မန်နေဂျာတူချယ်ရဲ့ ရာသီသစ်အတွက် အဓိက ပစ်မှတ်ကစားသမားကို လက်လွတ်လိုက်ရတဲ့ ချယ်ဆီး

အင်တာမီလန်ဟာ ၎င်းတို့ရဲ့ အစွန်-တောင်ပံသမား ဟာကီမီကို ပီအက်စ်ဂျီအသင်းထံ ရောင်းထုတ်ရေးကိစ္စ ပြီးမြောက်သွားခဲ့ပြီဖြစ်ပါတယ်။

အင်တာမီလန်က ချယ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး လီဂူးဝမ်းကလပ် ပီအက်စ်ဂျီရဲ့ ယူရို သန်း ၇၀ ဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်ခြင်းဖြစ်တယ်။ ဒါကြောင့် မန်နေဂျာတူချယ်ရဲ့ အဓိက ပစ်မှတ် ၃ ဦးထဲက တစ်ဦးကို ချယ်ဆီးအသင်း လက်လွတ်ခဲ့ရပြီဖြစ်ပါတယ်။

တူချယ် ခေါ်ယူလိုတဲ့ ကစားသမားတွေက တိုက်စစ်မှူးတစ်ဦး၊ ကွင်းလယ်လူတစ်ဦး၊ ခံစစ်မှူးတစ်ဦးလို့ သိရပြီး အခွင့်သင့်ရင်တော့ အစွန်-တောင်ပံသမား တစ်ဦးကို ခေါ်ယူလိုခဲ့တယ်။ ချယ်ဆီးဟာ အင်တာမီလန်မှ ဟာကီမီ ၉သို့) ဝုဗ်အသင်းမှ ထရာအိုရေးကို အစွန်-တောင်ပံသမား နေရာအတွက် ခေါ်ယူလိုခဲ့ပါတယ်။

ချယ်ဆီးဘက်က ဟာကီမီအတွက် ယူရို သန်း ၆၀ တန် စာချုပ်ကို ပေးပို့ ကမ်းလှမ်းခဲ့ပေမယ့် သူတို့ရဲ့ ကမ်းလှမ်းမှုက ငွေသားသီးသန့် မဟုတ်ဘဲ အီမာဆန် (သို့) ခရစ်စတန်ဆန် တစ်ဦးဦးကို အလိုက်ပေး ကမ်းလှမ်းခဲ့ခြင်းဖြစ်တယ်။ အင်တာကတော့ ငွေးသားသီးသန့် လိုအပ်ခြင်းကြောင့် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကိုပဲ သဘောတွေ့ခဲ့ပါတယ်။

ချယ်ဆီးရဲ့ နောက်ထပ် ကြိုးစားမှုကတော့ အထောင်တိုက်စစ်မှူးပိုင်း ဖြစ်လာဖို့ရှိကာ အစွန်-တောင်ပံ နေရာအတွက် ကစားသမားသစ် ခေါ်ယူခြင်းထက် ရိစ်ဂျိမ်းကို ဆက်ထိန်းဖို့ကိုပဲ အာရုံစိုက်ဖွယ်ရှိတယ်။ ချယ်ဆီးရဲ့ ပြည်တွင်းပြိုင်ဘက် မန်စီးတီးရဲ့ မန်နေဂျာ ဂွာဒီယိုလာက ရိစ်ဂျိမ်းကို အတော်လေး နှစ်သက်နေပြီး စောင့်ကြည့်စာရင်းထဲ ထည့်လာနေတယ်လို့ သိထားရပါတယ်။

ZAWGYI – အင္တာမီလန္ဟာ ၄င္းတို႔ရဲ႕ အစြန္-ေတာင္ပံသမား ဟာကီမီကို ပီအက္စ္ဂ်ီအသင္းထံ ေရာင္းထုတ္ေရးကိစၥ ျပီးေျမာက္သြားခဲ့ျပီျဖစ္ပါတယ္။

အင္တာမီလန္က ခ်ယ္ဆီးရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ျပီး လီဂူးဝမ္းကလပ္ ပီအက္စ္ဂ်ီရဲ႕ ယူရို သန္း ၇၀ ျဖင့္ ကမ္းလွမ္းမႈကို လက္ခံလိုက္ျခင္းျဖစ္တယ္။ ဒါေၾကာင့္ မန္ေနဂ်ာတူခ်ယ္ရဲ႕ အဓိက ပစ္မွတ္ ၃ ဦးထဲက တစ္ဦးကို ခ်ယ္ဆီးအသင္း လက္လြတ္ခဲ့ရျပီျဖစ္ပါတယ္။

တူခ်ယ္ ေခၚယူလိုတဲ့ ကစားသမားေတြက တိုက္စစ္မွဴးတစ္ဦး၊ ကြင္းလယ္လူတစ္ဦး၊ ခံစစ္မွဴးတစ္ဦးလို႔ သိရျပီး အခြင့္သင့္ရင္ေတာ့ အစြန္-ေတာင္ပံသမား တစ္ဦးကို ေခၚယူလိုခဲ့တယ္။ ခ်ယ္ဆီးဟာ အင္တာမီလန္မွ ဟာကီမီ ၉သို႔) ဝုဗ္အသင္းမွ ထရာအိုေရးကို အစြန္-ေတာင္ပံသမား ေနရာအတြက္ ေခၚယူလိုခဲ့ပါတယ္။

ခ်ယ္ဆီးဘက္က ဟာကီမီအတြက္ ယူရို သန္း ၆၀ တန္ စာခ်ဳပ္ကို ေပးပို႔ ကမ္းလွမ္းခဲ့ေပမယ့္ သူတို႔ရဲ႕ ကမ္းလွမ္းမႈက ေငြသားသီးသန္႔ မဟုတ္ဘဲ အီမာဆန္ (သို႔) ခရစ္စတန္ဆန္ တစ္ဦးဦးကို အလိုက္ေပး ကမ္းလွမ္းခဲ့ျခင္းျဖစ္တယ္။ အင္တာကေတာ့ ေငြးသားသီးသန္႔ လိုအပ္ျခင္းေၾကာင့္ ပီအက္စ္ဂ်ီရဲ႔ ကမ္းလွမ္းမႈကိုပဲ သေဘာေတြ႔ခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ ေနာက္ထပ္ ၾကိဳးစားမႈကေတာ့ အေထာင္တိုက္စစ္မွဴးပိုင္း ျဖစ္လာဖို႔ရွိကာ အစြန္-ေတာင္ပံ ေနရာအတြက္ ကစားသမားသစ္ ေခၚယူျခင္းထက္ ရိစ္ဂ်ိမ္းကို ဆက္ထိန္းဖို႔ကိုပဲ အာရံုစိုက္ဖြယ္ရွိတယ္။ ခ်ယ္ဆီးရဲ႕ ျပည္တြင္းျပိဳင္ဘက္ မန္စီးတီးရဲ႕ မန္ေနဂ်ာ ဂြာဒီယိုလာက ရိစ္ဂ်ိမ္းကို အေတာ္ေလး ႏွစ္သက္ေနျပီး ေစာင့္ၾကည့္စာရင္းထဲ ထည့္လာေနတယ္လို႔ သိထားရပါတယ္။