လူကာကူကို ချယ်ဆီးအသင်း ပြန်ခေါ်သင့်ကြောင်း ရှင်းပြ တိုက်တွန်းလိုက်တဲ့ ပီတာခရော့ချ်

အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ကတော့ ချယ်ဆီးအသင်းဟာ ၎င်းတို့ တိုက်စစ်မှူးဟောင်း လူကာကူ ကို ဒီနွေမှာ ပြန်ခေါ်ဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်းလိုက်ပြီး လူကာကူဟာ ချယ်ဆီး၊ ယူနိုက်တက်တို့မှာ ရှိစဉ်ကထက် တစ်ဆင့် ပိုမြင့်သွားတဲ့ ထိပ်တန်းတိုက်စစ်မှူး ဖြစ်နေကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှူးဟာ ယူရို ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ အသင်းနဲ့ အတူ ခြေစွမ်းပြနေပြီး အုပ်စု အဖွင့်ပွဲတည်းက ရုရှားဘက် ၂ ဂိုး သွင်းယူထားခဲ့ပါတယ်။

ချယ်ဆီးက ဒီနွေမှာ တိုက်စစ်အင်အားတိုးဖို့ ရှာဖွေနေတယ် ဆိုရင် လူကာကူ က တကယ့် ခေါ်ယူမှုကောင်း ဖြစ်မယ်လို့ ခရော့ချ်က တိုက်တွန်းလာခဲ့တာပါ။

” ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အစကောင်းထားတဲ့ တိုက်စစ်မှူးကတော့ ရိုမီလူ လူကာကူပဲ။ သူက ဒီနွေမှာ ချယ်ဆီး အတွက် ခေါ်ယူမှုကောင်း ဖြစ်နိုင်တယ်။ သူက အညှာအတာ ကင်းကင်း တိုက်စစ် ဆင်နိုင်သလို သူ့ ဂိုးသွင်း မှတ်တမ်းကလည်း အံ့မခန်းပဲ။ ချယ်ဆီးရဲ့ တိုက်စစ်ကြောင်းမှာဆို လူကာကူက ကွက်တိ အံဝင်နိုင်ပါတယ်။

သူက အရင် ချယ်ဆီး၊ ယူနိုက်တက် တို့မှာ ကစားစဉ်ကနဲ့ လုံး၀ ကွဲပြားတဲ့သူ ဖြစ်နေပြီ။ အခု သူက ပိုမြင့်တဲ့ အဆင့်မှာ။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေ အကြောင်း ပြောရင် ထည့်ပြောနေရပြီ။ ဒီနှစ် လူကာကူကို ကြည့်ရင် သူက ခြေစွမ်း တောက်လျောက် ပြခဲ့တာ။ လုံး၀ မယုံနိုင်စရာပဲ။

သူက တိုက်စစ်ကို သူ့ဘာသာလည်း ဦးဆောင်နိုင်တယ်။ နေရာယူမှု ခွန်အားပိုင်း၊ ဘောလုံး ထိချက်နဲ့ ပွဲ အခြေအနေ သိတာတွေကလည်း တော်တော် တိုးတက်လာတယ်။ ” လို့ ခရော့ချ်က ချီးကျူးခဲ့ပါတယ်။

လူကာကူ က ဒီနွေမှာ အင်တာမီလန်ကနေ ထွက်ခွာပြီး ချယ်ဆီးအသင်းထံ ပြန်သွားနိုင်တယ် သတင်းတွေ ထွက်နေပေမယ့် ကစားသမားရဲ့ အေးဂျင့်ကတော့ ယူရိုပြိုင်ပွဲ ကာလမှာ လုံး၀ နှုတ်ပိတ်လို့ နေပါတယ်။

လူကာကူဟာ ချယ်ဆီးအသင်းမှာတုန်းက ၁၅ ပွဲသာ ကစားသွားခဲ့ရပြီး ခြေစွမ်း ပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ အဲဗာတန်၊ မန်ချက်စတာ ယူနိုက်တက်တို့ထံ ဆက်လက် ပြောင်းရွှေ့သွားသော်လည်း ထိပ်တန်း အဆင့်တော့ မရောက်ခဲ့ဘဲ အင်တာမီလန်ကျမှသာ ဂိုးသွင်းကောင်းလာတာ ဖြစ်ပါတယ်။

လူကာကူက ပြီးခဲ့တဲ့ ရာသီမှာ စီးရီးအေ ချန်ပီယံ ဖြစ်အောင် အင်တာကို ကူညီနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုးလည်း ၄၀ ထိ ရှိခဲ့ပါတယ်။

Zawgyi – အဂၤလန္တိုက္စစ္မွဴးေဟာင္း ပီတာခေရာ့ခ်္ကေတာ့ ခ်ယ္ဆီးအသင္းဟာ ၄င္းတို႕ တိုက္စစ္မွဴးေဟာင္း လူကာကူ ကို ဒီေႏြမွာ ျပန္ေခၚဖို႔ ၾကိဳးစားသင့္ေၾကာင္း တိုက္တြန္းလိုက္ျပီး လူကာကူဟာ ခ်ယ္ဆီး၊ ယူနိုက္တက္တို႔မွာ ရွိစဥ္ကထက္ တစ္ဆင့္ ပိုျမင့္သြားတဲ့ ထိပ္တန္းတိုက္စစ္မွဴး ျဖစ္ေနေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

အသက္ ၂၈ နွစ္ အရြယ္ တိုက္စစ္မွဴးဟာ ယူရို ျပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယံ အသင္းနဲ႕ အတူ ေျခစြမ္းျပေနျပီး အုပ္စု အဖြင့္ပြဲတည္းက ရုရွားဘက္ ၂ ဂိုး သြင္းယူထားခဲ့ပါတယ္။
ခ်ယ္ဆီးက ဒီေႏြမွာ တိုက္စစ္အင္အားတိုးဖို႔ ရွာေဖြေနတယ္ ဆိုရင္ လူကာကူ က တကယ့္ ေခၚယူမႈေကာင္း ျဖစ္မယ္လို႔ ခေရာ့ခ်္က တိုက္တြန္းလာခဲ့တာပါ။

” ယူရို ၂၀၂၀ ျပိဳင္ပြဲမွာ အစေကာင္းထားတဲ့ တိုက္စစ္မွဴးကေတာ့ ရိုမီလူ လူကာကူပဲ။ သူက ဒီေႏြမွာ ခ်ယ္ဆီး အတြက္ ေခၚယူမႈေကာင္း ျဖစ္နုိင္တယ္။ သူက အညွာအတာ ကင္းကင္း တိုက္စစ္ ဆင္နုိင္သလို သူ႔ ဂိုးသြင္း မွတ္တမ္းကလည္း အံ့မခန္းပဲ။ ခ်ယ္ဆီးရဲ႕ တိုက္စစ္ေၾကာင္းမွာဆို လူကာကူက ကြက္တိ အံ၀င္နုိင္ပါတယ္။

သူက အရင္ ခ်ယ္ဆီး၊ ယူနိုက္တက္ တို႔မွာ ကစားစဥ္ကနဲ႕ လံုး၀ ကြဲျပားတဲ့သူ ျဖစ္ေနျပီ။ အခု သူက ပိုျမင့္တဲ့ အဆင့္မွာ။ ကမၻာ့အေကာင္းဆံုး တိုက္စစ္မွဴးေတြ အေၾကာင္း ေျပာရင္ ထည့္ေျပာေနရျပီ။ ဒီနွစ္ လူကာကူကို ၾကည့္ရင္ သူက ေျခစြမ္း ေတာက္ေလ်ာက္ ျပခဲ့တာ။ လံုး၀ မယံုနိုင္စရာပဲ။

သူက တိုက္စစ္ကို သူ႔ဘာသာလည္း ဦးေဆာင္နုိင္တယ္။ ေနရာယူမႈ ခြန္အားပိုင္း၊ ေဘာလံုး ထိခ်က္နဲ႕ ပြဲ အေျခအေန သိတာေတြကလည္း ေတာ္ေတာ္ တိုးတက္လာတယ္။ ” လို႔ ခေရာ့ခ်္က ခ်ီးက်ဴးခဲ့ပါတယ္။

လူကာကူ က ဒီေႏြမွာ အင္တာမီလန္ကေန ထြက္ခြာျပီး ခ်ယ္ဆီးအသင္းထံ ျပန္သြားနိုင္တယ္ သတင္းေတြ ထြက္ေနေပမယ့္ ကစားသမားရဲ႕ ေအးဂ်င့္ကေတာ့ ယူရိုျပိဳင္ပြဲ ကာလမွာ လံုး၀ နႈတ္ပိတ္လို႕ ေနပါတယ္။

လူကာကူဟာ ခ်ယ္ဆီးအသင္းမွာတုန္းက ၁၅ ပြဲသာ ကစားသြားခဲ့ရျပီး ေျခစြမ္း ျပဖို႔ ရုန္းကန္ခဲ့ရပါတယ္။ ဘယ္လ္ဂ်ီယံ တိုက္စစ္မွဴးဟာ အဲဗာတန္၊ မန္ခ်က္စတာ ယူနိုက္တက္တို႔ထံ ဆက္လက္ ေျပာင္းေရႊ႕သြားေသာ္လည္း ထိပ္တန္း အဆင့္ေတာ့ မေရာက္ခဲ့ဘဲ အင္တာမီလန္က်မွသာ ဂိုးသြင္းေကာင္းလာတာ ျဖစ္ပါတယ္။

လူကာကူက ျပီးခဲ့တဲ့ ရာသီမွာ စီးရီးေအ ခ်န္ပီယံ ျဖစ္ေအာင္ အင္တာကို ကူညီနိုင္ခဲ့ျပီး ျပိဳင္ပြဲစံု သြင္းဂိုးလည္း ၄၀ ထိ ရွိခဲ့ပါတယ္။