မန်ချက်စတာယူနိုက်တက် ကွင်းလယ် တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်က ဒီလထဲ ဘောလုံးပွဲတွေ ပြန်လည် စတင်ရင် သူ့ အနေနဲ့ ပွဲ ပြန်အသားကျဖို့ ကြိုးစားရမှာ ဖြစ်ပြီး ပြိုင်ဘက်တွေက စိန်ခေါ်မှုကြီးတွေနဲ့ စောင့်နေမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ပေါ်တူဂီသား ကွင်းလယ်သမားဟာ အိုးထရက်ဖို့ဒ်မှာ ရောက်ပြီး မကြာခင်ပဲ မြန်မြန် အခြေကျကာ အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အသင်းလိုက် ကစားပုံထိပါ သက်ရောက်မှုကြီး ရှိခဲ့ပေမယ့် ဖာနန်ဒက်စ်ကတော့ ပွဲတွေ ပြန်စရင် ပြိုင်ဘက် ခံစစ်သမားတွေက သူ့ ကစားပေါက်ကို သိနေလောက်ပြီလို့ ဝန်ခံခဲ့ပါတယ်။
” ကျနော့် အမြင်တော့ ယူနိုက်တက်က ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲ ပါဝင်ပြီး အင်္ဂလန်မှာဆိုရင် အကောင်းဆုံး ကလပ်အသင်း ပါ။ နောက်နှစ်တွေထိ ကျနော်ကတော့ ပိုပိုပြီး ကောင်းအောင် ဒီအသင်း အတွက် ကြိုးစားပြသွားဖို့ ရည်မှန်းထားတယ်။
အသင်းအတွက် အခု ကစားပြီးသလောက်မှာ ကျနော့် စိတ်တိုင်းကျ အဆင့်ထိ မရောက်သေးဘူး။ ဒါပေမယ့် အခုက ပို ခက်ခဲတဲ့ ကာလ ရောက်လာပြီ။ ပြိုင်ဘက် ကစားသမားတွေက ကျနော့် ကစားပေါက်ကို သိနေပြီ၊ ဘယ်လို ရွေ့မယ်ဆိုတာ ဘယ်လို ဘောလုံးပေးမယ် ကန်မယ် ဆိုတာ သဘောပေါက်နေပြီ ဖြစ်လို့ အခုက စ ပို ခက်ခဲတော့မှာပါ။
ဒီတော့ ကျနော့် အနေနဲ့ ပို အလုပ်လုပ်ရမယ် တိုးတက်အောင် အားထုတ်ရမယ်။ ပြိုင်ဘက် အသင်းသားတွေကိုလည်း နားလည်အောင် ကြည့်ရမယ်။ သူတို့ကို ဘယ်လို အခက်တွေ့အောင် လုပ်မလဲ ဆိုတာ သေချာ ပြင်ဆင်ရမယ်။ ” လို့ ဖာနန်ဒက်စ်က ဆိုခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ယူနိုကတက် အတွက် ၉ ပွဲ ကစားထားပြီး ၃ ဂိုးသွင်း ၄ ဂိုး ထောက်ပ့မှု ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလ အကောင်းဆုံး ကစားသမား ဆုကိုပါ ရရှိထားတာပါ။
Zawgyi – မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္ တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္က ဒီလထဲ ေဘာလံုးပြဲေတြ ျပန္လည္ စတင္ရင္ သူ႔ အေနနဲ႕ ပြဲ ျပန္အသားက်ဖို႔ ၾကိဳးစားရမွာ ျဖစ္ျပီး ျပိဳင္ဘက္ေတြက စိန္ေခၚမႈၾကီးေတြနဲ႕ ေစာင့္ေနမွာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
ေပၚတူဂီသား ကြင္းလယ္သမားဟာ အိုးထရက္ဖို႔ဒ္မွာ ေရာက္ျပီး မၾကာခင္ပဲ ျမန္ျမန္ အေျခက်ကာ အသင္းနဲ႕ အတူ ေျခစြမ္းျပနိုင္ခဲ့ပါတယ္။ ယူနိုက္တက္ရဲ႕ အသင္းလိုက္ ကစားပံုထိပါ သက္ေရာက္မႈၾကီး ရွိခဲ့ေပမယ့္ ဖာနန္ဒက္စ္ကေတာ့ ပြဲေတြ ျပန္စရင္ ျပိဳင္ဘက္ ခံစစ္သမားေတြက သူ႔ ကစားေပါက္ကို သိေနေလာက္ျပီလို႔ ၀န္ခံခဲ့ပါတယ္။
” က်ေနာ့္ အျမင္ေတာ့ ယူနုိက္တက္က ကမၻာ့အေကာင္းဆံုး ကလပ္အသင္းေတြထဲ ပါ၀င္ျပီး အဂၤလန္မွာဆိုရင္ အေကာင္းဆံုး ကလပ္အသင္း ပါ။ ေနာက္နွစ္ေတြထိ က်ေနာ္ကေတာ့ ပိုပိုျပီး ေကာင္းေအာင္ ဒီအသင္း အတြက္ ၾကိဳးစားျပသြားဖို႔ ရည္မွန္းထားတယ္။
အသင္းအတြက္ အခု ကစားျပီးသေလာက္မွာ က်ေနာ့္ စိတ္တိုင္းက် အဆင့္ထိ မေရာက္ေသးဘူး။ ဒါေပမယ့္ အခုက ပို ခက္ခဲတဲ့ ကာလ ေရာက္လာျပီ။ ျပိဳင္ဘက္ ကစားသမားေတြက က်ေနာ့္ ကစားေပါက္ကို သိေနျပီ၊ ဘယ္လို ေရြ႕မယ္ဆိုတာ ဘယ္လို ေဘာလံုးေပးမယ္ ကန္မယ္ ဆိုတာ သေဘာေပါက္ေနျပီ ျဖစ္လို႔ အခုက စ ပို ခက္ခဲေတာ့မွာပါ။
ဒီေတာ့ က်ေနာ့္ အေနနဲ႕ ပို အလုပ္လုပ္ရမယ္ တိုးတက္ေအာင္ အားထုတ္ရမယ္။ ျပိဳင္ဘက္ အသင္းသားေတြကိုလည္း နားလည္ေအာင္ ၾကည့္ရမယ္။ သူတို႔ကို ဘယ္လို အခက္ေတြ႔ေအာင္ လုပ္မလဲ ဆိုတာ ေသခ်ာ ျပင္ဆင္ရမယ္။ ” လို႔ ဖာနန္ဒက္စ္က ဆိုခဲ့ပါတယ္။
ဖာနန္ဒက္စ္ဟာ ယူနုိ္ကတက္ အတြက္ ၉ ပြဲ ကစားထားျပီး ၃ ဂိုးသြင္း ၄ ဂိုး ေထာက္ပ့့မႈ ျပဳလုပ္ထားပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ရဲ႕ ေဖေဖာ္၀ါရီလ အေကာင္းဆံုး ကစားသမား ဆုကိုပါ ရရွိထားတာပါ။