ယူနိုက်တက်ဟာ မက်ဂွဲရားနဲ့ အတူ ကစားဖို့ ဗဟိုခံစစ်မှူး ဈေးကွက်ထဲ ရှာဖွေနေရာ လက်စတာ ခံစစ်မှူး ဆိုရမ်ကူ က ၎င်းတို့ အလိုရှိတဲ့ စာရင်းထဲ ပါဝင်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချို ကို ခေါ်ယူဖို့ ပေါင် ၇၇ သန်း သုံးစွဲမှ ရမယ်လို့ ဒေါ့မွန်ဘက်က အကြောင်းကြားထားကြောင်း သိရပြီး ဂျာမန်ကလပ်ဟာ ပြီးခဲ့တဲ့ နွေကလိုပဲ လိုချင်တဲ့ ဈေး ရမှ ရောင်းချဖွယ် ရှိနေပါတယ်။
စီးရီးအေကလပ် ဖီရင်အိုတီးနား အသင်းဟာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ညာစွန်ခံစစ်မှူး မီလန်ကိုဗစ် ကို ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်း (ပေါင် ၁၅သန်း) ရရင် ရောင်းချဖို့ ပြင်ဆင်နေပါတယ်။
အသက် ၂၃ နှစ် အရွယ် ဆားဘီးယားသားကို ယူနိုက်တက် အပြင် ဂျူဗင်တပ်နဲ့ အခြား ထိပ်သီးကလပ်တွေကလည်း စိတ်ဝင်စားမှု ပြသထားပါတယ်။
လူငယ်ခံစစ်မှူး ဘရန်ဒန် ဝီလီယံကို လာမယ့်ရာသီမှာ အငှား ထွက် ကစားဖို့ ယူနိုက်တက် အသင်းက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ခံစစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ၅ ပွဲသာ ကစားခဲ့ရပါတယ်။
နောက်နှစ် နွေမှာ စာချုပ် ကုန်ဆုံးတော့မယ့် ပြင်သစ် လက်ရွေးစင် ကွင်းလယ် ပေါ့ဘာကို ယူနိုက်တက် က ပရီးမီးယားလိဂ် လစာ အမြင့်ဆုံး ကစားသမား ဖြစ်လာအောင် လုပ်ခ တစ်ပတ် ပေါင် ၄ သိန်း ထိ တိုးမြှင့်ပြီး လေးနှစ် စာချုပ် ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း အင်္ဂလန်သတင်းတွေက ဆိုပါတယ်။

Zawgyi – ယူနိုက္တက္ဟာ မက္ဂြဲရားနဲ႕ အတူ ကစားဖို႔ ဗဟိုခံစစ္မွဴး ေစ်းကြက္ထဲ ရွာေဖြေနရာ လက္စတာ ခံစစ္မွဴး ဆိုရမ္ကူ က ၄င္းတို႔ အလိုရွိတဲ့ စာရင္းထဲ ပါ၀င္ေနပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆန္ခ်ိဳ ကို ေခၚယူဖို႔ ေပါင္ ၇၇ သန္း သံုးစြဲမွ ရမယ္လို႔ ေဒါ့မြန္ဘက္က အေၾကာင္းၾကားထားေၾကာင္း သိရျပီး ဂ်ာမန္ကလပ္ဟာ ျပီးခဲ့တဲ့ ေႏြကလိုပဲ လိုခ်င္တဲ့ ေစ်း ရမွ ေရာင္းခ်ဖြယ္ ရွိေနပါတယ္။
စီးရီးေအကလပ္ ဖီရင္အိုတီးနား အသင္းဟာ ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ ညာစြန္ခံစစ္မွဴး မီလန္ကိုဗစ္ ကို ေျပာင္းေရႊ႕ေၾကး ယူရို ၁၈ သန္း (ေပါင္ ၁၅သန္း) ရရင္ ေရာင္းခ်ဖို႔ ျပင္ဆင္ေနပါတယ္။
အသက္ ၂၃ နွစ္ အရြယ္ ဆားဘီးယားသားကို ယူနိုက္တက္ အျပင္ ဂ်ဴဗင္တပ္နဲ႕ အျခား ထိပ္သီးကလပ္ေတြကလည္း စိတ္၀င္စားမႈ ျပသထားပါတယ္။
လူငယ္ခံစစ္မွဴး ဘရန္ဒန္ ၀ီလီယံကို လာမယ့္ရာသီမွာ အငွား ထြက္ ကစားဖို႔ ယူနိုက္တက္ အသင္းက ခြင့္ျပဳလိုက္ျပီ ျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္ ခံစစ္မွဴးဟာ ျပီးခဲ့တဲ့ ရာသီက ယူနိုက္တက္ အတြက္ ၅ ပြဲသာ ကစားခဲ့ရပါတယ္။
ေနာက္နွစ္ ေႏြမွာ စာခ်ဳပ္ ကုန္ဆံုးေတာ့မယ့္ ျပင္သစ္ လက္ေရြးစင္ ကြင္းလယ္ ေပါ့ဘာကို ယူနိုက္တက္ က ပရီးမီးယားလိဂ္ လစာ အျမင့္ဆံုး ကစားသမား ျဖစ္လာေအာင္ လုပ္ခ တစ္ပတ္ ေပါင္ ၄ သိန္း ထိ တိုးျမွင့္ျပီး ေလးနွစ္ စာခ်ဳပ္ ကမ္းလွမ္းဖို႔ ျပင္ဆင္ထားေၾကာင္း အဂၤလန္သတင္းေတြက ဆိုပါတယ္။
