ယူရိုပြိုင်ပွဲ ကာလအတွင်းမှာ ယူနိုက်တက်ဟာ ဒေါ့မွန်အသင်းနဲ့ စကားပြောမှုကို အရှိန်မြင့်နေပြီး အင်္ဂလန်က ခရိုအေးရှားကို ၁-၀ ဖြင့် အနိုင်ယူအပြီးမှာတော့ ထူးခြားသတင်း ထပ်မံ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
Fabrizio Romano က ” သတင်းပတ်အကုန်မှာ ယူနိုက်တက်က ဆန်ချိုအတွက် ဆက်သွယ်မှုကို လုပ်ခဲ့ပါတယ်။ ဒေါ့မွန်နဲ့ ယူရို ၉၅ သန်း ဈေးနှုန်းအပေါ်မှာ ညိနှိုင်းမှုတွေ လုပ်နေတယ်။ ဆုကြေးပုံစံနဲ့ ငွေပေးချေမှု တစ်ခုလုံးအတွက် လာမယ့် ရက်တွေမှာ ဆက်လက် ညိနှိုင်းကြဖွယ် ရှိပါတယ်။ ယူရို သန်း ၇၀ ဆိုတာ အပြောင်းအရွှေ့ တစ်ခုလုံးကို အပြီးသတ်ဖို့ရာ လုံလောက်မှု မရှိပါဘူး ” လို့ ဒီမနက်မှာပဲ သတင်းသစ် ထုတ်ပြန်ပေးသွားတယ်။
အင်္ဂလန်လက်ရွေးစင်ဟာ မန်နေဂျာဆိုးရှားရဲ့ နံပါတ် တစ် ပစ်မှတ်ဖြစ်ပြီး မနှစ်ကလည်း ကမ်းလှမ်းသေးပေမယ့် နှစ်သင်းကြား ပြောင်းရွှေ့ကြေးပိုင်းမှာ ညိနှိုင်းမရခဲ့ပါဘူး။ ဒီနွေမှာ ယူနိုက်တက်ဟာ ညာတောင်ပံ တိုက်စစ်သမား အင်အားဖြည့်လိုခြင်းကြောင့် ဆန်ချိုကို ပြန်ကြိုးစားလာခဲ့တယ်။
ပရီးမီးယားလိဂ် အပြောင်းအရွှေ့ကို ဇွန်လ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်လို့ ဇွန်လ ပထမအပတ်ထဲထိ မလုပ်ထားနိုင်တဲ့ ဒေါ့မွန်အသင်းနှင့် ထိပ်တိုက် ညိနှိုင်းမှုကို ဇွန်လ ၁၁ ရက်မှာ ပထမအကြိမ် စတင်ခဲ့ခြင်းဖြစ်တယ်။ နှစ်သင်းကြား ညိနှိုင်းမှုဟာ ပေါင် ၁၁ သန်း ကွာဟနေခြင်းဖြစ်ကာ မကြာခင် သဘောတူညီမှု ရဖွယ်ရှိတယ်။
ယူရို အဖွင့်ပွဲစဉ်အဖြစ် ခရိုအေးရှားနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ဆန်ချိုဟာ အရန်စာရင်းမှာတောင် ပါဝင်ခွင့် မရခဲ့ပါဘူး။ မန်နေဂျာဆောက်ဂိတ်ကတော့ ကာဗာပေးရမယ့် နေရာတွေ ရှိနေလို့ ဆန်ချိုကို ချန်လှပ်ခဲ့တာလို့ အကြောင်းပြသွားခဲ့ပါတယ်။

ZAWGYI – ယူရိုျပိဳင္ပြဲ ကာလအတြင္းမွာ ယူႏုိက္တက္ဟာ ေဒါ့မြန္အသင္းနဲ႔ စကားေျပာမႈကို အရွိန္ျမင့္ေနျပီး အဂၤလန္က ခရိုေအးရွားကို ၁-၀ ျဖင့္ အႏုိင္ယူအျပီးမွာေတာ့ ထူးျခားသတင္း ထပ္မံ ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။
Fabrizio Romano က ” သတင္းပတ္အကုန္မွာ ယူႏုိက္တက္က ဆန္ခ်ိဳအတြက္ ဆက္သြယ္မႈကို လုပ္ခဲ့ပါတယ္။ ေဒါ့မြန္နဲ႔ ယူရို ၉၅ သန္း ေစ်းႏႈန္းအေပၚမွာ ညိႏိႈင္းမႈေတြ လုပ္ေနတယ္။ ဆုေၾကးပံုစံနဲ႔ ေငြေပးေခ်မႈ တစ္ခုလံုးအတြက္ လာမယ့္ ရက္ေတြမွာ ဆက္လက္ ညိႏိႈင္းၾကဖြယ္ ရွိပါတယ္။ ယူရို သန္း ၇၀ ဆိုတာ အေျပာင္းအေရႊ႔ တစ္ခုလံုးကို အျပီးသတ္ဖို႔ရာ လံုေလာက္မႈ မရွိပါဘူး ” လို႔ ဒီမနက္မွာပဲ သတင္းသစ္ ထုတ္ျပန္ေပးသြားတယ္။
အဂၤလန္လက္ေရြးစင္ဟာ မန္ေနဂ်ာဆိုးရွားရဲ႕ နံပါတ္ တစ္ ပစ္မွတ္ျဖစ္ျပီး မႏွစ္ကလည္း ကမ္းလွမ္းေသးေပမယ့္ ႏွစ္သင္းၾကား ေျပာင္းေရႊ႔ေၾကးပိုင္းမွာ ညိႏိႈင္းမရခဲ့ပါဘူး။ ဒီေႏြမွာ ယူႏုိက္တက္ဟာ ညာေတာင္ပံ တိုက္စစ္သမား အင္အားျဖည့္လိုျခင္းေၾကာင့္ ဆန္ခ်ိဳကို ျပန္ၾကိဳးစားလာခဲ့တယ္။
ပရီးမီးယားလိဂ္ အေျပာင္းအေရႊ႔ကို ဇြန္လ ၉ ရက္ေန႔မွာ စတင္ဖြင့္လွစ္ခဲ့တာျဖစ္လို႔ ဇြန္လ ပထမအပတ္ထဲထိ မလုပ္ထားႏုိင္တဲ့ ေဒါ့မြန္အသင္းႏွင့္ ထိပ္တိုက္ ညိႏိႈင္းမႈကို ဇြန္လ ၁၁ ရက္မွာ ပထမအၾကိမ္ စတင္ခဲ့ျခင္းျဖစ္တယ္။ ႏွစ္သင္းၾကား ညိႏိႈင္းမႈဟာ ေပါင္ ၁၁ သန္း ကြာဟေနျခင္းျဖစ္ကာ မၾကာခင္ သေဘာတူညီမႈ ရဖြယ္ရွိတယ္။
ယူရို အဖြင့္ပြဲစဥ္အျဖစ္ ခရိုေအးရွားနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ပြဲမွာ ဆန္ခ်ိဳဟာ အရန္စာရင္းမွာေတာင္ ပါဝင္ခြင့္ မရခဲ့ပါဘူး။ မန္ေနဂ်ာေဆာက္ဂိတ္ကေတာ့ ကာဗာေပးရမယ့္ ေနရာေတြ ရွိေနလို႔ ဆန္ခ်ိဳကို ခ်န္လွပ္ခဲ့တာလို႔ အေၾကာင္းျပသြားခဲ့ပါတယ္။
