ဆန်ချိုပြီး ယူနိုက်တက်ရဲ့ ဒုတိယမြောက် ခေါ်ယူမှုအဖြစ် ချိတ်ဆက်ခံရမယ့် ဥရောပ ကြယ်ပွင့်လေး

ဆန်ချိူကို ခေါ်ယူနိုင်ရေး အခြေအနေကောင်းနေပြီဖြစ်တဲ့ ယူနိုက်တက်ဟာ အင်္ဂလန်သား တိုက်စစ်သမားကို ခေါ်ယူမှု အဆုံးသတ်ပြီးရင် လီဂူးဝမ်းမှာ တောက်ပနေတဲ့ ကွင်းလယ်လူ ကာမေဗင်ဂျာကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ပါတယ်။

ဒေးလီးမေလ်းက ဖော်ပြရာမှာ ယူနိုက်တက်ဟာ ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ပေါင် ၇၇ သန်း တန်ကြေးရှိတဲ့ ကမ်းလှမ်းမှု ပေးပို့ထားပြီး နှစ်သင်းကြား ငွေပေးချေမှု ပုံစံကိုပဲ သဘောတူညီမှုရဖို့ လိုအပ်တော့တယ်လို့ ဖော်ပြပါတယ်။ ဆန်ချိုကို ခေါ်ယူပြီးရင် ယူနိုက်တက်က ကွင်းလယ်နဲ့ ဗဟိုခံစစ်မှူးနေရာတွေကို ဦးလှည့်မှာဖြစ်တယ်။

ကာမေဗင်ဂျာဟာ လီဂူးဝမ်းရဲ့ ထူးချွန် လူငယ်တစ်ဦးအဖြစ် တောက်ပလာခဲ့ကာ သူဟာ ယူနိုက်တက် ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဟမ် နည်းတူ ဥရောပရဲ့ ထိပ်တန်းတစ်ဦး ဖြစ်လာမယ် ရေပန်းစားနေတယ်။

ပြင်သစ်ကလပ် ရီးနက်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူဟာ အခုမှ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း စီနီယာအသင်းမှာ ပြသနိုင်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ထိပ်တန်းအသင်းတွေရဲ့ စောင့်ကြည့်ခံရမှု စာရင်းမှာ ပါဝင်နေပြီဖြစ်တယ်။ အသက် ၁၈ နှစ်အရွယ် ကစားသမားရဲ့ တန်ကြေးက ပေါင် ၆၀ သန်းထိ ရောက်လာတာတော့ တကယ်ကို ရူးသွပ်စရာပါပဲ။

အန်ဂိုလိုဖွား ကွင်းလယ်လူကို ခေါ်ယူဖို့ ပီအက်စ်ဂျီကလည်း စောင့်ကြည့်နေတာဖြစ်ကာ ယူနိုက်တက်ဘက်က အမှန်တကယ် စိတ်ဝင်စားမှု ပြသမယ်ဆိုရင် ခေါ်ယူနိုင်ဖို့ ပြတ်ကျန်နေမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ZAWGYI – ဆန္ခ်ိဴကို ေခၚယူႏုိင္ေရး အေျခအေနေကာင္းေနျပီျဖစ္တ့ဲ ယူႏုိက္တက္ဟာ အဂၤလန္သား တိုက္စစ္သမားကို ေခၚယူမႈ အဆံုးသတ္ျပီးရင္ လီဂူးဝမ္းမွာ ေတာက္ပေနတဲ့ ကြင္းလယ္လူ ကာေမဗင္ဂ်ာကုိ ေခၚယူဖို႔ ၾကိဳးစားမွာျဖစ္ပါတယ္။

ေဒးလီးေမလ္းက ေဖာ္ျပရာမွာ ယူႏုိက္တက္ဟာ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ေပါင္ ၇၇ သန္း တန္ေၾကးရွိတဲ့ ကမ္းလွမ္းမႈ ေပးပို႔ထားျပီး ႏွစ္သင္းၾကား ေငြေပးေခ်မႈ ပံုစံကိုပဲ သေဘာတူညီမႈရဖို႔ လိုအပ္ေတာ့တယ္လို႔ ေဖာ္ျပပါတယ္။ ဆန္ခ်ိဳကို ေခၚယူျပီးရင္ ယူႏုိက္တက္က ကြင္းလယ္နဲ႔ ဗဟိုခံစစ္မွဴးေနရာေတြကို ဦးလွည့္မွာျဖစ္တယ္။

ကာေမဗင္ဂ်ာဟာ လီဂူးဝမ္းရဲ႕ ထူးခၽြန္ လူငယ္တစ္ဦးအျဖစ္ ေတာက္ပလာခဲ့ကာ သူဟာ ယူႏုိက္တက္ ေခၚယူဖို႔ ၾကိဳးစားခဲ့ျပီး မေအာင္ျမင္ခဲ့တဲ့ ေဒါ့မြန္ ကြင္းလယ္လူ ဘယ္လင္ဟမ္ နည္းတူ ဥေရာပရဲ႕ ထိပ္တန္းတစ္ဦး ျဖစ္လာမယ္ ေရပန္းစားေနတယ္။

ျပင္သစ္ကလပ္ ရီးနက္အသင္းမွာ ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူဟာ အခုမွ အသက္ ၁၈ ႏွစ္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္လည္း စီနီယာအသင္းမွာ ျပသႏုိင္တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ထိပ္တန္းအသင္းေတြရဲ႕ ေစာင့္ၾကည့္ခံရမႈ စာရင္းမွာ ပါဝင္ေနျပီျဖစ္တယ္။ အသက္ ၁၈ ႏွစ္အရြယ္ ကစားသမားရဲ႕ တန္ေၾကးက ေပါင္ ၆၀ သန္းထိ ေရာက္လာတာေတာ့ တကယ္ကို ရူးသြပ္စရာပါပဲ။

အန္ဂိုလိုဖြား ကြင္းလယ္လူကို ေခၚယူဖို႔ ပီအက္စ္ဂ်ီကလည္း ေစာင့္ၾကည့္ေနတာျဖစ္ကာ ယူႏုိက္တက္ဘက္က အမွန္တကယ္ စိတ္ဝင္စားမႈ ျပသမယ္ဆိုရင္ ေခၚယူႏုိင္ဖို႔ ျပတ္က်န္ေနမွာ မဟုတ္ဘူးလို႔ သိရပါတယ္။