သရဲနီတွေ သဘောကျမယ့် ယူနိုက်တက်ရဲ့ နွေအပြောင်းအရွှေ့ တိုက်စစ်ခေါ်ယူမယ့် အစီအစဉ်

UNICODE – ယူနိုက်တက် ပရိသတ်တွေအတွက် သတင်းကောင်းကတော့ နွေအပြောင်းအရွှေ့ အင်အားဖြည့်တင်းမှုမှာ တိုက်စစ်ပိုင်း ခေါ်ယူမှုတွေကို ကလပ်ဘက်က လုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

The Times က ဖော်ပြရာမှာ ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီထိ အစ်ဟာလိုကို သက်တမ်းတိုးဖို့ ကြိုးစားမှု အောင်မြင်ထားပါပြီ။ ဒါပေမယ့် တိုက်စစ်သမားသစ် ခေါ်ယူရေး အစီအစဉ်တွေကို ဖယ်ထုတ်လိုက်မှာ မဟုတ်ဘဲ နွေမှာတော့ ကြိုးစားမှုတွေ ဆက်လုပ်သွားမှာပါလို့ ဖော်ပြခဲ့တယ်။

အဆိုပါ သတင်းမှာပဲ ယူနိုက်တက်ဟာ တောင်ပံ တိုက်စစ်သမားထက် အထောင်တိုက်စစ်သမားသစ်ကို ခေါ်ယူဖို့ကို ဦးစားပေးအဖြစ် ရည်ရွယ်ထးတာလို့ ဖော်ပြခဲ့တယ်။ လက်ရှိ အထောင်တိုက်စစ်ပိုင်းအတွက် ယူနိုက်တက် ချိန်ရွယ်နေတဲ့ တိုက်စစ်မှူး သုံးဦးက လိုင်ယွန်မှ ဒမ်ဘီလီ၊ လိုက်ဇစ်မှ ဝါနာနဲ့ ဝုဗ်မှ ဂျီမီးနက်စ်တို့ ဖြစ်ကြပါတယ်။

ဝါနာကို ခေါ်ယူရေးမှာ ချယ်ဆီး၊ လီဗာပူးနဲ့အပြိုင် ကြိးစားရမှာဖြစ်လိုပ ယူနိုက်တက်က ဒမ်ဘီလီကိုပဲ အာရုံစိုက် ခေါ်ယူမယ်လို့ ယူဆရတယ်။ လိုင်လီတိုက်စစ်သမား အိုဆင်ဟမ်နဲ့ ဝုဗ်တိုက်စစ်မှူး ဂျီမီးနက်စ်တို့ကိုလည်း ချိန်ရွယ်ထားပေမယ့် ဦးစားပေး စာရင်းထဲမှာတော့ အဟုတ်ဘူးလို့ သိရပါတယ်။

မန်နေဂျာဆိုးရှားဟာ ရပ်ဖိုဒ့်နဲ့ မာရှယ်တို့ကို အထောင်တိုက်စစ်သမားတွေထက် တောင်ပံပိုင်းကို ပိုမို အားသန်သူတွေလို့ ယူဆနေတယ်။ ဒါကြောင့် တိုက်စစ်ကို ဦးဆောင်နိုင်မယ့် ကစားသမားမျိုးကို ထပ်မံ ရှာဖွေလိုနေတာဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ယူနိုက်တက်ဟာ နွေအသုံးစရိတ်အတွက် ပေါင် သန်း ၁၄၀ ကို ထုတ်ချေးထားတာကြောင့် ဒီနွေမှာ ကစားသမား ခေါ်ယူရေးတွေအတွက် ယူနိုက်တက်မှာ အသုံးစရိတ် အလုံအလောက် ရှိနေမှာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ ပရိသတ္ေတြအတြက္ သတင္းေကာင္းကေတာ့ ေႏြအေျပာင္းအေရႊ႔ အင္အားျဖည့္တင္းမႈမွာ တိုက္စစ္ပိုင္း ေခၚယူမႈေတြကို ကလပ္ဘက္က လုပ္ေဆာင္သြားဦးမွာ ျဖစ္ပါတယ္။

The Times က ေဖာ္ျပရာမွာ ယူႏုိက္တက္ဟာ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီထိ အစ္ဟာလိုကို သက္တမ္းတိုးဖို႔ ၾကိဳးစားမႈ ေအာင္ျမင္ထားပါျပီ။ ဒါေပမယ့္ တိုက္စစ္သမားသစ္ ေခၚယူေရး အစီအစဥ္ေတြကို ဖယ္ထုတ္လိုက္မွာ မဟုတ္ဘဲ ေႏြမွာေတာ့ ၾကိဳးစားမႈေတြ ဆက္လုပ္သြားမွာပါလို႔ ေဖာ္ျပခဲ့တယ္။

အဆိုပါ သတင္းမွာပဲ ယူႏုိက္တက္ဟာ ေတာင္ပံ တိုက္စစ္သမားထက္ အေထာင္တုိက္စစ္သမားသစ္ကို ေခၚယူဖို႔ကို ဦးစားေပးအျဖစ္ ရည္ရြယ္ထးတာလို႔ ေဖာ္ျပခဲ့တယ္။ လက္ရွိ အေထာင္တုိက္စစ္ပိုင္းအတြက္ ယူႏုိက္တက္ ခ်ိန္ရြယ္ေနတဲ့ တိုက္စစ္မွဴး သံုးဦးက လုိင္ယြန္မွ ဒမ္ဘီလီ၊ လိုက္ဇစ္မွ ဝါနာနဲ႔ ဝုဗ္မွ ဂ်ီမီးနက္စ္တို႔ ျဖစ္ၾကပါတယ္။

ဝါနာကို ေခၚယူေရးမွာ ခ်ယ္ဆီး၊ လီဗာပူးနဲ႔အျပိဳင္ ၾကိးစားရမွာျဖစ္လိုပ ယူႏုိက္တက္က ဒမ္ဘီလီကိုပဲ အာရံုစိုက္ ေခၚယူမယ္လို႔ ယူဆရတယ္။ လိုင္လီတိုက္စစ္သမား အိုဆင္ဟမ္နဲ႔ ဝုဗ္တိုက္စစ္မွဴး ဂ်ီမီးနက္စ္တို႔ကိုလည္း ခ်ိန္ရြယ္ထားေပမယ့္ ဦးစားေပး စာရင္းထဲမွာေတာ့ အဟုတ္ဘူးလို႔ သိရပါတယ္။

မန္ေနဂ်ာဆိုးရွားဟာ ရပ္ဖိုဒ့္နဲ႔ မာရွယ္တို႔ကို အေထာင္တုိက္စစ္သမားေတြထက္ ေတာင္ပံပိုင္းကို ပိုမို အားသန္သူေတြလို႔ ယူဆေနတယ္။ ဒါေၾကာင့္ တိုက္စစ္ကို ဦးေဆာင္ႏုိင္မယ့္ ကစားသမားမ်ိဳးကို ထပ္မံ ရွာေဖြလိုေနတာျဖစ္ပါတယ္။

မၾကာေသးခင္ကပဲ ယူႏုိက္တက္ဟာ ေႏြအသံုးစရိတ္အတြက္ ေပါင္ သန္း ၁၄၀ ကို ထုတ္ေခ်းထားတာေၾကာင့္ ဒီေႏြမွာ ကစားသမား ေခၚယူေရးေတြအတြက္ ယူႏုိက္တက္မွာ အသံုးစရိတ္ အလံုအေလာက္ ရွိေနမွာ ျဖစ္ပါတယ္။