အသင်းပြောင်းချင်ပြီလို့ အသိပေးထားတဲ့ မန်စီးတီး၊ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ကွင်းလယ် ပစ်မှတ်

ပရီးမီးယားလိဂ်မှ မန်စီးတီး၊ မန်ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ရဲ့ ပစ်မှတ် ကွင်းလယ်ကစားသမား ဆောနီဂွက်ဇ် ကတော့ လက်ရှိကလပ် အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာလိုကြောင်း အသိပေးထားတယ်လို့ စပိန် AS သတင်းက ဖော်ပြလာပါတယ်။

ဆောနီဂွက်ဇ်ရဲ့ လက်ရှိစာချုပ်က ငါးနှစ်တောင် ကျန်သေးပြီး စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၁၅၀ ရှိပါတယ်။ ဒါပေမယ့် ကစားသမားကတော့ အသင်းကနေ ထွက်လာလိုကြောင်း ပြောဆိုထားတယ်လို့ သိရတာပါ။

စပိန်သတင်းတွေ အဆိုအရတော့ အက်သလက်တီကို မက်ဒရစ်ဟာ စာချုပ်ဖျက်သိမ်းကြေး အတိုင်း မဟုတ်ရင်တောင် ကောင်းမွန်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် ရရှိပါက ရောင်းချလိုနေတယ်လို့ ဆိုပါတယ်။

စပိန်လက်ရွေးစင် ကွင်းလယ် ကစားသမားကို ပရီးမီးယားလိဂ် အသင်းကြီးတွေက အပြိုင် အလိုရှိနေတယ် သတင်းထွက်ထားပေမယ့် တကယ် ချဉ်းကပ် ချိတ်ဆက်မှုကတော့ ယူနိုက်တက် ဆီကလောက်ပဲ ကြားရပါသေးတယ်။

Zawgyi – ပရီးမီးယားလိဂ္မွ မန္စီးတီး၊ မန္ယူနိုက္တက္နဲ႕ လီဗာပူးအသင္းတို႔ရဲ႕ ပစ္မွတ္ ကြင္းလယ္ကစားသမား ေဆာနီဂြက္ဇ္ ကေတာ့ လက္ရွိကလပ္ အက္သလက္တီကို မက္ဒရစ္ကေန ထြက္ခြာလိုေၾကာင္း အသိေပးထားတယ္လို႔ စပိန္ AS သတင္းက ေဖာ္ျပလာပါတယ္။

ေဆာနီဂြက္ဇ္ရဲ႕ လက္ရွိစာခ်ဳပ္က ငါးနွစ္ေတာင္ က်န္ေသးျပီး စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ယူရို သန္း ၁၅၀ ရွိပါတယ္။ ဒါေပမယ့္ ကစားသမားကေတာ့ အသင္းကေန ထြက္လာလိုေၾကာင္း ေျပာဆိုထားတယ္လို႔ သိရတာပါ။

စပိန္သတင္းေတြ အဆိုအရေတာ့ အက္သလက္တီကို မက္ဒရစ္ဟာ စာခ်ဳပ္ဖ်က္သိမ္းေၾကး အတိုင္း မဟုတ္ရင္ေတာင္ ေကာင္းမြန္တဲ့ ေျပာင္းေရႊ႕ေၾကး တစ္ရပ္ ရရွိပါက ေရာင္းခ်လိုေနတယ္လို႔ ဆိုပါတယ္။

စပိန္လက္ေရြးစင္ ကြင္းလယ္ ကစားသမားကို ပရီးမီးယားလိဂ္ အသင္းၾကီးေတြက အျပိဳင္ အလိုရွိေနတယ္ သတင္းထြက္ထားေပမယ့္ တကယ္ ခ်ဥ္းကပ္ ခ်ိတ္ဆက္မႈကေတာ့ ယူနိုက္တက္ ဆီကေလာက္ပဲ ၾကားရပါေသးတယ္။