ချယ်ဆီးကြယ်ပွင့် ဘီလီ ဂေးလ်မားကို ဇာတိမြေသို့ ပြန်ခေါ်ချင်နေတဲ့ စတီဗင်ဂျရတ်

ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီ အစောပိုင်း လတွေမှာ မကစားနိုင်ခဲ့တဲ့ ချယ်ဆီး ကွင်းလယ် လူငယ်လေး ဘီလီ ဂေးလ်မားဟာ သူ ပြန် ကစားနိုင်တာနဲ့ အသင်းနဲ့ အတူ ပါဝင် အစွမ်းပြလာခဲ့တာပါ။

ဖရန့်လမ်းပတ် ရှိစဉ်က ဂေးလ်မားဟာ ချယ်ဆီးအသင်းမှာ လူစားဝင် ကစားခွင့် မကြာခဏ ရခဲ့ပြီး နည်းပြ တူချယ် ရောက်လာပြီးတဲ့နောက်မှာတော့ ရာသီနှောင်းပိုင်း ချယ်ဆီးအသင်းအတွက် အရေးပါတဲ့ ပွဲအချို့မှာပါ ပွဲထွက်ခွင့် ရခဲ့ပါတယ်။

သေချာတာတော့ စကော့သား ကွင်းလယ် လူငယ်လေးဟာ ထူးချွန်တဲ့ ပင်ကိုယ် ပါရမီနဲ့ အရည်အသွေး ရှိသူ ဖြစ်ပါတယ်။ လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း စကော့တလန်ပထမဆုံး ပွဲဦးထွက် ခွင့် ရခဲ့တဲ့ တစ်ပွဲမှာ အထူး အစွမ်းပြခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် နောက်ပွဲတွေမှာ မပါဝင်နိုင်တော့ဘဲ လွဲချော်ခဲ့တာပါ။

ဂေးလ်မားဟာ လာမယ့် ရာသီမှာ တူချယ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပို နေရာရလာနိုင်တယ် ခန့်မှန်းမှုတွေ ရှိနေသလို ပုံမှန် ပွဲကစားခွင့် အတွက် တစ်ရာသီ အငှားစေလွှတ်ဖွယ် ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပရီးမီးယားလိဂ်သို့ တန်းတက်လာတဲ့ နောဝစ်ချ်က ဂေးလ်မားကို ဒီနွေမှာ အငှားခေါ်ဖို့ ဦးဆုံး ချဉ်းကပ်လာတဲ့ အသင်း ဖြစ်ပြီး နောက်ဆုံး သတင်းတွေမှာတော့ ရိန်းဂျားစ် အသင်း နည်းပြ စတီဗင်ဂျရတ် ပါ ပါဝင်လာပါတယ်။

ဂျရတ်က ဂေးလ်မားကို သူ့ ဇာတိမြေ စကော့တလန် သို့ ပြန်ခေါ်ပြီး နေရာပေးလိုနေတယ်လို့ သိရပါတယ်။ ဂေးလ်မားက စကော့တလန် အမှတ်ပေးလိဂ်မှာ ချန်ပီယံ ဖြစ်ထားတဲ့ ရိမ်းဂျားစ် အသင်းမှာ ကောင်းစွာ ခြေစွမ်းပြနိုင်စွမ်း ရှိနေတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

တူချယ်ကတော့ ဂေးလ်မားကို အထူး သဘောကျသူ ဖြစ်ပြီး စကော့ လူငယ်လေးကို အငှား ထွက်ခွာခွင့် ပြု မပြု ဆိုတာ ရှင်းလင်းမှု မရှိသေးပါဘူး။

Zawgyi – ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရခဲ့တာေၾကာင့္ ျပီးခဲ့တဲ့ ရာသီ အေစာပိုင္း လေတြမွာ မကစားနိုင္ခဲ့တဲ့ ခ်ယ္ဆီး ကြင္းလယ္ လူငယ္ေလး ဘီလီ ေဂးလ္မားဟာ သူ ျပန္ ကစားနိုင္တာနဲ႕ အသင္းနဲ႕ အတူ ပါ၀င္ အစြမ္းျပလာခဲ့တာပါ။

ဖရန္႔လမ္းပတ္ ရွိစဥ္က ေဂးလ္မားဟာ ခ်ယ္ဆီးအသင္းမွာ လူစား၀င္ ကစားခြင့္ မၾကာခဏ ရခဲ့ျပီး နည္းျပ တူခ်ယ္ ေရာက္လာျပီးတဲ့ေနာက္မွာေတာ့ ရာသီေနွာင္းပိုင္း ခ်ယ္ဆီးအသင္းအတြက္ အေရးပါတဲ့ ပြဲအခ်ိဳ႕မွာပါ ပြဲထြက္ခြင့္ ရခဲ့ပါတယ္။

ေသခ်ာတာေတာ့ စေကာ့သား ကြင္းလယ္ လူငယ္ေလးဟာ ထူးခၽြန္တဲ့ ပင္ကိုယ္ ပါရမီနဲ႕ အရည္အေသြး ရွိသူ ျဖစ္ပါတယ္။ လက္ရွိ ယူရို ၂၀၂၀ ျပိဳင္ပြဲမွာလည္း စေကာ့တလန္ပထမဆံုး ပြဲဦးထြက္ ခြင့္ ရခဲ့တဲ့ တစ္ပြဲမွာ အထူး အစြမ္းျပခဲ့ပါတယ္။ ဒါေပမယ့္ ကိုဗစ္ေၾကာင့္ ေနာက္ပြဲေတြမွာ မပါ၀င္နုိင္ေတာ့ဘဲ လြဲေခ်ာ္ခဲ့တာပါ။

ေဂးလ္မားဟာ လာမယ့္ ရာသီမွာ တူခ်ယ္ရဲ႕ ပြဲြထြက္လူစာရင္းမွာ ပို ေနရာရလာနုိင္တယ္ ခန္႔မွန္းမႈေတြ ရွိေနသလို ပံုမွန္ ပြဲကစားခြင့္ အတြက္ တစ္ရာသီ အငွားေစလႊတ္ဖြယ္ ရွိေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

ပရီးမီးယားလိဂ္သို႔ တန္းတက္လာတဲ့ ေနာ၀စ္ခ်္က ေဂးလ္မားကို ဒီေႏြမွာ အငွားေခၚဖို႔ ဦးဆံုး ခ်ဥ္းကပ္လာတဲ့ အသင္း ျဖစ္ျပီး ေနာက္ဆံုး သတင္းေတြမွာေတာ့ ရိန္းဂ်ားစ္ အသင္း နည္းျပ စတီဗင္ဂ်ရတ္ ပါ ပါ၀င္လာပါတယ္။

ဂ်ရတ္က ေဂးလ္မားကို သူ႔ ဇာတိေျမ စေကာ့တလန္ သို႔ ျပန္ေခၚျပီး ေနရာေပးလိုေနတယ္လို႔ သိရပါတယ္။ ေဂးလ္မားက စေကာ့တလန္ အမွတ္ေပးလိဂ္မွာ ခ်န္ပီယံ ျဖစ္ထားတဲ့ ရိမ္းဂ်ားစ္ အသင္းမွာ ေကာင္းစြာ ေျခစြမ္းျပနိုင္စြမ္း ရွိေနတာကေတာ့ အေသအခ်ာပဲ ျဖစ္ပါတယ္။

တူခ်ယ္ကေတာ့ ေဂးလ္မားကို အထူး သေဘာက်သူ ျဖစ္ျပီး စေကာ့ လူငယ္ေလးကို အငွား ထြက္ခြာခြင့္ ျပဳ မျပဳ ဆိုတာ ရွင္းလင္းမႈ မရွိေသးပါဘူး။