မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က လွန်ခဲ့တဲ့နှစ်နှစ်က ဂျွန် မက်ဂျင်း ကို ခေါ်ယူဖို့ ယူနိုက်တက်အား တိုက်တွန်းခဲ့ပေမယ့် မန်ချက်စတာ ကလပ်က မလှုပ်ရှားခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူးက အက်စတွန်ဗီလာ ကွင်းလယ် ကစားသမားကို ဒီနွေမှာ ခေါ်ဖို့ ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။
စကော့တလန်သား ကွင်းလယ် ကစားသမားဟာ ဒီတလောနှစ်တွေ အတွင်း ဗီလာရဲ့ အဓိက အသင်းသား တစ်ဦး အဖြစ် တောက်ပလာနေပြီး ပရီးမီးယားလိဂ်ထံ ဗီလာတန်းပြန်တက်လာအောင်လည်း ကူညီခဲ့သူ ဖြစ်ပါတယ်။
၂၀၁၉ နွေမှာ ဗီလာ တန်းတက်လာပြီးတဲ့နောက် ဆာအဲလက်စ် ဖာဂူဆန်က ဂျွန် မက်ဂျင်းကို ယူနိုက်တက် ခေါ်ယူဖို့ ထောက်ခံ တိုက်တွန်းခဲ့တာပါ။ ဆာအဲလက်စ်ရဲ့ အကြံဉာဏ် ကို ယူနိုက်တက်က လျစ်လျူ ရှှုခဲ့ပေမယ့် ခါးသီးပြိုင်ဘက် လီဗာပူးကတော့ စိတ်ဝင်စားဟန် ရှိလာပြီး အသက် ၂၆ နှစ် အရွယ် ကွင်းလယ်သမားကို ချိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေမှာ ကွင်းလယ် ကစားသမား ဝိုက်နယ်ဒန် ကို စာချုပ်ကုန်ဆုံးတာကြောင့် ထွက်ခွာခွင့် ပေးခဲ့ရပြီး အစားထိုးဖို့ ရှာဖွေနေပါတယ်။ လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကလည်း မက်ဂျင်းရဲ့ မနားတမ်း ပြေးလွှား ကစားတဲ့ အင်ဂျင်တစ်လုံးလို မာကျောမှုကို သဘောကျနေခဲ့တာပါ။
ပြီးခဲ့တဲ့ ဘောလုံးရာသီ အစောပိုင်းတုန်းက လီဗာပူး အက်စတွန်ဗီလာကို ၇-၂ နဲ့ ဂိုးပြတ် အရေးနိမ့်တုန်းက ပွဲမှာ မက်ဂျင်းက ပွဲထွက် ကစား ခြေစွမ်းပြခဲ့ပါတယ်။
မက်ဂျင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ အက်စတွန်ဗီလာနဲ့ ငါးနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတာ ဖြစ်လို့ လီဗာပူးက ၎င်းကို ဈေးချိုချိုနဲ့ ရနိုင်မှာ မဟုတ်ဘဲ ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်း – သန်း ၅၀ လောက် သုံးရဖွယ် ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ဂႏၱ၀င္ နည္းျပၾကီး ဆာအဲလက္စ္ ဖာဂူဆန္က လြန္ခဲ့တဲ့နွစ္နွစ္က ဂၽြန္ မက္ဂ်င္း ကို ေခၚယူဖို႔ ယူနုိက္တက္အား တိုက္တြန္းခဲ့ေပမယ့္ မန္ခ်က္စတာ ကလပ္က မလႈပ္ရွားခဲ့ပါဘူး။ ဒါေပမယ့္ လီဗာပူးက အက္စတြန္ဗီလာ ကြင္းလယ္ ကစားသမားကို ဒီေႏြမွာ ေခၚဖို႔ ခ်ိတ္ဆက္ေနျပီ ျဖစ္ပါတယ္။
စေကာ့တလန္သား ကြင္းလယ္ ကစားသမားဟာ ဒီတေလာနွစ္ေတြ အတြင္း ဗီလာရဲ႕ အဓိက အသင္းသား တစ္ဦး အျဖစ္ ေတာက္ပလာေနျပီး ပရီးမီးယားလိဂ္ထံ ဗီလာတန္းျပန္တက္လာေအာင္လည္း ကူညီခဲ့သူ ျဖစ္ပါတယ္။
၂၀၁၉ ေႏြမွာ ဗီလာ တန္းတက္လာျပီးတဲ့ေနာက္ ဆာအဲလက္စ္ ဖာဂူဆန္က ဂၽြန္ မက္ဂ်င္းကို ယူနိုက္တက္ ေခၚယူဖို႔ ေထာက္ခံ တိုက္တြန္းခဲ့တာပါ။ ဆာအဲလက္စ္ရဲ႕ အၾကံဥာဏ္ ကို ယူနိုက္တက္က လ်စ္လ်ဴ ရွႈခဲ့ေပမယ့္ ခါးသီးျပိဳင္ဘက္ လီဗာပူးကေတာ့ စိတ္၀င္စားဟန္ ရွိလာျပီး အသက္ ၂၆ နွစ္ အရြယ္ ကြင္းလယ္သမားကို ခ်ိတ္ဆက္လာခဲ့တာ ျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ ဒီေႏြမွာ ကြင္းလယ္ ကစားသမား ၀ိုက္နယ္ဒန္ ကို စာခ်ဳပ္ကုန္ဆံုးတာေၾကာင့္ ထြက္ခြာခြင့္ ေပးခဲ့ရျပီး အစားထိုးဖို႔ ရွာေဖြေနပါတယ္။ လီဗာပူး နည္းျပ ယာဂင္ကေလာ့ပ္ကလည္း မက္ဂ်င္းရဲ႕ မနားတမ္း ေျပးလႊား ကစားတဲ့ အင္ဂ်င္တစ္လံုးလို မာေက်ာမႈကို သေဘာက်ေနခဲ့တာပါ။
ျပီးခဲ့တဲ့ ေဘာလံုးရာသီ အေစာပိုင္းတုန္းက လီဗာပူး အက္စတြန္ဗီလာကို ၇-၂ နဲ႕ ဂိုးျပတ္ အေရးနိမ့္တုန္းက ပြဲမွာ မက္ဂ်င္းက ပြဲထြက္ ကစား ေျခစြမ္းျပခဲ့ပါတယ္။
မက္ဂ်င္းက ျပီးခဲ့တဲ့ ဒီဇင္ဘာကမွ အက္စတြန္ဗီလာနဲ႕ ငါးနွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုထားတာ ျဖစ္လို႔ လီဗာပူးက ၄င္းကို ေစ်းခ်ိဳခ်ိဳနဲ႕ ရနိုင္မွာ မဟုတ္ဘဲ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၅သန္း – သန္း ၅၀ ေလာက္ သံုးရဖြယ္ ရွိေနပါတယ္။
