ချယ်ဆီး ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ဆရာဟောင်း ဆာရီ နည်းပြ လုပ်နေတဲ့ ဂျူဗင်တပ်ထံ ရောက်သွားဖို့ ရေပန်းစားနေပြီး ဒီတလောပိုင်းမှာတင် စီးရီးအေထိပ်သီးကလပ်က ကမ်းလှမ်းမှုတွေ အလဲအထပ်တွေနဲ့ ချဉ်းကပ်နေကြောင်း သတင်းထွက်နေပါတယ်။ ဂျော်ဂျင်ဟိုရဲ့ အေးဂျင့် ဖြစ်သူ ဂျာအို ဆန်းတို့စ်ကတော့ သူ့ ကစားသမားကို တကယ် လိုချင်ရင် အရင်လုပ်သင့်တဲ့ ကိစ္စကို ထောက်ပြလိုက် ပါတယ်။
ဂျော်ဂျင်ဟိုကို ဂျူဗင်တပ် က ၎င်းတို့ လက်လွှတ်ရဖွယ် ရှိတဲ့ ပီဂျာနစ် နေရာ တိုက်ရိုက် အစားထိုးဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပြီး နောက်ဆုံး သတင်းများအရ ဖက်ဒရီကို ကို အလိုက်ပေး ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
အေးဂျင့် ဆန်းတို့စ်ကတော့ သတင်းတွေက ကောလဟာလသာ ဖြစ်ပြီး သူ့ ကစားသမားကို တကယ်လိုချင်ရင် ချယ်ဆီးနဲ့ မာရီနာကို တိုက်ရိုက် ဆက်သွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
” ကျနော် သတင်းမီဒီယာတွေက ကြားတာတွေကတော့ ကောလဟာလတွေချည်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဂျူဗင်တပ်က အဆက်အသွယ် လုပ်မလာသေးဘူး။ မာရီဇီယို ဆာရီက ဂျော်ဂျင်ဟို ကို ကစားသမား တစ်ယောက် အနေနဲ့ရော လူ ပုဂ္ဂိုလ်အနေနဲ့ပါ သဘောကျတယ်။ သူတို့က အတူ အလုပ်လုပ်တာ အရမ်း အဆင်ပြေတယ်လေ။
အခုထိ အခြေအနေက အဲဒီအထိပဲ။ ကစားသမားက ချယ်ဆီးအသင်း အတွက်သာ အာရုံစိုက်ထားတယ်။ ပရီးမီးယားလိဂ်မှာ ပွဲတွေ ပြန်စရင် အသင့် ဖြစ်ဖို့ ပြင်ဆင်နေတယ်။ ကျနော့် အမြင်တော့ ဂျူဗီအနေနဲ့ သူ့ကို အခု ဝယ်ဖို့ဆိုတာ ခက်ခဲမယ်။ ဂျော်ဂျင်ဟိုက ချယ်ဆီးနဲ့ ၂၀၂၃ ထိ စာချုပ် ရှိတယ် ချယ်ဆီးမှာ အရေးပါတဲ့ အသင်းသား ဖြစ်ပြီး ဒုတိယ အသင်းခေါင်းဆောင်လည်း ဖြစ်တယ်။
ဂျူဗင်တပ်တင် မဟုတ်ဘူး တခြား ဥရောပ ကလပ်အသင်းကြီးတွေ အနေနဲ့လည်း ကစားသမား တစ်ယောက်ကို ဒီချိန်မှာ ပြောင်းရွှေ့ကြေးကြီး ပေးဝယ်ဖို့ ခက်ခဲပါတယ်။ တကယ်လို့ ဂျော်ဂျင်ဟိုကို ဂျူဗီက တကယ်ကိုပဲ လိုချင်နေတာပါ ဆိုရင်တော့ ချယ်ဆီးနဲ့ မာရီနာကို သွား စကားပြောကြပါ။ အဲဒီနောက်မှာ ဘာလုပ်ရမလဲ ကြည့်ကြတာပေါ့ ဒါက ပြသနာကြီး မဟုတ်ပါဘူး။ ” လို့ အေးဂျင့်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ လကုန်ပတ်က အင်တာဗျူးမှာတော့ အေးဂျင့် ဆန်းတို့စ်က ဂျော်ဂျင်ဟို အတွက် ဥရောပထိပ်သီးကလပ် အသင်း ၂ သင်းက ချဥ်းကပ်မေးမြန်း ထားကြောင်း ဝန်ခံထားပြီး အီတလီ ကလပ်အသင်းတွေတော့ မပါဝင်ကြောင်း ဖွင့်ဟထားပါတယ်။
Zawgyi – ခ်ယ္ဆီး ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုဟာ ဆရာေဟာင္း ဆာရီ နည္းျပ လုပ္ေနတဲ့ ဂ်ဴဗင္တပ္ထံ ေရာက္သြားဖို႔ ေရပန္းစားေနျပီး ဒီတေလာပိုင္းမွာတင္ စီးရီးေအထိပ္သီးကလပ္က ကမ္းလွမ္းမႈေတြ အလဲအထပ္ေတြနဲ႕ ခ်ဥ္းကပ္ေနေၾကာင္း သတင္းထြက္ေနပါတယ္။ ေဂ်ာ္ဂ်င္ဟိုရဲ႕ ေအးဂ်င့္ ျဖစ္သူ ဂ်ာအို ဆန္းတို႔စ္ကေတာ့ သူ႔ ကစားသမားကို တကယ္ လိုခ်င္ရင္ အရင္လုပ္သင့္တဲ့ ကိစၥကို ေထာက္ျပလိုက္ ပါတယ္။
ေဂ်ာ္ဂ်င္ဟိုကို ဂ်ဴဗင္တပ္ က ၄င္းတို႔ လက္လႊတ္ရဖြယ္ ရွိတဲ့ ပီဂ်ာနစ္ ေနရာ တိုက္ရိုက္ အစားထိုးဖို႔ ပစ္မွတ္ထားေနတာ ျဖစ္ျပီး ေနာက္ဆံုး သတင္းမ်ားအရ ဖက္ဒရီကို ကို အလိုက္ေပး ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။
ေအးဂ်င့္ ဆန္းတို႔စ္ကေတာ့ သတင္းေတြက ေကာလဟာလသာ ျဖစ္ျပီး သူ႔ ကစားသမားကို တကယ္လိုခ်င္ရင္ ခ်ယ္ဆီးနဲ႕ မာရီနာကို တိုက္ရိုက္ ဆက္သြယ္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။
” က်ေနာ္ သတင္းမီဒီယာေတြက ၾကားတာေတြကေတာ့ ေကာလဟာလေတြခ်ည္းပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဂ်ဴဗင္တပ္က အဆက္အသြယ္ လုပ္မလာေသးဘူး။ မာရီဇီယို ဆာရီက ေဂ်ာ္ဂ်င္ဟို ကို ကစားသမား တစ္ေယာက္ အေနနဲ႕ေရာ လူ ပုဂၢိဳလ္အေနနဲ႕ပါ သေဘာက်တယ္။ သူတို႔က အတူ အလုပ္လုပ္တာ အရမ္း အဆင္ေျပတယ္ေလ။
အခုထိ အေျခအေနက အဲဒီအထိပဲ။ ကစားသမားက ခ်ယ္ဆီးအသင္း အတြက္သာ အာရံုစိုက္ထားတယ္။ ပရီးမီးယားလိဂ္မွာ ပြဲေတြ ျပန္စရင္ အသင့္ ျဖစ္ဖို႔ ျပင္ဆင္ေနတယ္။ က်ေနာ့္ အျမင္ေတာ့ ဂ်ဴဗီအေနနဲ႕ သူ႔ကို အခု ၀ယ္ဖုိ႔ဆိုတာ ခက္ခဲမယ္။ ေဂ်ာ္ဂ်င္ဟိုက ခ်ယ္ဆီးနဲ႕ ၂၀၂၃ ထိ စာခ်ဳပ္ ရွိတယ္ ခ်ယ္ဆီးမွာ အေရးပါတဲ့ အသင္းသား ျဖစ္ျပီး ဒုတိယ အသင္းေခါင္းေဆာင္လည္း ျဖစ္တယ္။
ဂ်ဴဗင္တပ္တင္ မဟုတ္ဘူး တျခား ဥေရာပ ကလပ္အသင္းၾကီးေတြ အေနနဲ႕လည္း ကစားသမား တစ္ေယာက္ကို ဒီခ်ိန္မွာ ေျပာင္းေရႊ႕ေၾကးၾကီး ေပး၀ယ္ဖို႔ ခက္ခဲပါတယ္။ တကယ္လို႔ ေဂ်ာ္ဂ်င္ဟိုကို ဂ်ဴဗီက တကယ္ကိုပဲ လိုခ်င္ေနတာပါ ဆိုရင္ေတာ့ ခ်ယ္ဆီးနဲ႕ မာရီနာကို သြား စကားေျပာၾကပါ။ အဲဒီေနာက္မွာ ဘာလုပ္ရမလဲ ၾကည့္ၾကတာေပါ့ ဒါက ျပသနာၾကီး မဟုတ္ပါဘူး။ ” လို႔ ေအးဂ်င့္က ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ ေျပာဆိုသြားပါတယ္။
ျပီးခဲ့တဲ့ လကုန္ပတ္က အင္တာဗ်ဴးမွာေတာ့ ေအးဂ်င့္ ဆန္းတို႔စ္က ေဂ်ာ္ဂ်င္ဟို အတြက္ ဥေရာပထိပ္သီးကလပ္ အသင္း ၂ သင္းက ခ်ဥး္ကပ္ေမးျမန္း ထားေၾကာင္း ၀န္ခံထားျပီး အီတလီ ကလပ္အသင္းေတြေတာ့ မပါ၀င္ေၾကာင္း ဖြင့္ဟထားပါတယ္။