Transfer Special: ဒီနွေမှာ ဥရောပချန်ပီယံ ချယ်ဆီး အင်အားဖြည့်မယ့် ၃ နေရာနဲ့ ပစ်မှတ် ကစားသမားများ

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဗိုလ်စွဲကာ ဥရောပဘုရင် ဖြစ်ခဲ့ပေမယ့် ကျေနပ်နေခြင်း မရှိဘဲ လာမယ့် ရာသီမှာ ဆုဖလားတွေ ရယူဖို့ ပစ်မှတ်ထားပြီး အလေးအနက် ပြင်ဆင်နေပါတယ်။

နည်းပြ တူချယ်ရဲ့ ချယ်ဆီး အသင်းက ဒီနွေမှာ အဓိက ၃ နေရာ အင်အားဖြည့်တင်း ကစားသမား ခေါ်ယူဖို့ ရည်ရွယ်နေပါတယ်။ ချယ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်းထွက်ထားတဲ့ ကစားသမားတွေကလည်း ထို ၃ နေရာမှာပဲ အဓိက ကစားသူတွေ ဖြစ်နေကြတာကို အခုလို တွေ့ရပါတယ်။

Right wing-back

ပစ်မှတ်ထား သတင်းထွက်ထားသူများ – ဟာကိမိ၊ ထရာအိုရေး၊ ဟော့ဖ်မန်း

ချယ်ဆီးအသင်းက အရွယ်ရလာပြီ ဖြစ်တဲ့ ခံစစ်မှူးကြီး ကွီတာ မရှိတော့မယ့် အချိန် အတွက် ကြိုတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ညာခြမ်းခံစစ် နေရာ အတွက် ရီစီဂျိမ်းစ်က အလားအလာကောင်းတွေ ရှိထားပေမယ့် ဒိထက် ပိုပြီး ကောင်းမွန်တဲ့ ကစားသမားတွေ ခေါ်ယူဖို့ ချယ်ဆီးက လှုပ်ရှားနေပါတယ်။

ညာစွန်ခံစစ် နေရာ အတွက် လောလောဆယ် ချယ်ဆီး အကြိုက်ဆုံး ပစ်မှတ် ဖြစ်နေတာကတော့ အင်တာမီလန် ကစားသမား ဟာကိမိ ဖြစ်နေပါတယ်။ တကယ်လို့ ဟာကိမိက ချယ်ဆီးကို မရွေးဘဲ ပီအက်စ်ဂျီသွားရင်တော့ တခြား ပစ်မှတ်တွေကို လှုပ်ရှားမှာပါ။

Central midfielder

ပစ်မှတ်ထား သတင်းထွက်ထားသူများ – ဒီကလန် ရိုက်စ်၊ အော်ရီလီယန် တိုယူအာမန်နီ၊ လိုကတ်တယ်လီ

တဖက်မှာ ချယ်ဆီးက ဒီနေရာအတွက် အင်အားတောင့်တင်းပြီးသားပါ။ နံပါတ် ၆ နှစ်ယောက်ထား ကစားမယ့် ဗျူဟာ အတွက်တော့ ဘီလီဂေးလ်မား က စတုတ္ထ ဦးစားပေး ဖြစ်နေပါတယ်။ တကယ်လို့ စကော့တလန်သား သာ အငှား ထွက် ကစားမယ့် ဆိုရင်တော့ ချယ်ဆီးအတွက် အနည်းငယ် ဟာနိုင်တဲ့ နေရာပါ။

ဒီကလန်ရိုက်စ်ကတော့ ချယ်ဆီးနဲ့ အမြဲ သတင်းထွက်နေတဲ့ ကစားသမား ဖြစ်ပေမယ့် ပြောင်းရွှေ့ကြေး သိပ်များမှာပါ။ မိုနာကိုရဲ့ တိုယူအာမန်နီက ဒီနွေမှာ ချယ်ဆီး ခေါ်ယူဖွယ် ရှိနေသူ ဖြစ်ပါတယ်။

Striker

ပစ်မှတ်ထား သတင်းထွက်ထားသူများ – ဟာလန်း၊ လူကာကူ၊ ဟယ်ရီ ကိန်း။

ချယ်ဆီးမှာ မြင်သာတဲ့ အင်အားနည်း နေရာကတော့ စိတ်ချရတဲ့ ဂိုးသွင်းရှင် ဖြစ်ပါတယ်။ တမ်မီ အေဗရာဟမ်နဲ့ တီမိုဗာနာ က သာ ပြီးခဲ့တဲ့ ရာသီက ၁၂ ဂိုးစီနဲ့ ချယ်ဆီးအသင်းမှာ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးတွေ ဖြစ်နေပါတယ်။

ချယ်ဆီး ပစ်မှတ်တွေထဲမှာ လူကာကူက အင်တာမှာ ဆက်နေချင်သေးတာကြောင့် တိုက်စစ်မှူးသစ်က ဟာလန်းနဲ့ ကိန်း တို့ထဲက ဖြစ်နိုင်ပြီး ဒီကစားသမားတွေက ချယ်ဆီး စံချိန်တင် ပြောင်းရွှေ့ကြေးတွေ သုံးရဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္ ဗိုလ္စြဲကာ ဥေရာပဘုရင္ ျဖစ္ခဲ့ေပမယ့္ ေက်နပ္ေနျခင္း မရွိဘဲ လာမယ့္ ရာသီမွာ ဆုဖလားေတြ ရယူဖို႔ ပစ္မွတ္ထားျပီး အေလးအနက္ ျပင္ဆင္ေနပါတယ္။

နည္းျပ တူခ်ယ္ရဲ႕ ခ်ယ္ဆီး အသင္းက ဒီေႏြမွာ အဓိက ၃ ေနရာ အင္အားျဖည့္တင္း ကစားသမား ေခၚယူဖို႔ ရည္ရြယ္ေနပါတယ္။ ခ်ယ္ဆီးနဲ႕ အေျပာင္းအေရႊ႕ သတင္းထြက္ထားတဲ့ ကစားသမားေတြကလည္း ထို ၃ ေနရာမွာပဲ အဓိက ကစားသူေတြ ျဖစ္ေနၾကတာကို အခုလို ေတြ႔ရပါတယ္။

Right wing-back

ပစ္မွတ္ထား သတင္းထြက္ထားသူမ်ား – ဟာကိမိ၊ ထရာအိုေရး၊ ေဟာ့ဖ္မန္း

ခ်ယ္ဆီးအသင္းက အရြယ္ရလာျပီ ျဖစ္တဲ့ ခံစစ္မွဴးၾကီး ကြီတာ မရွိေတာ့မယ့္ အခ်ိန္ အတြက္ ၾကိဳတင္ ျပင္ဆင္ေနျပီ ျဖစ္ပါတယ္။ ညာျခမ္းခံစစ္ ေနရာ အတြက္ ရီစီဂ်ိမ္းစ္က အလားအလာေကာင္းေတြ ရွိထားေပမယ့္ ဒိထက္ ပိုျပီး ေကာင္းမြန္တဲ့ ကစားသမားေတြ ေခၚယူဖို႔ ခ်ယ္ဆီးက လႈပ္ရွားေနပါတယ္။

ညာစြန္ခံစစ္ ေနရာ အတြက္ ေလာေလာဆယ္ ခ်ယ္ဆီး အၾကိဳက္ဆံုး ပစ္မွတ္ ျဖစ္ေနတာကေတာ့ အင္တာမီလန္ ကစားသမား ဟာကိမိ ျဖစ္ေနပါတယ္။ တကယ္လို႔ ဟာကိမိက ခ်ယ္ဆီးကို မေရြးဘဲ ပီအက္စ္ဂ်ီသြားရင္ေတာ့ တျခား ပစ္မွတ္ေတြကို လႈပ္ရွားမွာပါ။

Central midfielder

ပစ္မွတ္ထား သတင္းထြက္ထားသူမ်ား – ဒီကလန္ ရိုက္စ္၊ ေအာ္ရီလီယန္ တိုယူအာမန္နီ၊ လိုကတ္တယ္လီ

တဖက္မွာ ခ်ယ္ဆီးက ဒီေနရာအတြက္ အင္အားေတာင့္တင္းျပီးသားပါ။ နံပါတ္ ၆ နွစ္ေယာက္ထား ကစားမယ့္ ဗ်ဴဟာ အတြက္ေတာ့ ဘီလီေဂးလ္မား က စတုတၳ ဦးစားေပး ျဖစ္ေနပါတယ္။ တကယ္လို႔ စေကာ့တလန္သား သာ အငွား ထြက္ ကစားမယ့္ ဆိုရင္ေတာ့ ခ်ယ္ဆီးအတြက္ အနည္းငယ္ ဟာနုိင္တဲ့ ေနရာပါ။

ဒီကလန္ရိုက္စ္ကေတာ့ ခ်ယ္ဆီးနဲ႕ အျမဲ သတင္းထြက္ေနတဲ့ ကစားသမား ျဖစ္ေပမယ့္ ေျပာင္းေရႊ႕ေၾကး သိပ္မ်ားမွာပါ။ မိုနာကိုရဲ႕ တိုယူအာမန္နီက ဒီေႏြမွာ ခ်ယ္ဆီး ေခၚယူဖြယ္ ရွိေနသူ ျဖစ္ပါတယ္။

Striker

ပစ္မွတ္ထား သတင္းထြက္ထားသူမ်ား – ဟာလန္း၊ လူကာကူ၊ ဟယ္ရီ ကိန္း။

ခ်ယ္ဆီးမွာ ျမင္သာတဲ့ အင္အားနည္း ေနရာကေတာ့ စိတ္ခ်ရတဲ့ ဂိုးသြင္းရွင္ ျဖစ္ပါတယ္။ တမ္မီ ေအဗရာဟမ္နဲ႕ တီမိုဗာနာ က သာ ျပီးခဲ့တဲ့ ရာသီက ၁၂ ဂိုးစီနဲ႕ ခ်ယ္ဆီးအသင္းမွာ ဂိုးသြင္းအမ်ားဆံုး တိုက္စစ္မွဴးေတြ ျဖစ္ေနပါတယ္။

ခ်ယ္ဆီး ပစ္မွတ္ေတြထဲမွာ လူကာကူက အင္တာမွာ ဆက္ေနခ်င္ေသးတာေၾကာင့္ တိုက္စစ္မွဴးသစ္က ဟာလန္းနဲ႕ ကိန္း တို႔ထဲက ျဖစ္နုိင္ျပီး ဒီကစားသမားေတြက ခ်ယ္ဆီး စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးေတြ သံုးရဖြယ္ ရွိပါတယ္။