ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (17/06/21)

ဆွစ်ဇာလန်ကို နိုင်တဲ့ပွဲမှာ အီတလီနဲ့ အတူ တောက်ပခဲ့တဲ့ ဂျော်ဂျင်ဟို

အီတလီအသင်းကတော့ ယူရို ပြိုင်ပွဲမှာ သူတို့ရဲ့ ပြီးပြည့်စုံတဲ့ ရလဒ်တွေ ဆက်လက် ရယူနေဆဲ ဖြစ်ပြီး ညက ပွဲမှာ ဆွစ်ဇာလန် အသင်းကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ထိုပွဲမှာ ချယ်ဆီးကွင်းလယ်သမား ဂျော်ဂျင်ဟိုက အီတလီအသင်းနဲ့ အတူ အထူးခြေစွမ်းပြခဲ့ပြီး ပွဲအတွင်း ဘောလုံး ထိချက် အများဆုံး ၈၄ ကြိမ် ရှိခဲ့သလို ဘောလုံး ပေးပို့မှု တိကျတာလည်း ၉၀% ရှိခဲ့ပါတယ်။ ဘောလုံး ဖြတ်ယူမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့သလို ပြိုင်ဘက် တိုက်စစ်ကို ဖြတ်တောက်မှုလည်း ၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဘယ်စွန် ခံစစ်သမား ပီဒရာဇာကို ပစ်မှတ်ထားခြင်း

ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ် ဘယ်တောင်ပံ ကစားသမား အယ်ဖွန်ဆို ပီဒရာဇာ ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ စပိန်သားဟာ ပြီးခဲ့တဲ့ ရာသီက ဗီလာရီးရဲလ် အတွက် ၄၄ ပွဲ ပါဝင် ကစားခဲ့ပြီး ၂၀၂၅ မှ လက်ရှိကလပ်နဲ့ စာချုပ်ကုန်ဆုံးမယ့် ပီဒရာဇာက စာချုပ်ပါ ဖျက်သိမ်းကြေး ပေါင် ၃၅ သန်း ရှိပါတယ်။

ယူရိုပြိုင်ပွဲမှာ ဂျာမနီရဲ့အဓိက ကစားသမား ကိုင်ဟာဗက်ဇ် ဖြစ်မယ်လို့ ဟောကိန်းထုတ်မှု

ချယ်ဆီး ကွင်းလယ်တိုက်စစ် ကိုင်ဟာဗက်ဇ် ဟာ လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဂျာမနီအသင်းရဲ့ အဓိက ကစားသမား ဖြစ်လာမယ် လို့ လီဗာပူး ကစားသမားဟောင်း ဟာမန်းက ဟောကိန်း ထုတ်လိုက်ပါတယ်။

” ဟာဗက်ဇ်က ဘောလုံး ပေးပို့မှု သိပ်ကောင်းသူ တစ်ယောက် ဖြစ်တယ်။ ဆုံးဖြတ်ချက်ကောင်းတွေလည်း လုပ်နိုင်သလို ဘယ်ခြေရော ညာခြေပါ သုံးနိုင်သူပါ။ သူက အဆုံးသတ်လည်း ကောင်းတယ်။ ဒီပြိုင်ပွဲမှာ သူက ဂျာမနီရဲ့ အဓိက ကစားသမား ဖြစ်လာလိမ့်မယ်။ နောက်ထပ် ပြိုင်ပွဲကြီး ၂ခု ၃ခု ထိပါ အစွမ်းပြမှာပါ။ ” လို့ ဟာမန်းက သုံးသပ် ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်ကနေ အလွတ်နဲ့ ထွက်လာမယ့် ရာမို့စ် ကို ချယ်ဆီး စိတ်ဝင်စားနေ

ရီးရဲလ်မက်ဒရစ် အသင်းမှ အသက် ၃၅ နှစ် အရွယ် ဝါရင့်ခံစစ်မှူးကြီး ဆာဂျီယို ရာမို့စ်က ဒီနွေမှာ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာမယ် ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရမယ့် ရာမို့စ်ကို ချယ်ဆီး အသင်းက စိတ်ဝင်စားနေသလို ပရိသတ်တွေကလည်း အလိုရှိနေကြပါတယ်။

Zawgyi

ဆြစ္ဇာလန္ကို နုိင္တဲ့ပြဲမွာ အီတလီနဲ႕ အတူ ေတာက္ပခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို

အီတလီအသင္းကေတာ့ ယူရို ျပိဳင္ပြဲမွာ သူတို႔ရဲ႕ ျပီးျပည့္စံုတဲ့ ရလဒ္ေတြ ဆက္လက္ ရယူေနဆဲ ျဖစ္ျပီး ညက ပြဲမွာ ဆြစ္ဇာလန္ အသင္းကို ၃-၀ နဲ႕ ဂိုးျပတ္ အနုိင္ရခဲ့ပါတယ္။

ထိုပြဲမွာ ခ်ယ္ဆီးကြင္းလယ္သမား ေဂ်ာ္ဂ်င္ဟိုက အီတလီအသင္းနဲ႕ အတူ အထူးေျခစြမ္းျပခဲ့ျပီး ပြဲအတြင္း ေဘာလံုး ထိခ်က္ အမ်ားဆံုး ၈၄ ၾကိမ္ ရွိခဲ့သလို ေဘာလံုး ေပးပို႔မႈ တိက်တာလည္း ၉၀% ရွိခဲ့ပါတယ္။ ေဘာလံုး ျဖတ္ယူမႈ ၁ ၾကိမ္ ျပဳလုပ္နုိင္ခဲ့သလို ျပိဳင္ဘက္ တိုက္စစ္ကို ျဖတ္ေတာက္မႈလည္း ၃ ၾကိမ္ ျပဳလုပ္ခဲ့ပါတယ္။

ဘယ္စြန္ ခံစစ္သမား ပီဒရာဇာကို ပစ္မွတ္ထားျခင္း

ခ်ယ္ဆီးအသင္းဟာ ဗီလာရီးရဲလ္ ဘယ္ေတာင္ပံ ကစားသမား အယ္္ဖြန္ဆို ပီဒရာဇာ ကို ေခၚယူဖို႔ ပစ္မွတ္ ထားေနေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ စပိန္သားဟာ ျပီးခဲ့တဲ့ ရာသီက ဗီလာရီးရဲလ္ အတြက္ ၄၄ ပြဲ ပါ၀င္ ကစားခဲ့ျပီး ၂၀၂၅ မွ လက္ရွိကလပ္နဲ႕ စာခ်ဳပ္ကုန္ဆံုးမယ့္ ပီဒရာဇာက စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး ေပါင္ ၃၅ သန္း ရွိပါတယ္။

ယူရိုျပိဳင္ပြဲမွာ ဂ်ာမနီရဲ႕အဓိက ကစားသမား ကိုင္ဟာဗက္ဇ္ ျဖစ္မယ္လို႔ ေဟာကိန္းထုတ္မႈ

ခ်ယ္ဆီး ကြင္းလယ္တိုက္စစ္ ကိုင္ဟာဗက္ဇ္ ဟာ လက္ရွိ ယူရို ၂၀၂၀ ျပိဳင္ပြဲမွာ ဂ်ာမနီအသင္းရဲ႕ အဓိက ကစားသမား ျဖစ္လာမယ္ လို႔ လီဗာပူး ကစားသမားေဟာင္း ဟာမန္းက ေဟာကိန္း ထုတ္လိုက္ပါတယ္။

” ဟာဗက္ဇ္က ေဘာလံုး ေပးပို႔မႈ သိပ္ေကာင္းသူ တစ္ေယာက္ ျဖစ္တယ္။ ဆံုးျဖတ္ခ်က္ေကာင္းေတြလည္း လုပ္နုိင္သလို ဘယ္ေျခေရာ ညာေျခပါ သံုးနုိင္သူပါ။ သူက အဆံုးသတ္လည္း ေကာင္းတယ္။ ဒီျပိဳင္ပြဲမွာ သူက ဂ်ာမနီရဲ႕ အဓိက ကစားသမား ျဖစ္လာလိမ့္မယ္။ ေနာက္ထပ္ ျပိဳင္ပြဲၾကီး ၂ခု ၃ခု ထိပါ အစြမ္းျပမွာပါ။ ” လို႔ ဟာမန္းက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ရီးရဲလ္ကေန အလြတ္နဲ႕ ထြက္လာမယ့္ ရာမို႔စ္ ကို ခ်ယ္ဆီး စိတ္၀င္စားေန

ရီးရဲလ္မက္ဒရစ္ အသင္းမွ အသက္ ၃၅ နွစ္ အရြယ္ ၀ါရင့္ခံစစ္မွဴးၾကီး ဆာဂ်ီယို ရာမို႔စ္က ဒီေႏြမွာ စာခ်ဳပ္ကုန္ဆံုးလို႔ ထြက္ခြာမယ္ ျဖစ္ေၾကာင္း တရား၀င္ ေၾကျငာသြားခဲ့ျပီ ျဖစ္ပါတယ္။ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရမယ့္ ရာမို႔စ္ကို ခ်ယ္ဆီး အသင္းက စိတ္၀င္စားေနသလို ပရိသတ္ေတြကလည္း အလိုရွိေနၾကပါတယ္။