ဟာကီမီရဲ့ ယူရို သန်း ၈၀ ဈေးနှုန်းကို လျော့ချနိုင်ဖို့ ပလန်သစ်တွေဖြင့် ချဉ်းကပ်တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ မန်နေဂျာအင်ဇာဂီရဲ့ အင်တာမီလန်အသင်းက ဒီနွေမှာ ထုတ်ရောင်းမယ်လို့ အတည်ပြုထားတဲ့ အစွန်လူ ဟာကီမီကို ခေါ်ယူနိုင်ဖို့ နည်းလမ်းသစ်တွေဖြင့် ကြိုးစားနေပါတယ်။

ဘဏ္ဍာရေးအခက်အခဲကြောင့် အင်တာမီလန်ဟာ ကလပ်ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ ဟာကီမီကို ရောင်းထုတ်ရဖို့ ဖြစ်လာခဲ့တာပါ။ ချယ်ဆီးအသင်းက ကစားသမား အများအပြားကို ဟာကီမီ အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းအဖြစ် ကမ်းလှမ်းမှုလုပ်ဖို့ မျှော်လင့်နေတာဖြစ်တယ်။ ကစားသမား အလဲအထပ်ဖြင့် ကမ်းလှမ်းမှုဟာ ဟာကီမီရဲ့ တန်ကြေးကို လျော့ကျစေမယ်လို့ ချယ်ဆီးဘက်က မြင်ထားတယ်။

နောက်ဆုံး ကမ်းလှမ်းမှုမှာတော့ ချယ်ဆီးဟာ အသင်းအတွက် အံမဝင်တော့တဲ့ အသက် ၃၀ အရွယ် ခံစစ်သမားတွေဖြစ်တဲ့ အလွန်ဆို၊ ဇာပါကော်စတာတို့ကို အလိုက်ပေးမှုဖြင့် ဟာကီမီအတွက် ကမ်းလှမ်းထားပါတယ်။ လန်ဒန်ကလပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ ခုမှာ သူတို့နှစ်ဦးအတွက် ဝယ်လက် ရှာဖွေနေပေမယ့် မအောင်မြင်ထားပါဘူး။

အင်တာဟာ အလွန်ဆိုကို ကာလရှည် စိတ်ဝင်စားခဲ့တဲ့ အသင်းဖြစ်သလို ဇာပါကော်စတာကလည်း စီးရီးအေကလပ် ဂျီနိုအာထံ အငှားထွက်ကစားရာမှာ ဘောလုံးရာသီကောင်းကို ပိုင်ဆိုင်ထားခဲ့တာပါ။ ဒီကမ်းလှမ်းမှုဟာ ချယ်ဆီးရဲ့ လူစာရင်း ရှင်းထုတ်မှုကို အဆင်ပြေစေမှာဖြစ်သလို ဟာကီမီရဲ့ ယူရို သန်း ၈၀ တန်ကြေးကိုလည်း လျော့ချစေနိုင်မှာပါ။

အင်တာဘက်ကတော့ ဟာကီမီအတွက် ကစားသမား အလိုက်ပါတဲ့ ကမ်းလှမ်းမှုမျိုး နှစ်သက်မလား မသေချာသေးပါဘူး။ ပီအက်စ်ဂျီကလည်း ဟာကီမီကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေသေးတာဖြစ်ပေမယ့် လက်တလောထိတော့ ချယ်ဆီးကပဲ ပိုမို ရေပန်းစားတဲ့အသင်း ဖြစ်နေဆဲဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ မန္ေနဂ်ာအင္ဇာဂီရဲ႕ အင္တာမီလန္အသင္းက ဒီေႏြမွာ ထုတ္ေရာင္းမယ္လို႔ အတည္ျပဳထားတဲ့ အစြန္လူ ဟာကီမီကို ေခၚယူႏုိင္ဖို႔ နည္းလမ္းသစ္ေတြျဖင့္ ၾကိဳးစားေနပါတယ္။

ဘ႑ာေရးအခက္အခဲေၾကာင့္ အင္တာမီလန္ဟာ ကလပ္ရဲ႕ ၾကယ္ပြင့္ျဖစ္တ့ဲ ဟာကီမီကို ေရာင္းထုတ္ရဖို႔ ျဖစ္လာခဲ့တာပါ။ ခ်ယ္ဆီးအသင္းက ကစားသမား အမ်ားအျပားကို ဟာကီမီ အေျပာင္းအေရႊ႔ရဲ႕ အစိတ္အပိုင္းအျဖစ္ ကမ္းလွမ္းမႈလုပ္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္တယ္။ ကစားသမား အလဲအထပ္ျဖင့္ ကမ္းလွမ္းမႈဟာ ဟာကီမီရဲ႕ တန္ေၾကးကို ေလ်ာ့က်ေစမယ္လို႔ ခ်ယ္ဆီးဘက္က ျမင္ထားတယ္။

ေနာက္ဆံုး ကမ္းလွမ္းမႈမွာေတာ့ ခ်ယ္ဆီးဟာ အသင္းအတြက္ အံမဝင္ေတာ့တဲ့ အသက္ ၃၀ အရြယ္ ခံစစ္သမားေတြျဖစ္တဲ့ အလြန္ဆို၊ ဇာပါေကာ္စတာတို႔ကို အလိုက္ေပးမႈျဖင့္ ဟာကီမီအတြက္ ကမ္းလွမ္းထားပါတယ္။ လန္ဒန္ကလပ္ဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီ ၂ ခုမွာ သူတို႔ႏွစ္ဦးအတြက္ ဝယ္လက္ ရွာေဖြေနေပမယ့္ မေအာင္ျမင္ထားပါဘူး။

အင္တာဟာ အလြန္ဆိုကို ကာလရွည္ စိတ္ဝင္စားခဲ့တဲ့ အသင္းျဖစ္သလို ဇာပါေကာ္စတာကလည္း စီးရီးေအကလပ္ ဂ်ီႏိုအာထံ အငွားထြက္ကစားရာမွာ ေဘာလံုးရာသီေကာင္းကို ပိုင္ဆိုင္ထားခဲ့တာပါ။ ဒီကမ္းလွမ္းမႈဟာ ခ်ယ္ဆီးရဲ႕ လူစာရင္း ရွင္းထုတ္မႈကို အဆင္ေျပေစမွာျဖစ္သလို ဟာကီမီရဲ႕ ယူရို သန္း ၈၀ တန္ေၾကးကိုလည္း ေလ်ာ့ခ်ေစႏုိင္မွာပါ။

အင္တာဘက္ကေတာ့ ဟာကီမီအတြက္ ကစားသမား အလိုက္ပါတဲ့ ကမ္းလွမ္းမႈမ်ိဳး ႏွစ္သက္မလား မေသခ်ာေသးပါဘူး။ ပီအက္စ္ဂ်ီကလည္း ဟာကီမီကို ေခၚယူႏုိင္ဖို႔ ၾကိဳးစားေနေသးတာျဖစ္ေပမယ့္ လက္တေလာထိေတာ့ ခ်ယ္ဆီးကပဲ ပိုမို ေရပန္းစားတဲ့အသင္း ျဖစ္ေနဆဲျဖစ္ပါတယ္။