ယူနိုက်တက်ဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအကြိုမှာ ပြင်ပထွက်ကစားဖို့ အဆင်မပြေခြင်းကြောင့် ဗြိတိန်ကလပ်တွေဖြင့်ပဲ ခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။
ယူနိုက်တက်က အင်္ဂလန်တစ်ဝန်း သွားရောက် ယှဉ်ပြိုင်ရမယ့် ရာသီကြို ပွဲစဉ် ၄ ပွဲ အကြောင်းကို ဒီကနေ့မှာပဲ အသင်းဝဘ်ဆိုဒ်ကနေ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ပွဲစဉ် ၂ ပွဲကို အိုထရတ်ဖိုဒ့်ကွင်းကြီးမှာ ယှဉ်ပြိုင်မှာဖြစ်ကာ ပွဲစဉ် ၂ ပွဲကတော့ အဝေးကွင်းပွဲ ဖြစ်လာပါလိမ့်မယ်။
ယူနိုက်တက်ဟာ ဒါဘီ၊ ကျူပီအာ၊ ဘရန့်ဖိုဒ့်နဲ့ အဲဗာတန်အသင်းတို့ဖြင့် ခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်နှစ်သင်းဖြစ်တဲ့ ဘရန့်ဖိုဒ့်၊ အဲဗာတန်ပွဲတွေကို အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်မှာဖြစ်ကာ အစိုးရရဲ့ ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျော့ခဲ့ပြီဖြစ်လို့ ကွင်းထဲ ပရိသတ်ဝင်ကြည့်ခွင့်လည်း ရသွားမှာဖြစ်တယ်။
ဂျူလိုင်လ ၁၈ ရက်နေ့မှာ ယူနိုက်တက်ဂန္တဝင်ကြီး ဝိန်းရွန်းနီ ကိုင်တွယ်နေတဲ့ ဒါဘီအသင်းနဲ့ ဆိုးရှားရဲ့ အသင်းတို့ ချစ်ကြည်ရေးပွဲ ကစားမှာဖြစ်ပါတယ်။ ဒါဘီဟာ မနှစ်ကရာသီမှာ အခြေအနေ မကောင်းခဲ့ပေမယ့် ရွန်းနီက သူ့ရဲ့ မန်နေဂျာဘဝ ပထမဆုံးသော ရာသီကြိုကို အကောင်းဆုံး စတင်လိုနေကာ ယူနိုက်တက်နဲ့ ခြေစမ်းပွဲ ကစားဖို့ ဖြစ်လာခဲ့တာပါ။
ဂျူလိုင်လ ၂၄ ရက်နေ့မှာ ကျူပီအာဖြင့် ယှဉ်ပြိုင်မှာဖြစ်ပြီး ဂျူလိုင်လ ၂၈ ရက်နေ့မှာတော့ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘရန့်ဖိုဒ့်ဖြင့် ထိပ်တိုက်တွေ့ဖို့ ရှိနေတယ်။ သြဂုတ်လ ၇ ရက်နေ့မှာတော့ အဲဗာတန်ဖြင့် ကစားမှာဖြစ်ကာ သြဂုတ်လ ၁၄ ရက်နေ့မှာ ယူနိုက်တက်ဟာ လိဒ်ကို ရင်ဆိုင်ခြင်းဖြင့် ပရီးမီးယားလိဂ် ပြိုင်ပွဲသစ်ကို စတင်သွားမှာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီအၾကိဳမွာ ျပင္ပထြက္ကစားဖို႔ အဆင္မေျပျခင္းေၾကာင့္ ျဗိတိန္ကလပ္ေတြျဖင့္ပဲ ေျခစမ္းပြဲ ကစားမွာျဖစ္ပါတယ္။
ယူႏုိက္တက္က အဂၤလန္တစ္ဝန္း သြားေရာက္ ယွဥ္ျပိဳင္ရမယ့္ ရာသီၾကိဳ ပြဲစဥ္ ၄ ပြဲ အေၾကာင္းကို ဒီကေန႔မွာပဲ အသင္းဝဘ္ဆိုဒ္ကေန တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တယ္။ ပြဲစဥ္ ၂ ပြဲကို အိုထရတ္ဖိုဒ့္ကြင္းၾကီးမွာ ယွဥ္ျပိဳင္မွာျဖစ္ကာ ပြဲစဥ္ ၂ ပြဲကေတာ့ အေဝးကြင္းပြဲ ျဖစ္လာပါလိမ့္မယ္။
ယူႏုိက္တက္ဟာ ဒါဘီ၊ က်ဴပီအာ၊ ဘရန္႔ဖိုဒ့္နဲ႔ အဲဗာတန္အသင္းတို႔ျဖင့္ ေျခစမ္းပြဲ ကစားမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ကလပ္ႏွစ္သင္းျဖစ္တဲ့ ဘရန္႔ဖိုဒ့္၊ အဲဗာတန္ပြဲေတြကို အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္မွာျဖစ္ကာ အစိုးရရဲ႕ ကိုဗစ္ဆိုင္ရာ ကန္႔သတ္ခ်က္ေတြ ေျဖေလ်ာ့ခဲ့ျပီျဖစ္လို႔ ကြင္းထဲ ပရိသတ္ဝင္ၾကည့္ခြင့္လည္း ရသြားမွာျဖစ္တယ္။
ဂ်ဴလိုင္လ ၁၈ ရက္ေန႔မွာ ယူႏုိက္တက္ဂႏၱဝင္ၾကီး ဝိန္းရြန္းနီ ကိုင္တြယ္ေနတဲ့ ဒါဘီအသင္းနဲ႔ ဆိုးရွားရဲ႕ အသင္းတို႔ ခ်စ္ၾကည္ေရးပြဲ ကစားမွာျဖစ္ပါတယ္။ ဒါဘီဟာ မႏွစ္ကရာသီမွာ အေျခအေန မေကာင္းခဲ့ေပမယ့္ ရြန္းနီက သူ႔ရဲ႕ မန္ေနဂ်ာဘဝ ပထမဆံုးေသာ ရာသီၾကိဳကို အေကာင္းဆံုး စတင္လိုေနကာ ယူႏုိက္တက္နဲ႔ ေျခစမ္းပြဲ ကစားဖို႔ ျဖစ္လာခဲ့တာပါ။
ဂ်ဴလိုင္လ ၂၄ ရက္ေန႔မွာ က်ဴပီအာျဖင့္ ယွဥ္ျပိဳင္မွာျဖစ္ျပီး ဂ်ဴလိုင္လ ၂၈ ရက္ေန႔မွာေတာ့ ပရီးမီးယားလိဂ္ တန္းတက္ကလပ္ ဘရန္႔ဖိုဒ့္ျဖင့္ ထိပ္တိုက္ေတြ႔ဖို႔ ရွိေနတယ္။ ၾသဂုတ္လ ၇ ရက္ေန႔မွာေတာ့ အဲဗာတန္ျဖင့္ ကစားမွာျဖစ္ကာ ၾသဂုတ္လ ၁၄ ရက္ေန႔မွာ ယူႏုိက္တက္ဟာ လိဒ္ကို ရင္ဆိုင္ျခင္းျဖင့္ ပရီးမီးယားလိဂ္ ျပိဳင္ပြဲသစ္ကို စတင္သြားမွာ ျဖစ္ပါတယ္။
