ချယ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် လွဲဦးမယ့် အဓိက ကစားသမား

၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေကို ဇွန်လထဲမှာ ပြန်လည် စတင် ကစားတော့မှာ ဖြစ်ပါတယ်။ ဇွန် ၁၇ မှာ မန်စီးတီး အာဆင်နယ်နဲ့ ပွဲစဉ်နဲ့ ပြန်စမှာ ဖြစ်ပြီး ချယ်ဆီးရဲ့ ပွဲဦးထွက်ကတော့ အက်စတွန်ဗီလာနဲ့ ပွဲ ဖြစ်ဖွယ် ရှိနေပါတယ်။

တန်းဆင်းဇုန်မှာ ရုန်းနေတဲ့ အက်စတွန်ဗီလာ ကို ရင်ဆိုင်ရမှာက ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်း အတွက် လွယ်ကူတဲ့ ပွဲစဉ်တော့ ဖြစ်မှာ မဟုတ်ပါဘူး။

ပွဲတွေ နားထားတဲ့ ကာလအတွင်း ချယ်ဆီးအသင်းဟာ ဒဏ်ရာရ ကစားသမားတွေ ဖြစ်တဲ့ ပူလီဆစ်၊ လော့ဖ်တပ်ချိစ်၊ ကိုဗာဆစ်နဲ့ ကန်တေ တို့ကို ကြံ့ခိုင်မှု အပြည့် ပြန်ရလိုက်တာ ရှိပြီး ကွင်းလယ်ကစားသမား တစ်ဦးကတော့ ပွဲဦးထွက်မှာ မပါဝင်နိုင်ဘဲ လွဲချော်ရဖို့ ရှိနေပါတယ်။

သူကတော့ ပွဲပယ်မိထားတဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုပဲ ဖြစ်ပါတယ်။ အီတလီ လက်ရွေးစင် ကစားသမားဟာ ပွဲတွေ မရပ်နားခင် ရက်ပိုင်း အလိုက အဝါကတ်တွေ ဆက်တိုက် ထိထားတဲ့ ကစားသမား ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အဝါကတ် ပြသခံထားရတာကြောင့် ဒုတိယအကျော့ကို လွဲချော်ဖို့ကလည်း ရှိနေပါတယ်။ နောက်ပွဲစဉ် ဖြစ်တဲ့ ဘုန်းမောက်နဲ့ ပွဲမှာလည်း ဂျော်ဂျင်ဟိုက ဖိလစ်ဘလင်းကို ဖျက်ထုတ်ရာမှာ ကြမ်းခဲ့တာကြောင့် အဝါကတ် ပြခံခဲ့ရပါတယ်။ ထို တစ်ကြိမ်က ဂျော်ဂျင်ဟိုရဲ့ ဒီရာသီ ၁၀ ကတ်မြောက် အဝါကတ် ဖြစ်တာကြောင့် ၂ ပွဲ ပယ် ပြစ်ဒဏ် ခံရတာ ဖြစ်ါတယ်။

ပထမ ပွဲပယ်ကိုတော့ စတန်းဖို့ဘရစ်ချ်မှာ အဲဗာတန်ကို ဧည့်ခံကစားပြီး ၄-၀ နဲ့ နိုင်တဲ့ ပွဲမှာ ကျခံပြီး ဖြစ်တာကြောင့် တစ်ပွဲပယ်သာ ကျန်ပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာနဲ့ ပွဲဦးထွက် ပြန်ကစားရရင် ဂျော်ဂျင်ဟို ပွဲပယ် ဆက်ခံရဦးမှာ ဖြစ်ပါတယ်။

Zawgyi – ၂၀၁၉-၂၀ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္ လက္က်န္ ပြဲစဥ္ေတြကို ဇြန္လထဲမွာ ျပန္လည္ စတင္ ကစားေတာ့မွာ ျဖစ္ပါတယ္။ ဇြန္ ၁၇ မွာ မန္စီးတီး အာဆင္နယ္နဲ႕ ပြဲစဥ္နဲ႕ ျပန္စမွာ ျဖစ္ျပီး ခ်ယ္ဆီးရဲ႕ ပြဲဦးထြက္ကေတာ့ အက္စတြန္ဗီလာနဲ႕ ပြဲ ျဖစ္ဖြယ္ ရွိေနပါတယ္။

တန္းဆင္းဇုန္မွာ ရုန္းေနတဲ့ အက္စတြန္ဗီလာ ကို ရင္ဆိုင္ရမွာက ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္း အတြက္ လြယ္ကူတဲ့ ပြဲစဥ္ေတာ့ ျဖစ္မွာ မဟုတ္ပါဘူး။

ပြဲေတြ နားထားတဲ့ ကာလအတြင္း ခ်ယ္ဆီးအသင္းဟာ ဒဏ္ရာရ ကစားသမားေတြ ျဖစ္တဲ့ ပူလီဆစ္၊ ေလာ့ဖ္တပ္ခ်ိစ္၊ ကိုဗာဆစ္နဲ႕ ကန္ေတ တို႔ကို ၾကံ႕ခိုင္မႈ အျပည့္ ျပန္ရလိုက္တာ ရွိျပီး ကြင္းလယ္ကစားသမား တစ္ဦးကေတာ့ ပြဲဦးထြက္မွာ မပါ၀င္နုိင္ဘဲ လြဲေခ်ာ္ရဖို႔ ရွိေနပါတယ္။

သူကေတာ့ ပြဲပယ္မိထားတဲ့ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုပဲ ျဖစ္ပါတယ္။ အီတလီ လက္ေရြးစင္ ကစားသမားဟာ ပြဲေတြ မရပ္နားခင္ ရက္ပိုင္း အလိုက အ၀ါကတ္ေတြ ဆက္တိုက္ ထိထားတဲ့ ကစားသမား ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႕ ခ်န္ပီယံလိဂ္ပြဲမွာလည္း အ၀ါကတ္ ျပသခံထားရတာေၾကာင့္ ဒုတိယအေက်ာ့ကို လြဲေခ်ာ္ဖို႕ကလည္း ရွိေနပါတယ္။ ေနာက္ပြဲစဥ္ ျဖစ္တဲ့ ဘုန္း္ေမာက္နဲ႕ ပြဲမွာလည္း ေဂ်ာ္ဂ်င္ဟိုက ဖိလစ္ဘလင္းကို ဖ်က္ထုတ္ရာမွာ ၾကမ္းခဲ့တာေၾကာင့္ အ၀ါကတ္ ျပခံခဲ့ရပါတယ္။ ထို တစ္ၾကိမ္က ေဂ်ာ္ဂ်င္ဟိုရဲ႕ ဒီရာသီ ၁၀ ကတ္ေျမာက္ အ၀ါကတ္ ျဖစ္တာေၾကာင့္ ၂ ပြဲ ပယ္ ျပစ္ဒဏ္ ခံရတာ ျဖစ္ါတယ္။

ပထမ ပြဲပယ္ကိုေတာ့ စတန္းဖို႔ဘရစ္ခ်္မွာ အဲဗာတန္ကို ဧည့္ခံကစားျပီး ၄-၀ နဲ႕ နုိင္တဲ့ ပြဲမွာ က်ခံျပီး ျဖစ္တာေၾကာင့္ တစ္ပြဲပယ္သာ က်န္ပါတယ္။ ဒါေၾကာင့္ အက္စတြန္ဗီလာနဲ႕ ပြဲဦးထြက္ ျပန္ကစားရရင္ ေဂ်ာ္ဂ်င္ဟို ပြဲပယ္ ဆက္ခံရဦးမွာ ျဖစ္ပါတယ္။