ရီးရဲလ်မက်ဒရစ်မှာ ပြီးခဲ့တဲ့ ၆ ရာသီစာလုံး အသင်းခေါင်းဆောင် တာဝန်ယူခဲ့တဲ့ ဝါရင့် ခံစစ်မှူး ရာမို့စ်ဟာ ဒီနွေမှာ စာချုပ်ကုန်ဆုံးတဲ့နောက် သက်တမ်း မတိုးတော့ဘဲ အသင်းကနေ် ထွက်ခွာမှာ ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။
ရာမို့စ် ထွက်ခွာသွားတဲ့နောက် ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဗာရိန်းကို ရီးရဲလ်က ထွက်ခွာခွင့် ပြုပါ့မလား စိုးရိမ်နေကြပေမယ့် ရီးရဲလ်ကတော့ ဒီနွေမှာ ဗာရိန်းကို ရောင်းချ ငွေရှာလိုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ရာမို့စ်က ၎င်းရဲ့ လစာ ၁၀% လျှော့ ယူဖို့ ငြင်းဆန်ခဲ့ပြီး ရီးရဲလ်ရဲ့ တစ်နှစ် သာ သက်တမ်းတိုး ကမ်းလှမ်းတာကိုလည်း မပျော်ရွှင်တဲ့နောက် အသင်းနဲ့ လမ်းခွဲဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ရာမို့စ်ရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင်း ဗာရိန်းကို ဆက်ထိန်းထားသင့်တယ်လို့လည်း ရီးရဲလ်ကို အကြံပြုမှုတွေ ရှိနေပါတယ်။
လာလီဂါ ထိပ်သီးကလပ်ဟာ လက်ရှိစာချုပ်သက်တမ်း တစ်နှစ်လောက် ကျန်တဲ့ ကစားသမား တစ်ယောက်ယောက်ကို ရောင်းချ ငွေရှာဖို့ ကြံရွယ်နေပါတယ်။ ဗာရိန်းကလည်း ရာမို့စ် နည်းတူ ရီးရဲလ်ရဲ့ လစာလျှော့ချလိုတဲ့ သက်တမ်းတိုးမှုကို လက်မခံလိုဘဲ ရှိနေပြီး ၎င်းကို ဆက်ထိန်းထားရင် နောက်နှစ်မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရဖို့ ရှိပါတယ်။
ယူနိုက်တက်ဟာ ဒီနွေဈေးကွက်ထဲမှာ ဗဟိုခံစစ်မှူးကောင်း တစ်ယောက် ရှာဖွေနေပြီး ဗာရိန်း ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူနိုင်မယ်လို့ ယူဆရပါတယ်။ ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ တွဲဖက်ကောင်း တစ်ယောက် ယူနိုက်တက်က အလိုရှိနေပြီး ဘောလုံးရာသီပြီးတည်းက လှုပ်ရှားမှုတွေ စတင်နေပါတယ်။
ရီးရဲလ်ကနေ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာလာမယ့် ရာမို့စ် ကတော့ ပဲရစ် ဒါမှမဟုတ် လန်ဒန်သို့ ရောက်ရှိနိုင်တယ်လို့ သိရပြီး ၎င်းကို ချယ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားဟန် ပြသထားပါတယ်။
Zawgyi – ရီးရဲလ်မက်ဒရစ်မှာ ပြီးခဲ့တဲ့ ၆ ရာသီစာလုံး အသင်းခေါင်းဆောင် တာဝန်ယူခဲ့တဲ့ ၀ါရင့် ခံစစ်မှူး ရာမို့စ်ဟာ ဒီနွေမှာ စာချုပ်ကုန်ဆုံးတဲ့နောက် သက်တမ်း မတိုးတော့ဘဲ အသင်းကနေ် ထွက်ခွာမှာ ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။
ရီးရဲလ်ကနေ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာလာမယ့် ရာမို့စ် ကတော့ ပဲရစ် ဒါမှမဟုတ် လန်ဒန်သို့ ရောက်ရှိနိုင်တယ်လို့ သိရပြီး ၄င်းကို ချယ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားဟန် ပြသထားပါတယ်။