ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (23/06/21)

ကော့ဇ်လိုစကီး ကို စိတ်ဝင်စားနေခြင်း

မန်ချက်စတာ ယူနိုက်တက်ဟာ အသက် ၁၇ နှစ် အရွယ် ပိုလန်သား ကွင်းလယ် လူငယ် ကစားသမားလေး ကပ်စပါ ကော့ဇ်လိုစကီး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲ ပါဝင်ကြောင်း အီတလီသတင်းတွေက ဖော်ထုတ်ထားပါတယ်။

ထရိန်နင်ကွင်း စပွန်ဆာ ရှာနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ

မန်ချက်စတာ ယူနိုက်တက်ဟာ ၈ နှစ်တာ လက်တွဲလာခဲ့တဲ့ ထရိန်နင်ကွင်း စပွန်ဆာ AON နဲ့ စာချုပ်က နောက်လမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စပွန်ဆာသစ် ရဖို့ ကြိုးစား ရှာဖွေနေပါတယ်။ ယူနိုက်တက်ဟာ မေလထဲမှာ အက် ဝုဒ်ဝပ်နဲ့ အဖွဲ့တွေ ထွက်ခွာသွားချိန်မှာ နောက် ၁၀ နှစ်စာ ပေါင် သန်း ၂၀၀ တန်ကြေး စာချုပ် ချုပ်မယ့် ထရိန်နင် ကွင်း စပွန်ဆာသစ် Hut Group နဲ့ ညှိနှိုင်းမှုတွေပါ ပျက်ပြယ်သွားခဲ့ရတာပါ။

ယူရိုပြိုင်ပွဲမှာ ပွဲဦးထွက်ခွင့် ရခဲ့တဲ့ ယူနိုက်တက် လူငယ်လေး လီဗစ်

မန်ချက်စတာ ယူနိုက်ကတ်ရဲ့ ဝေးစ် လက်ရွေးစင် ကွင်းလယ် လူငယ်လေး ဒိုင်လန် လီဗစ်ဟာ တနင်္ဂနွေနေ့က ဝေးစ်ရဲ့ အီတလီကို ၁-၀ နဲ့ အရေးနိမ့်တဲ့ ပွဲမှာ ပါဝင် ပွဲထွက်ခွင့် ရခဲ့ပါတယ်။

ဝင်ငွေ မတိုးပေမယ့် လစာတွေ တိုးပေးထားရတဲ့ ယူနိုက်တက်

နောက်ဆုံး ဘဏ္ဍာရေး ရှင်းတမ်းနဲ့ အချက်အလက်တွေ အရ မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ဝင်ငွေ လျော့နည်းသွားခဲ့သော်လည်း လစာက လျော့မသွားဘဲ ပေါင် ၆၉ သန်းကနေ ၈၅ သန်း ထိ တိုး သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။ တိုးလားတဲ့ 23% က ချန်ပီယံလိဂ် ဘောနပ်စ်တွေ ဖြစ်ပြီး ကစားသမားတွေ ခေါ်ယူစဉ်က သဘောတူညီမှုတွေ အရလည်း စာချုပ် အလိုက် ပေးချေမှုတွေ ပါဝင်ပါတယ်။

Zawgyi

ေကာ့ဇ္လိုစကီး ကို စိတ္၀င္စားေနျခင္း

မန္ခ်က္စတာ ယူနိုက္တက္ဟာ အသက္ ၁၇ နွစ္ အရြယ္ ပိုလန္သား ကြင္းလယ္ လူငယ္ ကစားသမားေလး ကပ္စပါ ေကာ့ဇ္လိုစကီး ကို ေခၚယူဖို႔ စိတ္၀င္စားေနတဲ့ ကလပ္အသင္းေတြထဲ ပါ၀င္ေၾကာင္း အီတလီသတင္းေတြက ေဖာ္ထုတ္ထားပါတယ္။

ထရိန္နင္ကြင္း စပြန္ဆာ ရွာေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ

မန္ခ်က္စတာ ယူနိုက္တက္ဟာ ၈ နွစ္တာ လက္တြဲလာခဲ့တဲ့ ထရိန္နင္ကြင္း စပြန္ဆာ AON နဲ႕ စာခ်ဳပ္က ေနာက္လမွာ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး စပြန္ဆာသစ္ ရဖို႔ ၾကိဳးစား ရွာေဖြေနပါတယ္။ ယူနိုက္တက္ဟာ ေမလထဲမွာ အက္ ၀ုဒ္၀ပ္နဲ႕ အဖဲြ႕ေတြ ထြက္ခြာသြားခ်ိန္မွာ ေနာက္ ၁၀ နွစ္စာ ေပါင္ သန္း ၂၀၀ တန္ေၾကး စာခ်ဳပ္ ခ်ဳပ္မယ့္ ထရိန္နင္ ကြင္း စပြန္ဆာသစ္ Hut Group နဲ႕ ညွိနိႈင္းမႈေတြပါ ပ်က္ျပယ္သြားခဲ့ရတာပါ။

ယူရိုျပိဳင္ပြဲမွာ ပြဲဦးထြက္ခြင့္ ရခဲ့တဲ့ ယူနိုက္တက္ လူငယ္ေလး လီဗစ္

မန္ခ်က္စတာ ယူနုိက္ကတ္ရဲ႕ ေ၀းစ္ လက္ေရြးစင္ ကြင္းလယ္ လူငယ္ေလး ဒိုင္လန္ လီဗစ္ဟာ တနဂၤေႏြေန႔က ေ၀းစ္ရဲ႕ အီတလီကို ၁-၀ နဲ႕ အေရးနိမ့္တဲ့ ပြဲမွာ ပါ၀င္ ပြဲထြက္ခြင့္ ရခဲ့ပါတယ္။

၀င္ေငြ မတိုးေပမယ့္ လစာေတြ တိုးေပးထားရတဲ့ ယူနိုက္တက္

ေနာက္ဆံုး ဘ႑ာေရး ရွင္းတမ္းနဲ႕ အခ်က္အလက္ေတြ အရ မန္ခ်က္စတာ ယူနုိက္တက္ဟာ ျပီးခဲ့တဲ့ ရာသီက ၀င္ေငြ ေလ်ာ့နည္းသြားခဲ့ေသာ္လည္း လစာက ေလ်ာ့မသြားဘဲ ေပါင္ ၆၉ သန္းကေန ၈၅ သန္း ထိ တိုး သံုးစြဲခဲ့ရတယ္လုိ႔ သိရပါတယ္။ တိုးလားတဲ့ 23% က ခ်န္ပီယံလိဂ္ ေဘာနပ္စ္ေတြ ျဖစ္ျပီး ကစားသမားေတြ ေခၚယူစဥ္က သေဘာတူညီမႈေတြ အရလည္း စာခ်ဳပ္ အလိုက္ ေပးေခ်မႈေတြ ပါ၀င္ပါတယ္။