ဟာလန်း မရခဲ့ရင် အရန် ပစ်မှတ် အဖြစ် တူချယ်ရဲ့ တပည့်ဟောင်း တိုက်စစ်မှူးကို ချယ်ဆီး ချိန်ရွယ်

ချယ်ဆီးအသင်းဟာ ဒီနွေမှာ အဓိက တိုက်စစ် ပစ်မှတ် ဖြစ်တဲ့ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို မရခဲ့ရင် ခေါ်ယူဖို့ အခြား ပစ်မှတ်ကစားသမားများကိုလည်း ရှာဖွေနေဆဲ ဖြစ်ပြီး နည်းပြ သောမတ်စ် တူချယ် ဒေါ့မွန်မှာ ရှိစဉ်က လက်တွဲခဲ့ဖူးတဲ့ ရီးရဲလ် ဆိုဆီဒက် တိုက်စစ်မှူး အလက်ဇန်းဒါး အိုင်ဆက် ကို မျက်စိကျနေပါတယ်။

အိုင်ဆက်က ဥရောပ အလားအလားအကောင်းဆုံး တိုက်စစ်မှူးတွေထဲ ပါဝင်ပြီး လက်ရှိ ကျင်းပနေတဲ့ ယူရို ၂၀၂၀ မှာလည်း ဆွီဒင် အသင်းနဲ့ အတူ ခြေစွမ်းပြနေပါတယ်။ အိုင်ဆက် ကို အာဆင်နယ်ကလည်း ပစ်မှတ်ထား ချိန်ရွယ်နေကြောင်း သတင်းထွက်ထားပါတယ်။

စပိန်သတင်း AS ဖော်ထုတ်ချက် အရ အိုင်ဆက် ကို ခေါ်ယူလိုတဲ့ ပရီးမီးယားလိဂ် ကလပ်က အာဆင်နယ် တစ်သင်းတည်း မဟုတ်ဘဲ ချယ်ဆီးလည်း ပါဝင်နေပြီ လို့ သိရပါတယ်။ ချယ်ဆီး က အိုင်ဆက်ကို အနီးကပ် စောင့်ကြည့်နေပြီး ကမ်းလှမ်းဖို့ပါ စဉ်းစားနေပြီ လို့ ဆိုပါတယ်။

အိုင်ဆက် ကို ခေါ်ယူဖို့ကလည်း ဈေးချိုချိုနဲ့ ရရှိနိုင်မှာတော့ မဟုတ်ဘဲ ရီးရဲလ် ဆိုဆီဒက် က စာချုပ်ပါ ရောင်းချခွင့် ပေါင် သန်း ၆၀ ထက် နည်းတဲ့ ကမ်းလှမ်းမှုကို လက်ခံနိုင်ဖွယ် မရှိပါဘူး။ စပိန်ကလပ်ဟာ ဒေါ့မွန်ကနေ အိုင်ဆက် ကို ခေါ်ယူစဉ်က ပြန်ဝယ်ခွင့် ထည့်သွင်းခဲ့ပေမယ့် ထို အချက် အတွက် ငွေပြန်အမ်းထားပါသေးတယ်။

ချယ်ဆီးနည်းပြ တူချယ်က အိုင်ဆက် ကို ဂျာမနီမှာ ရှိတည်းက သိခဲ့တာ ဖြစ်ပြီး ဆွီဒင်သား အရောက်မှာ တူချယ်နဲ့ ဘုတ်အဖွဲ့ကြား အရှုပ်အထွေးတွေကြောင့် ခေတ္တလောက်သာ တွေ့ဆုံ အလုပ်လုပ်ခွင့် ရလိုက်ပါတယ်။

အိုင်ဆက်က ဒေါ့မွန်မှာတော့ သိပ် ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ဘဲ လာလီဂါသို့ ရောက်မှ ဆိုဆီဒက်နဲ့ အတူ အစွမ်းပြလာနိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကလပ်အသင်း အတွက် ၁၇ ဂိုး သွင်းထားတဲ့ အိုင်ဆက်ဟာ လတ်တလော ယူရိုပွဲမှာ ဆွီဒင်ရဲ့ ဆလိုဗက်ကီးယားကို နိုင်တဲ့ ပွဲမှာလည်း ပွဲစဉ် အကောင်းဆုံး ကစားသမား ဆု ရရှိထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာ အဓိက တုိက္စစ္ ပစ္မွတ္ ျဖစ္တဲ့ ေဒါ့မြန္ၾကယ္ပြင့္ ဟာလန္းကို မရခဲ့ရင္ ေခၚယူဖို႔ အျခား ပစ္မွတ္ကစားသမားမ်ားကိုလည္း ရွာေဖြေနဆဲ ျဖစ္ျပီး နည္းျပ ေသာမတ္စ္ တူခ်ယ္ ေဒါ့မြန္မွာ ရွိစဥ္က လက္တြဲခဲ့ဖူးတဲ့ ရီးရဲလ္ ဆိုဆီဒက္ တိုက္စစ္မွဴး အလက္ဇန္းဒါး အိုင္ဆက္ ကို မ်က္စိက်ေနပါတယ္။

အိုင္ဆက္က ဥေရာပ အလားအလားအေကာင္းဆံုး တိုက္စစ္မွဴးေတြထဲ ပါ၀င္ျပီး လက္ရွိ က်င္းပေနတဲ့ ယူရို ၂၀၂၀ မွာလည္း ဆြီဒင္ အသင္းနဲ႕ အတူ ေျခစြမ္းျပေနပါတယ္။ အိုင္ဆက္ ကို အာဆင္နယ္ကလည္း ပစ္မွတ္ထား ခ်ိန္ရြယ္ေနေၾကာင္း သတင္းထြက္ထားပါတယ္။

စပိန္သတင္း AS ေဖာ္ထုတ္ခ်က္ အရ အိုင္ဆက္ ကို ေခၚယူလိုတဲ့ ပရီးမီးယားလိဂ္ ကလပ္က အာဆင္နယ္ တစ္သင္းတည္း မဟုတ္ဘဲ ခ်ယ္ဆီးလည္း ပါ၀င္ေနျပီ လို႔ သိရပါတယ္။ ခ်ယ္ဆီး က အိုင္ဆက္ကို အနီးကပ္ ေစာင့္ၾကည့္ေနျပီး ကမ္းလွမ္းဖို႔ပါ စဥ္းစားေနျပီ လို႔ ဆိုပါတယ္။

အိုင္ဆက္ ကို ေခၚယူဖို႔ကလည္း ေစ်းခ်ိဳခ်ိဳနဲ႕ ရရွိနိုင္မွာေတာ့ မဟုတ္ဘဲ ရီးရဲလ္ ဆိုဆီဒက္ က စာခ်ဳပ္ပါ ေရာင္းခ်ခြင့္ ေပါင္ သန္း ၆၀ ထက္ နည္းတဲ့ ကမ္းလွမ္းမႈကို လက္ခံနိုင္ဖြယ္ မရွိပါဘူး။ စပိန္ကလပ္ဟာ ေဒါ့မြန္ကေန အိုင္ဆက္ ကို ေခၚယူစဥ္က ျပန္၀ယ္ခြင့္ ထည့္သြင္းခဲ့ေပမယ့္ ထို အခ်က္ အတြက္ ေငြျပန္အမ္းထားပါေသးတယ္။

ခ်ယ္ဆီးနည္းျပ တူခ်ယ္က အုိင္ဆက္ ကို ဂ်ာမနီမွာ ရွိတည္းက သိခဲ့တာ ျဖစ္ျပီး ဆြီဒင္သား အေရာက္မွာ တူခ်ယ္နဲ႕ ဘုတ္အဖြဲ႕ၾကား အရႈပ္အေထြးေတြေၾကာင့္ ေခတၱေလာက္သာ ေတြ႔ဆံု အလုပ္လုပ္ခြင့္ ရလိုက္ပါတယ္။

အိုင္ဆက္က ေဒါ့မြန္မွာေတာ့ သိပ္ ေျခစြမ္းေကာင္းေတြ မျပသနိုင္ခဲ့ဘဲ လာလီဂါသို႔ ေရာက္မွ ဆိုဆီဒက္နဲ႕ အတူ အစြမ္းျပလာနိုင္တာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ရာသီက ကလပ္အသင္း အတြက္ ၁၇ ဂိုး သြင္းထားတဲ့ အိုင္ဆက္ဟာ လတ္တေလာ ယူရိုပြဲမွာ ဆီြဒင္ရဲ႕ ဆလိုဗက္ကီးယားကို နုိင္တဲ့ ပြဲမွာလည္း ပြဲစဥ္ အေကာငး္ဆံုး ကစားသမား ဆု ရရွိထားပါတယ္။