ချယ်ဆီးအသင်းအတွက် အားကိုးလို့ရတဲ့ သူ ဆိုတာ သက်သေပြလိုနေတဲ့ အသင်းသား

ချယ်ဆီး တိုက်စစ်မှူး ဂျီရူးကတော့ လန်ဒန်ကလပ်နဲ့ စာချုပ်သက်တမ်း တိုးအပြီးမှာ နည်းပြ လမ်းပတ် အနေနဲ့ သူ့အပေါ် အားကိုးအားထား ပြုလို့ရကြောင်း သက်သေပြဖို့ စိတ်အားထက်သန်နေပြီး ချယ်ဆီးနဲ့ အတူ ဆုဖလားတွေ ရယူဖို့ ပစ်မှတ်ထားနေပါတယ်။

ပြင်သစ်သားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတည်းက ချယ်ဆီးကနေ ထွက်ခွာသွားတော့မယ်လို့ ထင်ခဲ့ရပြီး လန်ဒန်မှာပဲ ဆက်ရှိနေခဲ့ကာ ပြီးခဲ့တဲ့ လကပဲ တစ်နှစ် သက်တမ်းတိုး စာချုပ်သစ် ထပ်မံ ချုပ်ဆိုခဲ့ပါတယ်။ ဂျီရူးက ချယ်ဆီးရဲ့ ပွဲထွက်ဦးစားပေး တိုက်စစ်မှူး နေရာကို လူငယ် ကစားသမား အေဗရာဟမ်အား လွှဲပေးခဲ့ရပေမယ့် အင်္ဂလန်သား ဒဏ်ရာရသွားချိန်မှာ ကစားခွင့် ရခဲ့ပါတယ်။

ရပ်နားထားတဲ့ ဘောလုံးပွဲတွေ ပြန်စရင် ချယ်ဆီးအသင်း ပွဲထွက်စာရင်းမှာ ဆက်လက် ပါဝင်ဖို့ ဂျီရူးက ပစ်မှတ်ထားနေပြီး နည်းပြ အားထားလို့ ရတဲ့ ကစားသမား ဖြစ်ကြောင်း အစွမ်းပြလိုနေပါတယ်။

” အခွင့်အရေး ရတဲ့အချိန်မှာ ကျနော် ဆုပ်ကိုင်နိုင်ခဲ့တယ်။ မန်နေဂျာက ကျနော့်ကို ယုံကြည်သလို သူ့ကို ပြန် ပေးဆပ်နိုင်ခဲ့တယ်။ ဒါကြောင့်လည်း ကလပ်အသင်းက ချယ်ဆီးမှာ ကျနေ်ာ့ကို ဆက်ရှိစေဖို့ စာချုပ်သစ် ကမ်းလှမ်းခဲ့တာ။ ကျနော်လည်း ချက်ချင်းကို လက်ခံခဲ့ဖြစ်တယ် ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာ ကျနေ်ာ သဘောကျပျော်ရွှင်တာကိုး။

ကျနော် ဆုဖလားတွေ ဆက်ပြီး အောင်နိုင်ချင်တယ်။ ကျနော်က အားကိုးရတဲ့ ကစားသမား တစ်ယောက်ဆိုတာ မန်နေဂျာကို ပြသချင်တယ်။ ဒါ့အပြင် ဒီလို အခြေအနေမျိုးမှာ တခြားနေရာ ပြောင်းပြီး ပြည်ပထွက်တာတွေ ဘာတွေလည်း မလုပ်ချင်ဘူး။ ဒီမှာ သိပ် အဆင်ပြေ အခြေကျနေပြီ။ အခု ကျနော့် မိသားစု အကြောင်းကို ပိုတွေးပေးဖြစ်တယ်။ ” လို့ ဂျီရူးက ပြောဆိုခဲ့ပါတယ်။

ဂျီရူးကို လန်ဒန်ပြိုင်ဘက် စပါးအသင်းနဲ့ အီတလီကလပ် အင်တာမီလန်တို့က ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ အလေးအနက် ချိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်က တားဆီးခဲ့တာကြောင့် အသင်းမပြောင်း ဖြစ်ခဲ့ကြောင်း ပြင်သစ်သားက ပြောကြားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူးကေတာ့ လန္ဒန္ကလပ္နဲ႕ စာခ်ဳပ္သက္တမ္း တိုးအျပီးမွာ နည္းျပ လမ္းပတ္ အေနနဲ႕ သူ႔အေပၚ အားကိုးအားထား ျပဳလုို႔ရေၾကာင္း သက္ေသျပဖို႔ စိတ္အားထက္သန္ေနျပီး ခ်ယ္ဆီးနဲ႕ အတူ ဆုဖလားေတြ ရယူဖို႔ ပစ္မွတ္ထားေနပါတယ္။

ျပင္သစ္သားဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီတည္းက ခ်ယ္ဆီးကေန ထြက္ခြာသြားေတာ့မယ္လို႔ ထင္ခဲ့ရျပီး လန္ဒန္မွာပဲ ဆက္ရိွေနခဲ့ကာ ျပီးခဲ့တဲ့ လကပဲ တစ္နွစ္ သက္တမ္းတိုး စာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုခဲ့ပါတယ္။ ဂ်ီရူးက ခ်ယ္ဆီးရဲ႕ ပြဲထြက္ဦးစားေပး တိုက္စစ္မွဴး ေနရာကို လူငယ္ ကစားသမား ေအဗရာဟမ္အား လႊဲေပးခဲ့ရေပမယ့္ အဂၤလန္သား ဒဏ္ရာရသြားခ်ိန္မွာ ကစားခြင့္ ရခဲ့ပါတယ္။

ရပ္နားထားတဲ့ ေဘာလံုးပြဲေတြ ျပန္စရင္ ခ်ယ္ဆီးအသင္း ပြဲထြက္စာရင္းမွာ ဆက္လက္ ပါ၀င္ဖို႔ ဂ်ီရူးက ပစ္မွတ္ထားေနျပီး နည္းျပ အားထားလို႔ ရတဲ့ ကစားသမား ျဖစ္ေၾကာင္း အစြမ္းျပလိုေနပါတယ္။

” အခြင့္အေရး ရတဲ့အခ်ိန္မွာ က်ေနာ္ ဆုပ္ကိုင္နိုင္ခဲ့တယ္။ မန္ေနဂ်ာက က်ေနာ့္ကို ယံုၾကည္သလို သူ႔ကို ျပန္ ေပးဆပ္နုိင္ခဲ့တယ္။ ဒါေၾကာင့္လည္း ကလပ္အသင္းက ခ်ယ္ဆီးမွာ က်ေန္ာ့ကို ဆက္ရွိေစဖို႔ စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့တာ။ က်ေနာ္လည္း ခ်က္ခ်င္းကို လက္ခံခဲ့ျဖစ္တယ္ ဘာျဖစ္လို႕လဲ ဆိုေတာ့ ဒီမွာ က်ေန္ာ သေဘာက်ေပ်ာ္ရႊင္တာကိုး။

က်ေနာ္ ဆုဖလားေတြ ဆက္ျပီး ေအာင္နုိင္ခ်င္တယ္။ က်ေနာ္က အားကိုးရတဲ့ ကစားသမား တစ္ေယာက္ဆိုတာ မန္ေနဂ်ာကို ျပသခ်င္တယ္။ ဒါ့အျပင္ ဒီလို အေျခအေနမ်ိဳးမွာ တျခားေနရာ ေျပာင္းျပီး ျပည္ပထြက္တာေတြ ဘာေတြလည္း မလုပ္ခ်င္ဘူး။ ဒီမွာ သိပ္ အဆင္ေျပ အေျခက်ေနျပီ။ အခု က်ေနာ့္ မိသားစု အေၾကာင္းကို ပိုေတြးေပးျဖစ္တယ္။ ” လို႔ ဂ်ီရူးက ေျပာဆိုခဲ့ပါတယ္။

ဂ်ီရူးကို လန္ဒန္ျပိဳင္ဘက္ စပါးအသင္းနဲ႕ အီတလီကလပ္ အင္တာမီလန္တို႔က ျပီးခဲ့တဲ့ အေျပာင္းအေရႊ႕မွာ အေလးအနက္ ခ်ိတ္ဆက္ခဲ့ပါတယ္။ ဒါေပမယ့္ လမ္းပတ္က တားဆီးခဲ့တာေၾကာင့္ အသင္းမေျပာင္း ျဖစ္ခဲ့ေၾကာင္း ျပင္သစ္သားက ေျပာၾကားခဲ့ပါတယ္။