ယနေ့ ညပိုင်း နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (19/06/21)

ဂျော်ဂျင်ဟို အတွက် ဆက်သွယ် မေးမြန်းမှုတွေ ရရှိထားပေမယ့် ချယ်ဆီးနဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်စွဲထားတဲ့ သူ့ ကစားသမားက နောက်နှစ်လည်း အသင်းမှာပဲ ဆက်ရှိသွားဖွယ် ရှိကြောင်း အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အင်တာမီလန် အစွန်ခံစစ်သမား ဟာကိမိ ကို ရဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေတယ်လို့ အီတလီ သတင်းတွေက ဖော်ပြနေပါတယ်။ ဟာကိမိ အတွက် ကမ်းလှမ်းမှုထဲမှာ ကစားသမား အလိုက်ပေးတာ ပါဝင်ပြီး နောက်ဆုံး အနေနဲ့ အလွန်ဆို ကိုပါ အလိုက်ပေးတဲ့ ကစားသမားတွေထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

သီယေဂို ဆေးလ်ဗား ချယ်ဆီးအသင်းထံ ပြောင်းလာပြီး အောင်မြင်ခဲ့သလို ရီးရဲလ်က ထွက်လာမယ့် ရာမို့စ် အနေနဲ့လည်း ဆေးလ်ဗားထက်တောင် သန်မာတာ ဖြစ်လို့ ပရီးမီးယားလိဂ်မှာ အံဝင် ခြေစွမ်းပြနိုင်မယ်လို့ မော်ရင်ညို က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်မယ့် ရာမို့စ်ကို ပရီးမီးယားလိဂ် ကလပ်တွေထဲက ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ခေါ်ယူဖွယ် ရှိကြောင်း သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။

ချယ်ဆီးလူငယ် ကစားသမားလေး ဘီလီ ဂေးလ်မားဟာ ညက အင်္ဂလန်နဲ့ ပွဲမှာ စကော့တလန် လက်ရွေးစင် အသင်းနဲ့ အတူ ပထမဆုံး ပွဲထွက် ပါဝင်ခွင့် ရခဲ့ပြီး ထူးချွန်စွာ ခြေစွမ်းပြခဲ့ပါတယ်။

ဂေးလ်မားက စကော့တလန် အတွက် ဘောလုံး ပေးပို့မှု ၄၄ ကြိမ် ပြုလုပ်ပြီး တိကျမှု ၉၀% ရှိခဲ့ပါတယ်။ စကော့ ကွင်းလယ်မှာ အစွမ်းပြ ထိန်းချုပ် ကစားသွားတဲ့ ဂေးလ်မားက ပွဲစဉ် အကောင်းဆုံး ကစားသမား ဆုလည်း ရရှိခဲ့ပါတယ်။

Zawgyi – ေဂ်ာ္ဂ်င္ဟို အတြက္ ဆက္သြယ္ ေမးျမန္းမႈေတြ ရရွိထားေပမယ့္ ခ်ယ္ဆီးနဲ႕ အတူ ခ်န္ပီယံလိဂ္ ဗိုလ္စြဲထားတဲ့ သူ႔ ကစားသမားက ေနာက္နွစ္လည္း အသင္းမွာပဲ ဆက္ရွိသြားဖြယ္ ရွိေၾကာင္း ေအးဂ်င့္ ျဖစ္သူက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အင္တာမီလန္ အစြန္ခံစစ္သမား ဟာကိမိ ကို ရဖို႔ အလားအလာ အေကာင္းဆံုး ျဖစ္ေနတယ္လို႔ အီတလီ သတင္းေတြက ေဖာ္ျပေနပါတယ္။ ဟာကိမိ အတြက္ ကမ္းလွမ္းမႈထဲမွာ ကစားသမား အလိုက္ေပးတာ ပါ၀င္ျပီး ေနာက္ဆံုး အေနနဲ႕ အလြန္ဆို ကိုပါ အလိုက္ေပးတဲ့ ကစားသမားေတြထဲ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။

သီေယဂို ေဆးလ္ဗား ခ်ယ္ဆီးအသင္းထံ ေျပာင္းလာျပီး ေအာင္ျမင္ခဲ့သလို ရီးရဲလ္က ထြက္လာမယ့္ ရာမို႔စ္ အေနနဲ႕လည္း ေဆးလ္ဗားထက္ေတာင္ သန္မာတာ ျဖစ္လို႔ ပရီးမီးယားလိဂ္မွာ အံ၀င္ ေျခစြမ္းျပနိုင္မယ္လို႔ ေမာ္ရင္ညိဳ က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရနုိင္မယ့္ ရာမို႔စ္ကို ပရီးမီးယားလိဂ္ ကလပ္ေတြထဲက ခ်ယ္ဆီးနဲ႕ ယူနိုက္တက္တို႔ ေခၚယူဖြယ္ ရွိေၾကာင္း သတင္းေတြမွာ ေဖာ္ျပပါရွိပါတယ္။

ခ်ယ္ဆီးလူငယ္ ကစားသမားေလး ဘီလီ ေဂးလ္မားဟာ ညက အဂၤလန္နဲ႕ ပြဲမွာ စေကာ့တလန္ လက္ေရြးစင္ အသင္းနဲ႕ အတူ ပထမဆံုး ပြဲထြက္ ပါ၀င္ခြင့္ ရခဲ့ျပီး ထူးခၽြန္စြာ ေျခစြမ္းျပခဲ့ပါတယ္။

ေဂးလ္မားက စေကာ့တလန္ အတြက္ ေဘာလံုး ေပးပို႔မႈ ၄၄ ၾကိမ္ ျပဳလုပ္ျပီး တိက်မႈ ၉၀% ရွိခဲ့ပါတယ္။ စေကာ့ ကြင္းလယ္မွာ အစြမ္းျပ ထိန္းခ်ဳပ္ ကစားသြားတဲ့ ေဂးလ္မားက ပြဲစဥ္ အေကာင္းဆံုး ကစားသမား ဆုလည္း ရရွိခဲ့ပါတယ္။