အာဆင်နယ်အသင်းဟာ ရီးရဲလ် ဘက်တစ် ကွင်းလယ် ကစားသမား နာဘေ ဖယ်ကီရာ ကို ခေါ်ယူလိုဆဲ ဖြစ်ကာ ဒီတလောမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ကမ်းလှမ်းထားကြောင်း သိရပါတယ်။ စပိန် ကလပ်ဘက်ကတော့ ဖယ်ကီရာ အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့် လိုနေဆဲ ဖြစ်ကာ ကလပ်နှစ်သင်း ဆက် ညှိနှိုင်းနေကြပါတယ်။
တော့တင်ဟမ်စပါး အသင်း ဥက္ကဌ လီဗိုင်းကတော့ ဒီနွေမှာ အသင်းပြောင်းချင်နေတဲ့ တိုက်စစ်မှူး ဟယ်ရီ ကိန်း အား သူ့ အနေနဲ့ ကလပ်အသင်းအတွက် အကောင်းဆုံး ဖြစ်မယ့် လမ်းကိုသာ ရွေးမှာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ စပို့တင်း လစ္စဘွန်းမှ ဘယ်စွန်ခံစစ် လူငယ်လေး နမ်နို မန်ဒက်စ် ကို ခေါ်ယူလိုပေမယ့် အဆောတလျင် လှုပ်ရှားမှာ မဟုတ်ဘဲ ယူရို ၂၀၂၀ ပြိုင်ပွဲ မပြီးခင် ကမ်းလှမ်းမှု ပြုလုပ်ဦးမှာ မဟုတ်ကြောင်း သိရပါတယ်။
ဝက်စ်ဟမ်းအသင်းမှာ အငှားထွက် ကစားခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်တိုက်စစ် လင်ဂတ် ကတော့ ၎င်းကို ဝက်စ်ဟမ်းက အပြီးခေါ်ချင်နေပေမယ့် လာမယ့်ရာသီ ယူနိုက်တက်မှာ ကစားလိုကြောင်း တောင်းဆိုထားတယ်လို့ သိရပါတယ်။
အဲဗာတန် အသင်းဟာ လက်ရှိ ပွဲထွက် ဂိုးသမား ပစ်ဖို့ဒ် အတွက် အရန် အဖြစ် ဘာစီလိုနာ ဂိုးသမား နက်တို ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဘာစီလိုနာက ကစားသမားတွေရဲ့ လုပ်ခ စရိတ်တွေ လျှော့ချချင်တာကြောင့် အသက် ၃၁ နှစ် အရွယ် ဂိုးသမားကို ဒီနွေမှာ ရောင်းချဖွယ် ရှိနေပါတယ်။
အင်တာမီလန် ခံစစ်မှူး ဟာကိမိ အတွက် ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမယ့် ပီအက်စ်ဂျီက လက်မလျှော့သေးသလို ချယ်ဆီးအသင်းကလည်း ကစားသမား အေးဂျင့်တွေနဲ့ တောက်လျောက် အဆက်အသွယ် ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ရီးရဲလ္ ဘက္တစ္ ကြင္းလယ္ ကစားသမား နာေဘ ဖယ္ကီရာ ကို ေခၚယူလိုဆဲ ျဖစ္ကာ ဒီတေလာမွာ အေျပာင္းအေရႊ႕ အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ျပီး ကမ္းလွမ္းထားေၾကာင္း သိရပါတယ္။ စပိန္ ကလပ္ဘက္ကေတာ့ ဖယ္ကီရာ အတြက္ ေျပာင္းေရႊ႕ေၾကး တိုးျမွင့္ လိုေနဆဲ ျဖစ္ကာ ကလပ္နွစ္သင္း ဆက္ ညွိနိႈင္းေနၾကပါတယ္။
ေတာ့တင္ဟမ္စပါး အသင္း ဥကၠဌ လီဗိုင္းကေတာ့ ဒီေႏြမွာ အသင္းေျပာင္းခ်င္ေနတဲ့ တိုက္စစ္မွဴး ဟယ္ရီ ကိန္း အား သူ႔ အေနနဲ႕ ကလပ္အသင္းအတြက္ အေကာင္းဆံုး ျဖစ္မယ့္ လမ္းကိုသာ ေရြးမွာ ျဖစ္ေၾကာင္း သတိေပးလိုက္ပါတယ္။
မန္စီးတီးအသင္းဟာ စပို႔တင္း လစၥဘြန္းမွ ဘယ္စြန္ခံစစ္ လူငယ္ေလး နမ္နို မန္ဒက္စ္ ကို ေခၚယူလိုေပမယ့္ အေဆာတလ်င္ လႈပ္ရွားမွာ မဟုတ္ဘဲ ယူရို ၂၀၂၀ ျပိဳင္ပြဲ မျပီးခင္ ကမ္းလွမ္းမႈ ျပဳလုပ္ဦးမွာ မဟုတ္ေၾကာင္း သိရပါတယ္။
၀က္စ္ဟမ္းအသင္းမွာ အငွားထြက္ ကစားခဲ့တဲ့ ယူနိုက္တက္ ကြင္းလယ္တိုက္စစ္ လင္ဂတ္ ကေတာ့ ၄င္းကို ၀က္စ္ဟမ္းက အျပီးေခၚခ်င္ေနေပမယ့္ လာမယ့္ရာသီ ယူနိုက္တက္မွာ ကစားလိုေၾကာင္း ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။
အဲဗာတန္ အသင္းဟာ လက္ရွိ ပြဲထြက္ ဂိုးသမား ပစ္ဖို႔ဒ္ အတြက္ အရန္ အျဖစ္ ဘာစီလိုနာ ဂိုးသမား နက္တို ကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။ ဘာစီလိုနာက ကစားသမားေတြရဲ႕ လုပ္ခ စရိတ္ေတြ ေလွ်ာ့ခ်ခ်င္တာေၾကာင့္ အသက္ ၃၁ နွစ္ အရြယ္ ဂိုးသမားကို ဒီေႏြမွာ ေရာင္းခ်ဖြယ္ ရွိေနပါတယ္။
အင္တာမီလန္ ခံစစ္မွဴး ဟာကိမိ အတြက္ ယူရို သန္း ၆၀ နဲ႕ ကမ္းလွမ္းမႈ ပယ္ခ်ခံခဲ့ရေပမယ့္ ပီအက္စ္ဂ်ီက လက္မေလွ်ာ့ေသးသလို ခ်ယ္ဆီးအသင္းကလည္း ကစားသမား ေအးဂ်င့္ေတြနဲ႕ ေတာက္ေလ်ာက္ အဆက္အသြယ္ ျပဳလုပ္ေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။
