ဗာရိန်းအတွက် ယူနိုက်တက်ရဲ့ ပေါင် သန်း ၅၀ ကမ်းလှမ်းမှုကို ပယ်ချပြီး တင်းခံနေတဲ့ ရီးရဲလ်

ယူနိုက်တက်ဟာ ရီးရဲလ်ခံစစ်မှူး ဗာရိန်း အတွက် ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့သော်လည်း ရီးရဲလ်မက်ဒရစ် ကတော့ သူတို့ ကစားသမား အတွက် ပေါင် သန်း ၈၀ ရမှ လို့ အကြောင်းပြန်ကာ ငြင်းပယ်ထားကြောင်း မန်ချက်စတာ အခြေစိုက် သတင်း သတင်းတွေ့ ဖော်ပြထားပါတယ်။

ဗာရိန်း အတွက် ရီးရဲလ်နဲ့ ဆက်လက် ပြောဆို ညှိနှိုင်းဦးမှာ ဖြစ်ပေမယ့် ယူနိုက်တက်က နောက်နှစ် စာချုပ်ကုန်မယ့် ကစားသမားကို ပေါင် သန်း ၈၀ တော့ သုံးပြီး ခေါ်ယူဖွယ် မရှိပါဘူး။

မက်ဒရစ်ဟာ အသင်းမှာ ၁၆ နှစ် ကစားသွားတဲ့ ရာမို့စ်လည်း ထွက်ခွာသွားသည့်တိုင် အသင်း ဘဏ္ဍာရေး အခြေအနေ အရ အသက် ၂၈ နှစ် အရွယ် ခံစစ်မှူး ဗာရိန်း ကို ဒီနွေမှာ ရောင်းချဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။

ဗာရိန်း ကို နောက်နှစ် စာချုပ်ကုန်ဆုံးမှ ခေါ်ယူလိုတဲ့ ကလပ်တွေကတော့ အများအပြား ရှိနေပြီး ရီးရဲလ်ဥက္ကဌ ပီရက်ဇ် ကတော့ ပြောင်းရွှှေ့ကြေး ရဖို့ ဒီနွေမှာ ရောင်းချလိုနေတာပါ။

ယူနိုက်တက် က အသင်း ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ တွဲဖက်ဖို့ ဗာရိန်းကို အဓိက ပစ်မှတ်ထားနေပြီး ပြင်သစ်သားကို ၂၀၁၁ တည်းက ယူနိုက်တက် ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဗာရိန်းက ငယ်တည်းက ယူနိုက်တက် ပရိသတ် ဖြစ်ပြီး သူ့ရဲ့ ဟီးရိုးက ရီယို ဖာဒီနန် ဖြစ်တယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။

ပြီးသွားတဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်က ယခင် နှစ်ရာသီ ချန်ပီယံတွေ ဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ ပေးဂိုးတွေထက် ၈ ဂိုး ပိုပေးထားရတာပါ။ မက်ဂွဲရားက လက်ရှိ ဘောလုံးလောကရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ခံစစ်မှူး ဖြစ်ပြီး ယူနိုက်တက်က ဗာရိန်းနဲ့ တွဲဖက်စေလိုနေပါတယ်။

Zawgyi – ယူနိုက္တက္ဟာ ရီးရဲလ္ခံစစ္မွဴး ဗာရိန္း အတြက္ ေပါင္ သန္း ၅၀ နဲ႕ ကမ္းလွမ္းခဲ့ေသာ္လည္း ရီးရဲလ္မက္ဒရစ္ ကေတာ့ သူတို႔ ကစားသမား အတြက္ ေပါင္ သန္း ၈၀ ရမွ လို႔ အေၾကာင္းျပန္ကာ ျငင္းပယ္ထားေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္း သတင္းေတြ႕ ေဖာ္ျပထားပါတယ္။

ဗာရိန္း အတြက္ ရီးရဲလ္နဲ႕ ဆက္လက္ ေျပာဆို ညွိႏိႈင္းဦးမွာ ျဖစ္ေပမယ့္ ယူနိုက္တက္က ေနာက္နွစ္ စာခ်ဳပ္ကုန္မယ့္ ကစားသမားကို ေပါင္ သန္း ၈၀ ေတာ့ သံုးျပီး ေခၚယူဖြယ္ မရွိပါဘူး။

မက္ဒရစ္ဟာ အသင္းမွာ ၁၆ နွစ္ ကစားသြားတဲ့ ရာမို႔စ္လည္း ထြက္ခြာသြားသည့္တိုင္ အသင္း ဘ႑ာေရး အေျခအေန အရ အသက္ ၂၈ နွစ္ အရြယ္ ခံစစ္မွဴး ဗာရိန္း ကို ဒီေႏြမွာ ေရာင္းခ်ဖို႔ ျပင္ဆင္ေနဆဲ ျဖစ္ပါတယ္။

ဗာရိန္း ကို ေနာက္နွစ္ စာခ်ဳပ္ကုန္ဆံုးမွ ေခၚယူလိုတဲ့ ကလပ္ေတြကေတာ့ အမ်ားအျပား ရွိေနျပီး ရီးရဲလ္ဥကၠဌ ပီရက္ဇ္ ကေတာ့ ေျပာင္းေရႊ႕ွေၾကး ရဖို႔ ဒီေႏြမွာ ေရာင္းခ်လိုေနတာပါ။

ယူနိုက္တက္ က အသင္း ဗဟိုခံစစ္မွာ မက္ဂြဲရားနဲ႕ တြဲဖက္ဖို႔ ဗာရိန္းကို အဓိက ပစ္မွတ္ထားေနျပီး ျပင္သစ္သားကို ၂၀၁၁ တည္းက ယူနိုက္တက္ ေခၚယူဖို႔ ၾကိဳးစားခဲ့ဖူးပါတယ္။ ဗာရိန္းက ငယ္တည္းက ယူနိုက္တက္ ပရိသတ္ ျဖစ္ျပီး သူ႔ရဲ႕ ဟီးရိုးက ရီယို ဖာဒီနန္ ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ဖူးပါတယ္။

ျပီးသြားတဲ့ ေဘာလံုးရာသီမွာ ယူနိုက္တက္က ယခင္ နွစ္ရာသီ ခ်န္ပီယံေတြ ျဖစ္တဲ့ လီဗာပူးနဲ႕ မန္စီးတီးတို႔ ေပးဂိုးေတြထက္ ၈ ဂိုး ပိုေပးထားရတာပါ။ မက္ဂြဲရားက လက္ရွိ ေဘာလံုးေလာကရဲ႕ ေျပာင္းေရႊ႕ေၾကး အျမင့္ဆံုး ခံစစ္မွဴး ျဖစ္ျပီး ယူနိုက္တက္က ဗာရိန္းနဲ႕ တြဲဖက္ေစလိုေနပါတယ္။