီအက္စ္ဂ်ီ အသင္းကပါ ေျပာင္းေရႊ႕ေၾကးထဲ တစိတ္တေဒသ အျဖစ္ ကစားသမား ထည့္သြင္း ကမ္းလွမ္းလိုျပီး အင္တာဘက္က ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၈၀ သာ လိုခ်င္ ေနတာေၾကာင့္ အခက္ေတြ႔ေနပါတယ္။

ဒီေႏြမွာ ရီးရဲလ္နဲ႕ စာခ်ဳပ္ ကုန္ဆံုးျပီ ျဖစ္တဲ့ အသက္ ၃၅ နွစ္ အရြယ္ ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ဆာဂ်ီယို ရာမို႔စ္ အား ဆီဗီလာ အသင္းက ငါးနွစ္ စာခ်ဳပ္နဲ႕ ကမ္းလွမ္းထားေၾကာင္း သိရပါတယ္။

ေအစီမီလန္ ဂိုးသမား ဒြမ္နာရာမာ ကို ပီအက္စ္ဂ်ီ အသင္းက တစ္နွစ္ လုပ္ခ ယူရို ၁၂ သန္း ေပးဖို႔ ေအးဂ်င့္ ရြိဳင္းအိုလာ ေတာင္းဆိုတဲ့ အတိုင္း သေဘာတူခဲ့ျပီ ျဖစ္ေၾကာင္း သိရပါတယ္။ အသက္ ၂၂ နွစ္ အရြယ္ အီတလီသားကို ပီအက္စ္ဂ်ီက ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရရွိမွာပါ။

ဘိုင္ယန္ကေန ဒီေႏြမွာ ထြက္ခြာလာဖို႔ ျပင္ဆင္ေနတဲ့ တိုက္စစ္မွဴး လီ၀န္ေဒါစကီးကို ရီးရဲလ္မက္ဒရစ္ က အဓိက ပစ္မွတ္ ဟာလန္းကို မရရင္ ေခၚယူဖို႔ စဥ္းစားေနပါတယ္။

လိုင္ယြန္ တိုက္စစ္သမား မန္းဖစ္ ဒီေပးကို ဒီေႏြမွာ ေခၚယူနိုင္မယ္လို႔ ဘာစီလိုနာက ယံုၾကည္ခ်က္ ရွိေနေပမယ့္ နယ္သာလန္ လက္ေရြးစင္ ကစားသမားကို ဂ်ဴဗင္တပ္နဲ႕ အင္တာတို႔ကလည္း ခ်ိတ္ဆက္ ကမ္းလွမ္းေနပါတယ္။