ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (25/06/21)

နောဝစ်ချ် အသင်းက အငှားခေါ်ဖို့ ချိတ်ဆက်နေတဲ့ ချယ်ဆီး လူငယ်ကြယ်ပွင့် ဘီလီ ဂေးလ်မားဟာ အသင်းမှာ ဆက်နေပြီး ပွဲကစားခွင့် အတွက် ကြိုးစားသွားသင့်ကြောင်း ဂရေမီ ဆောင်းနက်က တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ချယ်ဆီး ကစားသမားတွေ ဖြစ်တဲ့ မေဆန်မောင့်နဲ့ ဘန်ချေးဝဲလ်တို့ကို ကိုဗစ်စည်းမျဉ်းနဲ့ အညီ ခပ်ခွာခွာနေပြီး အသင်းဖော်တွေနဲ့ ထရိန်နင်မှာ လေ့ကျင့်ရေး အပြည့် ပြန်ဆင်းခွင့် ရဖို့ နည်းလမ်းရှာဖွေနေပါတယ်။

ဘိုင်ယန်မြူးနစ် ခံစစ်မှူး နစ်က်လပ် ဆူလေ ကို ချယ်ဆီးအသင်းက စိတ်ဝင်စားနေပေမယ့် အသက် ၂၅ နှစ် အရွယ် ဂျာမန်သားဟာ ဘိုင်ယန်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပါတယ်။

ချယ်ဆီး အသင်းဟာ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းကို ဒီနွေမှာ မခေါ်နိုင်ခဲ့ရင် ပလန် ဘီ အဖြစ် ဗီလာရီးရဲလ် တိုက်စစ်မှူး ဂျရတ် မိုရီနို ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ဟာလန်း မရရင် ဟယ်ရီ ကိန်း ကိုလည်း ချယ်ဆီးက အလိုရှိပေမယ့် ၎င်းတို့ နှစ်ဦးလုံးက ခေါ်ယူနိုင်ဖို့ ခက်ခဲနေပါတယ်။

ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ် မက်ဆီဟာ ဒီလကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး သူ့ အနာဂတ် အသင်းကို စိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ပေမယ့် ချယ်ဆီးကတော့ မက်ဆီကို ခေါ် ဖြစ်မှာ မဟုတ်တဲ့ အကြောင်း ရှိနေပါတယ်။

ချယ်ဆီးအသင်း ဒါရိုက်တာ မာရီနာ က အသင်း လုပ်ခလစာ စည်းမျဉ်းတွေကို သတ်မှတ်ထားပြီး တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းထက် ပို မပေးဖို့ တင်းကြပ်ထားတာကြောင့် ဖြစ်ပါတယ်။

လာမယ့် ဘောလုံးရာသီမှာ ဥရောပ ပြိုင်ပွဲအားလုံးကနေ အဝေးဂိုး စည်းမျဉ်းများ ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ယူအီးအက်ဖ်အေက ကြေငြာချက် ထုတ်ပြန်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲတွေမှာ ရင်ခုန်ရလေ့ ရှိတဲ့ အဝေးဂိုး စည်းမျဉ်းကတော့ ပျက်ပြယ်သွားခဲ့ပါပြီ။

Zawgyi – ေနာ၀စ္ခ်္ အသင္းက အငွားေခၚဖို႔ ခ်ိတ္ဆက္ေနတဲ့ ခ်ယ္ဆီး လူငယ္ၾကယ္ပြင့္ ဘီလီ ေဂးလ္မားဟာ အသင္းမွာ ဆက္ေနျပီး ပြဲကစားခြင့္ အတြက္ ၾကိဳးစားသြားသင့္ေၾကာင္း ဂေရမီ ေဆာင္းနက္က တိုက္တြန္းလိုက္ပါတယ္။

အဂၤလန္အသင္းဟာ ခ်ယ္ဆီး ကစားသမားေတြ ျဖစ္တဲ့ ေမဆန္ေမာင့္နဲ႕ ဘန္ေခ်း၀ဲလ္တို႔ကို ကိုဗစ္စည္းမ်ဥ္းနဲ႕ အညီ ခပ္ခြာခြာေနျပီး အသင္းေဖာ္ေတြနဲ႕ ထရိန္နင္မွာ ေလ့က်င့္ေရး အျပည့္ ျပန္ဆင္းခြင့္ ရဖို႔ နည္းလမ္းရွာေဖြေနပါတယ္။

ဘိုင္ယန္ျမဴးနစ္ ခံစစ္မွဴး နစ္က္လပ္ ဆူေလ ကို ခ်ယ္ဆီးအသင္းက စိတ္၀င္စားေနေပမယ့္ အသက္ ၂၅ နွစ္ အရြယ္ ဂ်ာမန္သားဟာ ဘိုင္ယန္နဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ နီးစပ္ေနပါတယ္။

ခ်ယ္ဆီး အသင္းဟာ ေဒါ့မြန္ တိုက္စစ္မွဴး ဟာလန္းကို ဒီေႏြမွာ မေခၚနိုင္ခဲ့ရင္ ပလန္ ဘီ အျဖစ္ ဗီလာရီးရဲလ္ တိုက္စစ္မွဴး ဂ်ရတ္ မိုရီနို ကို ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။ ဟာလန္း မရရင္ ဟယ္ရီ ကိန္း ကိုလည္း ခ်ယ္ဆီးက အလိုရွိေပမယ့္ ၄င္းတို႔ နွစ္ဦးလံုးက ေခၚယူနုိင္ဖို႔ ခက္ခဲေနပါတယ္။

ဘာစီလိုနာ ၾကယ္ပြင့္ လီယြန္နယ္ မက္ဆီဟာ ဒီလကုန္မွာ သက္တမ္းကုန္ဆံုးမွာ ျဖစ္ျပီး သူ႔ အနာဂတ္ အသင္းကို စိတ္ၾကိဳက္ ေရြးခ်ယ္နုိင္မွာ ျဖစ္ေပမယ့္ ခ်ယ္ဆီးကေတာ့ မက္ဆီကို ေခၚ ျဖစ္မွာ မဟုတ္တဲ့ အေၾကာင္း ရွိေနပါတယ္။

ခ်ယ္ဆီးအသင္း ဒါရိုက္တာ မာရီနာ က အသင္း လုပ္ခလစာ စည္းမ်ဥ္းေတြကို သတ္မွတ္ထားျပီး တစ္ပတ္ လုပ္ခ ေပါင္ ၂ သိန္းထက္ ပို မေပးဖို႔ တင္းၾကပ္ထားတာေၾကာင့္ ျဖစ္ပါတယ္။

လာမယ့္ ေဘာလံုးရာသီမွာ ဥေရာပ ျပိဳင္ပြဲအားလံုးကေန အေ၀းဂိုး စည္းမ်ဥ္းမ်ား ပယ္ဖ်က္လိုက္ျပီ ျဖစ္ေၾကာင္း ယူအီးအက္ဖ္ေအက ေၾကျငာခ်က္ ထုတ္ျပန္သြားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ပြဲေတြမွာ ရင္ခုန္ရေလ့ ရွိတဲ့ အေ၀းဂိုး စည္းမ်ဥ္းကေတာ့ ပ်က္ျပယ္သြားခဲ့ပါျပီ။