ယူရိုအုပ်စုပွဲတွေမှာ ဆက်လက် ခြေစွမ်းပြနေတဲ့ ကြယ်ပွင့်တွေနဲ့ ယနေ့ ညပိုင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ
ဂျာမနီရဲ့ ပေါ်တူဂီ ကို ၄-၂ နဲ့ နိုင်တဲ့ ယူရို အုပ်စုပွဲစဉ်မှာ ချယ်ဆီး တိုက်စစ် ကိုင်ဟာဗက်ဇ်က ထူးချွန်စွာ ခြေစွမ်းပြနိုင်တဲ့ အပြင် ဂျာမနီ အတွက် တစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဟာဇက်က ဂျာမနီရဲ့ သွင်းဂိုး ၄ ဂိုးထဲမှာ ၃ ဂိုး က သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေ ပါဝင်ခဲ့ပါတယ်။
ပြင်သစ် အသင်းကတော့ အိမ်ကွင်းမှာ ဟန်ဂေရီ ကို ဧည့်ခံ ကစားရာမှာ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ ထိုပွဲမှာ ပြင်သစ် ရှုံးပေမယ့် ကန်တေက ကွင်းထဲ နေရာတိုင်း ပြေးလွှား ခြေစွမ်းပြခဲ့ပြီး အသင်းကို ကူညီပေးခဲ့ပါတယ်။
ချယ်ဆီးနဲ့ စကော့တလန် ကွင်းလယ် ကြယ်ပွင့်လေး ဂေးလ်မားဟာ ထူးထူးခြားခြား အနေနဲ့ အသင်းကြီးတွေ အတွက် သူ ပွဲထွက် စတင် ကစားခွင့်ရတဲ့ ပြိုင်ပွဲ ၄ ခု လုံးမှာ အကောင်းဆုံး ကစားသမား ဆုတွေ ရထားပါတယ်။
အက်ရှ်လေကိုးလ် ကတော့ ဘန်ချေးဝဲလ်ဟာ ချယ်ဆီး အတွက် စတင် ကစားတဲ့ ပွဲဦးထွက် ဘောလုံးရာသီမှာတောင် အသင်း အတွက် သက်ရောက်မှု ရှိရှိ အစွမ်းပြထားကြောင်း ချီးကျူးခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ဒီနွေမှာ ဟာလန်းကို မခေါ်ယူနိုင်ခဲ့ရင် ဆိုတဲ့ အခြေအနေ အတွက် ရီးရဲလ်ဆိုဆီဒက်မှ ဆွီဒင်သား တိုက်စစ်မှူး အိုင်ဆက် ကို အရန် ပစ်မှတ် အဖြစ် သတ်မှတ် စောင့်ကြည့်နေပါတယ်။