ဒေါ့မွန်အသင်း တိုက်စစ်မှူး ဟာလန်းက သူဟာ သက်သောင့်သက်သာနဲ့ ဇုန်တွေထဲမှာပဲ နစ်မြုပ်နေခြင်းထက် စိန်ခေါ်မှုတွေကို ပိုမို ရင်ဆိုင်လိုတယ်လို့ ထုတ်ပြောလာပါတယ်။
ကမ္ဘာအကောင်းဆုံး တိုက်စစ်မှူးနှစ်ဦး ဖြစ်လာမယ့်သူတွေလို့ ယူဆခံထားရတဲ့ အမ်ဘတ်ပီနဲ့ ဟာလန်းတို့ဟာ ဥရောပကလပ် အများအပြားရဲ့ စိတ်ဝင်စားခြင်းတွေကို ပိုင်ဆိုင်ထားတာပါ။ ချယ်ဆီးအသင်းက ဟာလန်းကို ခေါ်ယူဖို့ ဒီနွေမှာတင် ကြိုးစားနေပေမယ့် ဒေါ့မွန်ဘက်ကတော့ တိုက်စစ်သမားကို တစ်ရာသီ ဆက်ထိန်းပြီး လာမယ့်နွေမှ ရောင်းထုတ်လိုတယ်။
လက်ရှိ ရောက်နေတဲ့ ကစားသမားဘဝနဲ့ အနာဂတ်အတွက် ရည်ရွယ်ထားမှုတွေအတွက် ဖြေဆိုရာမှာ ဟာလန်းက ရည်ရွယ်ချက်ကြီးမားတဲ့ ကစားသမားဆိုတာက မြင်သာခဲ့ပါတယ်။
ဟာလန်းက ” ကုန်ခဲ့တဲ့ နှစ်တွေမှာ ကျနော်က ခြေလှမ်းသစ်တွေ လှမ်းခဲ့နိုင်တယ်။ အဲ့တာတွေကပဲ ကျနော်အတွက် ကောင်းမွန်တဲ့ ခြေလှမ်းတွေလို့ ထင်ပါတယ်။ ကျနော်က ကိုယ်ဘာသာ သာယာနေဖို့ထက် ပိုပြီး တိုးတက်မှုတွေကိုပဲ ရွေးချယ်လိုပါတယ်။
ကျနော် လုပ်နိုင်တာ အားလုံးအတွက် ကိုယ်ဘာသာ စိန်ခေါ်လိုတယ်။ အဲ့တာပဲ ကျနော် စဉ်းစားနေတဲ့ ကိစ္စပါပဲ။ လူတိုင်းကလည်း ဒီလိုပဲ လုပ်ကြမှာပါ။ တစ်ခါတစ်လေတော့ လူတွေက ကိုယ်ရဲ့ ဇုန်လေးမှာပဲ အရမ်းကို သက်သက်သာသာ ရှိနေလွန်းပါတယ်။ အဲ့အနေအထားကနေ ရုန်းထွက်နိုင်ရမယ်လို့ ကျနော် ထင်တယ်။
ကျနော်က တတ်နိုင်သလောက် အကောင်းဆုံး လေ့ကျင့်တယ်။ လုပ်ရမှာဆို လုပ်လိုက်တယ်။ ပြင်ဆင်စရာရှိ ပြင်ဆင်တယ်။ အဲ့လိုပဲ လုပ်ရမယ်လို့ ထင်မိပါတယ်။ ဒါ့အပြင် ပွဲတွေမှာ ပျော်ရွှင်စွာ ကစားဖို့ဆိုရင် ဖိအားတွေ သိပ်မများနေဖို့လည်း အရေးကြီးပါတယ်။ ဒါကလည်း အရေးကြီးဆုံးပါ။ ကျနော်က အမြဲတမ်း ပျော်ရွှင်နေဖို့ ကြိုးစားပါတယ်။
ကျနော်ရဲ့ ကစားသမားဘဝက အရမ်းကို မြန်ဆန်ပါတယ် ဒါပေမယ့် ဒီလို မြန်မြန်ဆန်ဆန် တိုးတက်တဲ့ နှုန်းထားကိုလည်း ကျနော် သဘောကျတယ်။ ကျနော်က ငယ်သေးတာ မှန်ပါတယ်။ အချိန်တိုင်းမှာ ဂိုးတွေမြင်လိုပြီး အဲ့လို ဂိုးတွေမြင်နိုင်ဖို့လည်း အစွမ်းကုန် ကြိုးစားမှာပါ ” လို့ ပြောဆိုသွားတာဖြစ်ပါတယ်။

ZAWGYI – ေဒါ့မြန္အသင္း တိုက္စစ္မွဴး ဟာလန္းက သူဟာ သက္ေသာင့္သက္သာနဲ႔ ဇုန္ေတြထဲမွာပဲ နစ္ျမဳပ္ေနျခင္းထက္ စိန္ေခၚမႈေတြကို ပိုမို ရင္ဆိုင္လိုတယ္လို႔ ထုတ္ေျပာလာပါတယ္။
ကမၻာအေကာင္းဆံုး တိုက္စစ္မွဴးႏွစ္ဦး ျဖစ္လာမယ့္သူေတြလို႔ ယူဆခံထားရတဲ့ အမ္ဘတ္ပီနဲ႔ ဟာလန္းတို႔ဟာ ဥေရာပကလပ္ အမ်ားအျပားရဲ႕ စိတ္ဝင္စားျခင္းေတြကို ပိုင္ဆိုင္ထားတာပါ။ ခ်ယ္ဆီးအသင္းက ဟာလန္းကို ေခၚယူဖို႔ ဒီေႏြမွာတင္ ၾကိဳးစားေနေပမယ့္ ေဒါ့မြန္ဘက္ကေတာ့ တိုက္စစ္သမားကို တစ္ရာသီ ဆက္ထိန္းျပီး လာမယ့္ေႏြမွ ေရာင္းထုတ္လိုတယ္။
လက္ရွိ ေရာက္ေနတ့ဲ ကစားသမားဘဝနဲ႔ အနာဂတ္အတြက္ ရည္ရြယ္ထားမႈေတြအတြက္ ေျဖဆိုရာမွာ ဟာလန္းက ရည္ရြယ္ခ်က္ၾကီးမားတဲ့ ကစားသမားဆိုတာက ျမင္သာခဲ့ပါတယ္။
ဟာလန္းက ” ကုန္ခ့ဲတဲ့ ႏွစ္ေတြမွာ က်ေနာ္က ေျခလွမ္းသစ္ေတြ လွမ္းခဲ့ႏုိင္တယ္။ အဲ့တာေတြကပဲ က်ေနာ္အတြက္ ေကာင္းမြန္တဲ့ ေျခလွမ္းေတြလို႔ ထင္ပါတယ္။ က်ေနာ္က ကိုယ္ဘာသာ သာယာေနဖို႔ထက္ ပိုျပီး တိုးတက္မႈေတြကိုပဲ ေရြးခ်ယ္လိုပါတယ္။
က်ေနာ္ လုပ္နုိင္တာ အားလံုးအတြက္ ကိုယ္ဘာသာ စိန္ေခၚလိုတယ္။ အဲ့တာပဲ က်ေနာ္ စဥ္းစားေနတဲ့ ကိစၥပါပဲ။ လူတိုင္းကလည္း ဒီလိုပဲ လုပ္ၾကမွာပါ။ တစ္ခါတစ္ေလေတာ့ လူေတြက ကိုယ္ရဲ႕ ဇုန္ေလးမွာပဲ အရမ္းကို သက္သက္သာသာ ရွိေနလြန္းပါတယ္။ အဲ့အေနအထားကေန ရုန္းထြက္ႏုိင္ရမယ္လို႔ က်ေနာ္ ထင္တယ္။
က်ေနာ္က တတ္ႏုိင္သေလာက္ အေကာင္းဆံုး ေလ့က်င့္တယ္။ လုပ္ရမွာဆို လုပ္လိုက္တယ္။ ျပင္ဆင္စရာရွိ ျပင္ဆင္တယ္။ အဲ့လိုပဲ လုပ္ရမယ္လို႔ ထင္မိပါတယ္။ ဒါ့အျပင္ ပြဲေတြမွာ ေပ်ာ္ရႊင္စြာ ကစားဖို႔ဆိုရင္ ဖိအားေတြ သိပ္မမ်ားေနဖို႔လည္း အေရးၾကီးပါတယ္။ ဒါကလည္း အေရးၾကီးဆံုးပါ။ က်ေနာ္က အျမဲတမ္း ေပ်ာ္ရႊင္ေနဖို႔ ၾကိဳးစားပါတယ္။
က်ေနာ္ရဲ႕ ကစားသမားဘဝက အရမ္းကို ျမန္ဆန္ပါတယ္ ဒါေပမယ့္ ဒီလို ျမန္ျမန္ဆန္ဆန္ တိုးတက္တဲ့ ႏႈန္းထားကိုလည္း က်ေနာ္ သေဘာက်တယ္။ က်ေနာ္က ငယ္ေသးတာ မွန္ပါတယ္။ အခ်ိန္တိုင္းမွာ ဂိုးေတြျမင္လိုျပီး အဲ့လို ဂိုးေတြျမင္ႏုိင္ဖို႔လည္း အစြမ္းကုန္ ၾကိဳးစားမွာပါ ” လို႔ ေျပာဆိုသြားတာျဖစ္ပါတယ္။
