မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်သမား ဆန်ချို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း ထိ တိုးပေးပြီး နောက်ထပ် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားပြီ ဖြစ်ကြောင်း သိရပါတယ်။ ကနဦး ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၆၇ သန်း ကိုတော့ ဒေါ့မွန်က ပယ်ချထားခဲ့ပါတယ်။
ဒီတစ်ြိကမ် ကမ်းလှမ်းမှုဟာ ဒေါ့မွန် တောင်းဆိုတဲ့ ဈေးထက် လျော့နည်းနေသေးပေမယ့် သဘောတူညီမှု ရအောင် ညှိနှိုင်းနိုင်မယ်လို့ ယူနိုက်တက်က ယုံကြည်မှု ရှိနေပါတယ်။
ညာတောင်ပံ ကစားသမားဟာ အိုးထရက်ဖို့ဒ်ထံ ပြောင်းလာဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ပေးထားပြီ ဖြစ်ပြီး ကလပ်အသင်း နှစ်သင်းကြား ပြောင်းရွှေ့ကြေးနဲ့ ဘယ်လို ပေးမလဲ ဆိုတဲ့ အပေါ်ပဲ မူတည်တော့တာ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ဆန်ချို ကို တောက်လျောက် စောင့်ကြည့် ခေါ်ယူချင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့နွေက မအောင်မြင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာ ရအောင် ခေါ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒီနှစ်မှာ ဒေါ့မွန်က ဆန်ချို အတွက် ပေါင် ၇၇ သန်း (ယူရို သန်း ၉၀) အလိုရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ဒီတစ်ကြိမ် ကမ်းလှမ်းမှုနဲ့ ဆို အနည်းငယ် ကွာဟနေသေးပေမယ့် ပြောင်းရွှေ့ကြေးကို ဘယ်လောက် အရစ်ကျနဲ့ ဘယ်လို ပေးအပ်မယ် ဆိုတာ အပေါ် မူတည်ပြီး သဘောတူညီမှု ရဖို့ များနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက် က ငွေကြေး ပေးအပ်မှု ပုံစံနဲ့ ကစားသမား စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ထပ်ဆောင်းကြေး ပေးမယ့် အချက်အလက်တွေ ဆက်လက် ပြင်ဆင် ညှိနှိုင်းနေပြီလို့ သိရပါတယ်။ ကလပ်နှစ်သင်းလုံးကလည်း ဆွေးနွေးမှု အပေါ် အကောင်းမြင်နေပြီး လာမယ့် ရက်များ အတွင်း သဘောတူနိုင်ဖွယ် ရှိကြောင်း အားကစားသတင်းထောက် ရိုမန်နိုက ဆိုထားပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ တိုက္စစ္သမား ဆန္ခ်ိဳ အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္း ထိ တိုးေပးျပီး ေနာက္ထပ္ ကမ္းလွမး္မႈ တစ္ရပ္ ျပဳလုပ္ထားျပီ ျဖစ္ေၾကာင္း သိရပါတယ္။ ကနဦး ကမ္းလွမ္းမႈ ျဖစ္တဲ့ ေပါင္ ၆၇ သန္း ကိုေတာ့ ေဒါ့မြန္က ပယ္ခ်ထားခဲ့ပါတယ္။
ဒီတစ္ၾိကမ္ ကမ္းလွမ္းမႈဟာ ေဒါ့မြန္ ေတာင္းဆိုတဲ့ ေစ်းထက္ ေလ်ာ့နည္းေနေသးေပမယ့္ သေဘာတူညီမႈ ရေအာင္ ညွိနိႈင္းနိုင္မယ္လို႔ ယူနိုက္တက္က ယံုၾကည္မႈ ရွိေနပါတယ္။
ညာေတာင္ပံ ကစားသမားဟာ အိုးထရက္ဖုိ႕ဒ္ထံ ေျပာင္းလာဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ေပးထားျပီ ျဖစ္ျပီး ကလပ္အသင္း နွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကးနဲ႕ ဘယ္လို ေပးမလဲ ဆိုတဲ့ အေပၚပဲ မူတည္ေတာ့တာ ျဖစ္ပါတယ္။
ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ဆန္ခ်ိဳ ကို ေတာက္ေလ်ာက္ ေစာင့္ၾကည့္ ေခၚယူခ်င္ခဲ့တာ ျဖစ္ျပီး ျပီးခဲ့တဲ့ေႏြက မေအာင္ျမင္ခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာ ရေအာင္ ေခၚဖို႔ စိတ္အားထက္သန္ေနပါတယ္။ ဒီနွစ္မွာ ေဒါ့မြန္က ဆန္ခ်ိဳ အတြက္ ေပါင္ ၇၇ သန္း (ယူရို သန္း ၉၀) အလိုရွိေနတာ ျဖစ္ပါတယ္။
ယူနိုက္တက္ရဲ႕ ဒီတစ္ၾကိမ္ ကမ္းလွမး္မႈနဲ႕ ဆို အနည္းငယ္ ကြာဟေနေသးေပမယ့္ ေျပာင္းေရႊ႕ေၾကးကို ဘယ္ေလာက္ အရစ္က်နဲ႕ ဘယ္လို ေပးအပ္မယ္ ဆိုတာ အေပၚ မူတည္ျပီး သေဘာတူညီမႈ ရဖို႔ မ်ားေနျပီ ျဖစ္ပါတယ္။
ယူနိုက္တက္ က ေငြေၾကး ေပးအပ္မႈ ပံုစံနဲ႕ ကစားသမား စြမ္းေဆာင္ရည္ေပၚ မူတည္ျပီး ထပ္ေဆာင္းေၾကး ေပးမယ့္ အခ်က္အလက္ေတြ ဆက္လက္ ျပင္ဆင္ ညွိနိႈင္းေနျပီလို႔ သိရပါတယ္။ ကလပ္နွစ္သင္းလံုးကလည္း ေဆြးေႏြးမႈ အေပၚ အေကာင္းျမင္ေနျပီး လာမယ့္ ရက္မ်ား အတြင္း သေဘာတူနိုင္ဖြယ္ ရွိေၾကာင္း အားကစားသတင္းေထာက္ ရိုမန္နိုက ဆိုထားပါတယ္။