ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (02/06/20)

အစ်ဟာလိုကို အငှားသက်တမ်းတိုးလိုက်ပေမယ့် ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့ ကစားသမားသစ် အင်အားဖြည့်တင်းမှုမှာ တိုက်စစ်ပိုင်း ခေါ်ယူမှုတွေကို လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ အသင်း ချိတ်ဆက်နေတဲ့ ကစားသမားတွေထဲက ဒီကလန် ရိုက်စ်နဲ့ ရာအူးလ် ဂျီးမီနက်ဇ်တို့ နှစ်ဦးကိုတော့ သူ့ရဲ့ ဦးစားပေး ပစ်မှတ်စာရင်းကနေ ဖယ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ထုတ်သွားပါတယ်။

ဆန်ချိုနဲ့ အပြိုင် ယူနိုက်တက် ချိတ်ဆက်နေတဲ့ ကိုင်ဟာဗက်ဇ်ကလည်း အိုးထရက်ဖို့ဒ် ရောက်ရှိလာရင် ကျောနံပါတ် ၇ ကို အလိုရှိနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်နေတာကြောင့် ဘွန်ဒစ်လီဂါ ကြယ်ပွင့်နှစ်ဦး ထိပ်တိုက်တွေ့ဖို့ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စကိုးလ်က ယူနိုက်တက် ဟာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် တို့နဲ့သာ မတွေ့ခဲ့ရင် ဥရောပဆုဖလား လေး၊ ငါး၊ ခြောက်လုံးလောက်တော့ အသာလေး ရနေပြီ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကွင်းလယ် တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်က ဒီလထဲ ဘောလုံးပွဲတွေ ပြန်လည် စတင်ရင် ပွဲ ပြန်အသားကျဖို့ ကြိုးစားရမယ့် အပြင် ပြိုင်ဘက်တွေက သူ့ ကစားပုံကို သိနေပြီ ဖြစ်တာကြောင့် စိန်ခေါ်မှုကြီးတွေနဲ့ စောင့်နေမှာလို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။

မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းသာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားဖို့ ပိတ်ပင်ခံခဲ့ရမယ်ဆိုပါက ယူနိုက်တက်ဟာ မန်စီးတီး တိုက်စစ် ကစားသမား စတာလင်ကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ ကြိုးပမ်းသွားလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ အဓိက ပစ်မှတ်ကစားသမား ဆန်ချိုကို မရခဲ့ရင် အရန်အဖြစ် အာဂျင်တီးနား တောင်ပံကစားသမား သီယေဂို အယ်မန်ဒါကို ချိတ်ဆက်ထားပါတယ်။

Zawgyi – အစ္ဟာလိုကို အငွားသက္တမ္းတိုးလိုက္ေပမယ့္ ယူနိုက္တက္ဟာ ေႏြအေျပာင္းအေရႊ႔ ကစားသမားသစ္ အင္အားျဖည့္တင္းမႈမွာ တိုက္စစ္ပိုင္း ေခၚယူမႈေတြကို လုပ္ေဆာင္သြားဦးမယ္လို႔ သိရပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ အသင္း ခ်ိတ္ဆက္ေနတဲ့ ကစားသမားေတြထဲက ဒီကလန္ ရိုက္စ္နဲ႕ ရာအူးလ္ ဂ်ီးမီနက္ဇ္တို႔ နွစ္ဦးကိုေတာ့ သူ႔ရဲ႕ ဦးစားေပး ပစ္မွတ္စာရင္းကေန ဖယ္ထုတ္လိုက္ျပီ ျဖစ္ေၾကာင္း အဂၤလန္သတင္းဌာနေတြက ေဖာ္ထုတ္သြားပါတယ္။

ဆန္ခ်ိဳနဲ႕ အျပိဳင္ ယူနိုက္တက္ ခ်ိတ္ဆက္ေနတဲ့ ကိုင္ဟာဗက္ဇ္ကလည္း အိုးထရက္ဖို႔ဒ္ ေရာက္ရွိလာရင္ ေက်ာနံပါတ္ ၇ ကို အလိုရွိနိုင္တဲ့ ကစားသမား တစ္ဦး ျဖစ္ေနတာေၾကာင့္ ဘြန္ဒစ္လီဂါ ၾကယ္ပြင့္နွစ္ဦး ထိပ္တိုက္ေတြ႔ဖို႔ ရွိေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ဂႏၲဝင္ကြင္းလယ္ကစားသမား ေပါလ္စကိုးလ္က ယူႏိုက္တက္ ဟာ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္ တို႔နဲ႔သာ မေတြ႕ခဲ့ရင္ ဥေရာပဆုဖလား ေလး၊ ငါး၊ ေျခာက္လုံးေလာက္ေတာ့ အသာေလး ရေနျပီ ျဖစ္တယ္လို႔ ဆုိလိုက္ပါတယ္။

ကြင္းလယ္ တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္က ဒီလထဲ ေဘာလံုးပြဲေတြ ျပန္လည္ စတင္ရင္ ပြဲ ျပန္အသားက်ဖို႔ ၾကိဳးစားရမယ့္ အျပင္ ျပိဳင္ဘက္ေတြက သူ႔ ကစားပံုကို သိေနျပီ ျဖစ္တာေၾကာင့္ စိန္ေခၚမႈၾကီးေတြနဲ႕ ေစာင့္ေနမွာလို႔ ၀န္ခံ ေျပာဆိုလိုက္ပါတယ္။

ျမိဳ႔ခံျပိဳင္ဘက္ မန္စီးတီးအသင္းသာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ကစားဖို႔ ပိတ္ပင္ခံခဲ့ရမယ္ဆိုပါက ယူနိုက္တက္ဟာ မန္စီးတီး တိုုက္စစ္ ကစားသမား စတာလင္ကို အံ့အားသင့္ဖြယ္ေခၚယူဖို႔ ႀကိဳးပမ္းသြားလိမ့္မယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

ယူနိုက္တက္ဟာ အဓိက ပစ္မွတ္ကစားသမား ဆန္ခ်ိဳကို မရခဲ့ရင္ အရန္အျဖစ္ အာဂ်င္တီးနား ေတာင္ပံကစားသမား သီေယဂို အယ္မန္ဒါကို ခ်ိတ္ဆက္ထားပါတယ္။