ယနေ့ ညနေခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့သတင်းများ (14/06/21)

ယူနိုက်တက် ခံစစ်မှူး လုခ်ရှောဟာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ယူရိုပြိုင်ပွဲဝင် လူစာရင်းမှာ ပါဝင်နေပေမယ့် လက်ကောက်ဝတ် ဒဏ်ရာ ရှိနေပါတယ်။ ခရိုအေးရှားနဲ့ ပွဲမှာ အင်္ဂလန်ပွဲထွက်ကနေ ရှော မပါဝင်ခဲ့ပေမယ့် အရန်ကနေ ရှိနေခဲ့ပါတယ်။

ဂျူဗင်တပ်နည်းပြ အယ်လီဂရီဟာ ပေါ့ဘာကို တူရင်သို့ ပြန်ခေါ်လိုတာကြောင့် ဒီနွေမှာ အပြောင်းအရွှေ့ ဖြစ်မြောက် အောင် လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါကြောင့် ယူနိုက်တက် သဘောကျလောက်အောင် ပြောင်းရွှေ့ကြေးထဲမှာ စီ ရော်နယ်ဒို ဒါမှမဟုတ် ဒိုင်ဘားလားကို ထည့်သွင်းရန် ကြံရွယ်နေပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား တော်မီနေးက စီနီယာအသင်းကြီး အတွက် စကစားတဲ့ လွန်ခဲ့တဲ့ လေးနှစ်တည်းက စလို့ ကျောနံပါတ် ၃၉ ကိုသာ တောက်လျောက် ဝတ်ဆင်လာပြီး နံပါတ် ပြောင်းလဲဖို့ မစဉ်းစားခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ မပါရပေမယ့် ယူရိုပြိုင်ပွဲ အင်္ဂလန် အဖွင့်ပွဲ ခရိုအေးရှားနဲ့ ပွဲကို ဝင်ဘာလေကွင်းထဲ လိုက်ပါ အားပေးခဲ့ပြီး ထိုပွဲမတိုင်ခင် ခြေစမ်းပွဲတွေတုန်းကလည်း တောက်လျောက် အားပေးခဲ့ပါတယ်။

ဒီနွေမှာ အာဆင်နယ် ပစ်မှတ်ထား လှုပ်ရှားနေတဲ့ ဝုဗ် ကွင်းလယ်သမား ရူဘန် နက်ဗက်စ် ကို မန်ချက်စတာ ယူနိုက်တက်ကလည်း ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ နက်ဗက်စ် ကို ယူနိုက်တက်က ကာလရှည် စောင့်ကြည့်ခဲ့တာ ဖြစ်ပြီး ပေါ်တူဂီသားကလည်း ယူနိုက်တက်မှာ နိုင်ငံအသင်းဖော် ဘရူနို ဖာနန်ဒက်စ်နဲ့ ပူးပေါင်းလိုနေပါတယ်။

ကွင်းလယ်နေရာ အတွက် ယူနိုက်တက် ဦးစားပေး ပစ်မှတ် အဖြစ် ဒီကလန်ရိုက်စ်က ရှိနေဆဲ ဖြစ်သော်လည်း ဝက်စ်ဟမ်း ဘက်က ရောင်းချလိုဟန် မပြတာကြောင့် ပြောင်းရွှေ့ကြေးရော အသင်းပြောင်း အလားအလာပါ ပိုကောင်းတဲ့ နက်ဗက်စ်ကို ယူနိုက်တက်က စဉ်းစားလာတာ ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ ခံစစ္မွဴး လုခ္ေရွာဟာ အဂၤလန္ လက္ေရြးစင္ အသင္းနဲ႕ အတူ ယူရိုျပိဳင္ပြဲ၀င္ လူစာရင္းမွာ ပါ၀င္ေနေပမယ့္ လက္ေကာက္၀တ္ ဒဏ္ရာ ရွိေနပါတယ္။ ခရိုေအးရွားနဲ႕ ပြဲမွာ အဂၤလန္ပြဲထြက္ကေန ေရွာ မပါ၀င္ခဲ့ေပမယ့္ အရန္ကေန ရွိေနခဲ့ပါတယ္။

ဂ်ဴဗင္တပ္နည္းျပ အယ္လီဂရီဟာ ေပါ့ဘာကို တူရင္သို႔ ျပန္ေခၚလိုတာေၾကာင့္ ဒီေႏြမွာ အေျပာင္းအေရႊ႕ ျဖစ္ေျမာက္ ေအာင္ လုပ္ေဆာင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။ ဒါေၾကာင့္ ယူနိုက္တက္ သေဘာက်ေလာက္ေအာင္ ေျပာင္းေရႊ႕ေၾကးထဲမွာ စီ ေရာ္နယ္ဒို ဒါမွမဟုတ္ ဒိုင္ဘားလားကို ထည့္သြင္းရန္ ၾကံရြယ္ေနပါတယ္။

ယူနိုက္တက္ ကြင္းလယ္ ကစားသမား ေတာ္မီေနးက စီနီယာအသင္းၾကီး အတြက္ စကစားတဲ့ လြန္ခဲ့တဲ့ ေလးနွစ္တည္းက စလို႔ ေက်ာနံပါတ္ ၃၉ ကိုသာ ေတာက္ေလ်ာက္ ၀တ္ဆင္လာျပီး နံပါတ္ ေျပာင္းလဲဖို႔ မစဥ္းစားခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ဟာ အဂၤလန္ လက္ေရြးစင္ အသင္းမွာ မပါရေပမယ့္ ယူရိုျပိဳင္ပြဲ အဂၤလန္ အဖြင့္ပြဲ ခရိုေအးရွားနဲ႕ ပြဲကို ၀င္ဘာေလကြင္းထဲ လိုက္ပါ အားေပးခဲ့ျပီး ထိုပြဲမတိုင္ခင္ ေျခစမ္းပြဲေတြတုန္းကလည္း ေတာက္ေလ်ာက္ အားေပးခဲ့ပါတယ္။

ဒီေႏြမွာ အာဆင္နယ္ ပစ္မွတ္ထား လႈပ္ရွားေနတဲ့ ၀ုဗ္ ကြင္းလယ္သမား ရူဘန္ နက္ဗက္စ္ ကို မန္ခ်က္စတာ ယူနိုက္တက္ကလည္း ေခၚယူဖို႔ မ်က္စိက်ေနပါတယ္။ နက္ဗက္စ္ ကို ယူနိုက္တက္က ကာလရွည္ ေစာင့္ၾကည့္ခဲ့တာ ျဖစ္ျပီး ေပၚတူဂီသားကလည္း ယူနိုက္တက္မွာ နုိင္ငံအသင္းေဖာ္ ဘရူနို ဖာနန္ဒက္စ္နဲ႕ ပူးေပါင္းလိုေနပါတယ္။

ကြင္းလယ္ေနရာ အတြက္ ယူနိုက္တက္ ဦးစားေပး ပစ္မွတ္ အျဖစ္ ဒီကလန္ရိုက္စ္က ရွိေနဆဲ ျဖစ္ေသာ္လည္း ၀က္စ္ဟမ္း ဘက္က ေရာင္းခ်လိုဟန္ မျပတာေၾကာင့္ ေျပာင္းေရႊ႕ေၾကးေရာ အသင္းေျပာင္း အလားအလာပါ ပိုေကာငး္တဲ့ နက္ဗက္စ္ကို ယူနိုက္တက္က စဥ္းစားလာတာ ျဖစ္ပါတယ္။