ရီးရဲလ်ကနေ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာလာမယ့် ခံစစ်မှူး ရာမို့စ်က သူ့ကို ကမ်းလှမ်းတဲ့ နောက် ကလပ်အသင်းနဲ့ တစ်ပတ် ပေါင် ၂ သိန်း လစာနဲ့ ၂နှစ် စာချုပ် ချုပ်ဆိုလိုနေပါတယ်။ ဒါကြောင့် ယူနိုက်တက်က ရာမို့စ်ကို ခေါ်ဖို့ ဆိုတာ ဖြစ်နိုင်ခြေ နည်းပါးသွားပြီ ဖြစ်ပါတယ်။
ဗန်ဒီဘိခ်ရဲ့ အေးဂျင့် ဖြစ်သူကတော့ သူ့ ကစားသမား အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေက အမှားတွေ ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း အက်ရှ်လေယန်း ဟာ အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပါတယ်။
အားကစားသတင်းထောက် ရိုမန်နို အဆိုအရ မန်ချက်စတာ ယူနိုက်တက်နဲ့ ဒေါ့မွန်တို့ရဲ့ ဆန်ချို အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးမှုက အပေါင်းလက္ခဏာ ဆောင်ပြီး ဒီနွေမှာ ဖြစ်လာဖို့ အလားအလာကောင်းနေကြောင်း သိရပါတယ်။
ယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတို့ရဲ့ ၃လစာ ဘဏ္ဍာရေး ရှင်းတမ်းကို ထုတ်ပြန်ခဲ့ရာ ဝင်ငွေ ၄% ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီရှင်းတမ်းက နွေ အပြောင်းအရွှေ့ အစီအစဉ်တွေ အတွက် သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ယူနိုက်တက်ဟာ ရီးရဲလ် ခံစစ်မှူး ဗာရိန်း အတွက် ပေါင် သန်း ၅၀ နဲ့ စတင် ကမ်းလှမ်းခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်က ပေါင် သန်း ၈၀ ထိ အလိုရှိနေတာကြောင့် ငြင်းပယ်ခဲ့ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာန က ဖော်ထုတ်ထားပါတယ်။

Zawgyi – ရီးရဲလ္ကေန ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္ခြာလာမယ့္ ခံစစ္မွဴး ရာမို႔စ္က သူ႔ကို ကမ္းလွမ္းတဲ့ ေနာက္ ကလပ္အသင္းနဲ႕ တစ္ပတ္ ေပါင္ ၂ သိန္း လစာနဲ႕ ၂နွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုလိုေနပါတယ္။ ဒါေၾကာင့္ ယူနိုက္တက္က ရာမို႔စ္ကို ေခၚဖို႔ ဆိုတာ ျဖစ္နုိင္ေျခ နည္းပါးသြားျပီ ျဖစ္ပါတယ္။
ဗန္ဒီဘိခ္ရဲ႕ ေအးဂ်င့္ ျဖစ္သူကေတာ့ သူ႔ ကစားသမား အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္မႈေတြ ရွိေနတယ္ ဆိုတဲ့ သတင္းေတြက အမွားေတြ ျဖစ္ေၾကာင္း တုန္႔ျပန္ ေျပာဆိုလိုက္ပါတယ္။
ယူနိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း အက္ရွ္ေလယန္း ဟာ အက္စတြန္ဗီလာ အသင္းထံ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေျပာင္းေရႊ႕လာခဲ့ျပီ ျဖစ္ပါတယ္။
အားကစားသတင္းေထာက္ ရိုမန္နို အဆိုအရ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ေဒါ့မြန္တို႔ရဲ႕ ဆန္ခ်ိဳ အေျပာင္းအေရႊ႕ ကိစၥ ေဆြးေႏြးမႈက အေပါင္းလကၡဏာ ေဆာင္ျပီး ဒီေႏြမွာ ျဖစ္လာဖို႔ အလားအလာေကာင္းေနေၾကာင္း သိရပါတယ္။
ယူနိုက္တက္ရဲ႕ ျပီးခဲ့တဲ့ ဇန္န၀ါရီ၊ ေဖေဖာ္၀ါရီနဲ႕ မတ္လတို႔ရဲ႕ ၃လစာ ဘ႑ာေရး ရွင္းတမ္းကို ထုတ္ျပန္ခဲ့ရာ ၀င္ေငြ ၄% က်ဆင္းသြားခဲ့ပါတယ္။ ဒါေပမယ့္ ဒီရွင္းတမ္းက ေႏြ အေျပာင္းအေရႊ႕ အစီအစဥ္ေတြ အတြက္ သက္ေရာက္မႈ ရွိမွာ မဟုတ္ဘူးလို႔ သိရပါတယ္။
ယူနိုက္တက္ဟာ ရီးရဲလ္ ခံစစ္မွဴး ဗာရိန္း အတြက္ ေပါင္ သန္း ၅၀ နဲ႕ စတင္ ကမ္းလွမ္းခဲ့ေသာ္လည္း ရီးရဲလ္မက္ဒရစ္က ေပါင္ သန္း ၈၀ ထိ အလိုရွိေနတာေၾကာင့္ ျငင္းပယ္ခဲ့ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာန က ေဖာ္ထုတ္ထားပါတယ္။
