ဒီနွေမှာ ချယ်ဆီးရဲ့ အဓိက တိုက်စစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ ဒေါ့မွန်ကြယ်ပွင့် ဟာလန်း က ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီ ဖြစ်တယ်လို့ သိရပါတယ်။ ရီးရဲလ် အတွက် တစ်ခုတည်းသော အတားအဆီးကတော့ ဒေါ့မွန် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၇၅ သန်း ဖြစ်နေပါတယ်။
ဂေးလ်မား ကိုဗစ် ပေါ့စတစ် ဖြစ်ခဲ့ချိန်မှာ စကော့တလန် တစ်သင်းလုံး ပွဲကစားခွင့် ရပေမယ့် အင်္ဂလန် အသင်းက မောင့်နဲ့ ချေးဝဲလ်တို့ဟာ ရောဂါပိုး မတွေ့ရှိတာတောင်မှ အခုထိ သီးခြား ခွဲနေပြီး ပွဲမကစားရတဲ့ ယူအီးအက်ဖ်အေ စည်းမျဉ်းတွေ အပေါ် ပီတာချက်က မေးခွန်းထုတ်လိုက်ပါတယ်။

ချယ်ဆီး ကစားသမားဟောင်းကြီး ဂျွန်တယ်ရီကတော့ ယူအီးအက်ဖ်အေရဲ့ နည်းပြ လိုင်စင် ရရှိသွားပြီ ဖြစ်ကာ ကလပ်အသင်းတွေကို စီမံနည်းပြနိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ တယ်ရီက ဒင်းစမစ်ရဲ့ လက်ထောက် မန်နေဂျာ အဖြစ် အက်စတွန်ဗီလာ အသင်းမှာ အောင်မြင်မှု ရနေပါတယ်။
ချယ်ဆီးနည်းပြဟောင်း ကွန်တီက စပါးအသင်းရဲ့ မန်နေဂျာ ရာထူးအတွက် ကမ်းလှမ်းမှု ကို ငြင်းပယ်လိုက်ပြီး မိသားစုနဲ့ တစ်နှစ်လောက် အနားယူရင်း အေးအေးဆေးဆေး နေလိုတဲ့ အကြောင်းပြချက်လည်း ပါဝင်ကြောင်း သိရပါတယ်။
ဝါရင့် တိုက်စစ်မှူးကြီး ဂျီရူးကတော့ ဒီ ယူရို ၂၀၂၀ ပြိုင်ပွဲဟာ ပြင်သစ်အသင်း အတွက် နောက်ဆုံး ကစားခွင့် အဖြစ် မှတ်ယူဖို့ ငြင်းပယ်လိုက်ပြီး နိုင်ငံ အသင်းနဲ့ အတူ ဆက်လက် ကစားလိုသေးကြောင်း ပြောဆိုလိုက်ပါတယ်။
ချယ်ဆီးခံစစ်မှူး ခရစ္စတန်ဆန်ဟာ ဒိန်းမတ် အသင်းရဲ့ ရုရှားကို ၄-၁ နဲ့ နိုင်တဲ့ ပွဲမှာ ဂိုးလည်းသွင်း ခြေစွမ်းလည်း ပြကာ ပွဲစဉ် အကောင်းဆုံး ကစားစသမား ဆုလည်း ရရှိခဲ့ပါတယ်။

Zawgyi – ဒီေႏြမွာ ခ်ယ္ဆီးရဲ႕ အဓိက တိုက္စစ္ပစ္မွတ္ အျဖစ္ သတ္မွတ္ထားတဲ့ ေဒါ့မြန္ၾကယ္ပြင့္ ဟာလန္း က ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရရွိထားျပီ ျဖစ္တယ္လို႔ သိရပါတယ္။ ရီးရဲလ္ အတြက္ တစ္ခုတည္းေသာ အတားအဆီးကေတာ့ ေဒါ့မြန္ ေတာင္းဆိုတဲ့ ေျပာင္းေရႊ႕ေၾကး ယူရို ၁၇၅ သန္း ျဖစ္ေနပါတယ္။
ေဂးလ္မား ကိုဗစ္ ေပါ့စတစ္ ျဖစ္ခဲ့ခ်ိန္မွာ စေကာ့တလန္ တစ္သင္းလံုး ပြဲကစားခြင့္ ရေပမယ့္ အဂၤလန္ အသင္းက ေမာင့္နဲ႕ ေခ်း၀ဲလ္တို႔ဟာ ေရာဂါပိုး မေတြ႔ရွိတာေတာင္မွ အခုထိ သီးျခား ခြဲေနျပီး ပြဲမကစားရတဲ့ ယူအီးအက္ဖ္ေအ စည္းမ်ဥ္းေတြ အေပၚ ပီတာခ်က္က ေမးခြန္းထုတ္လိုက္ပါတယ္။
ခ်ယ္ဆီး ကစားသမားေဟာင္းၾကီး ဂၽြန္တယ္ရီကေတာ့ ယူအီးအက္ဖ္ေအရဲ႕ နည္းျပ လိုင္စင္ ရရွိသြားျပီ ျဖစ္ကာ ကလပ္အသင္းေတြကို စီမံနည္းျပနိုင္ခြင့္ ရရွိသြားျပီ ျဖစ္ပါတယ္။ တယ္ရီက ဒင္းစမစ္ရဲ႕ လက္ေထာက္ မန္ေနဂ်ာ အျဖစ္ အက္စတြန္ဗီလာ အသင္းမွာ ေအာင္ျမင္မႈ ရေနပါတယ္။
၀ါရင့္ တိုက္စစ္မွဴးၾကီး ဂ်ီရူးကေတာ့ ဒီ ယူရို ၂၀၂၀ ျပိဳင္ပြဲဟာ ျပင္သစ္အသင္း အတြက္ ေနာက္ဆံုး ကစားခြင့္ အျဖစ္ မွတ္ယူဖို႔ ျငင္းပယ္လိုက္ျပီး နုိင္ငံ အသင္းနဲ႕ အတူ ဆက္လက္ ကစားလိုေသးေၾကာင္း ေျပာဆိုလိုက္ပါတယ္။
ခ်ယ္ဆီးနည္းျပေဟာင္း ကြန္တီက စပါးအသင္းရဲ႕ မန္ေနဂ်ာ ရာထူးအတြက္ ကမ္းလွမ္းမႈ ကို ျငင္းပယ္လိုက္ျပီး မိသားစုနဲ႕ တစ္နွစ္ေလာက္ အနားယူရင္း ေအးေအးေဆးေဆး ေနလိုတဲ့ အေၾကာင္းျပခ်က္လည္း ပါ၀င္ေၾကာင္း သိရပါတယ္။
ခ်ယ္ဆီးခံစစ္မွဴး ခရစၥတန္ဆန္ဟာ ဒိန္းမတ္ အသင္းရဲ႕ ရုရွားကို ၄-၁ နဲ႕ နုိင္တဲ့ ပြဲမွာ ဂိုးလည္းသြင္း ေျခစြမ္းလည္း ျပကာ ပြဲစဥ္ အေကာငး္ဆံုး ကစားစသမား ဆုလည္း ရရွိခဲ့ပါတယ္။
