ချယ်ဆီးအသင်းဟာ ဒီနွေမှာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ရအောင် ခေါ်ယူဖို့ ရည်ရွယ်ထားပေမယ့် သူတို့ ပစ်မှတ်ထားတဲ့ ကစားသမားတွေနဲ့ အခြေအနေက ထူးခြားမယ့် အနေအထားကို မရှိသေးကြောင်း အပြောင်းအရွှေ့ စပါယ်ရှယ်လစ် အီတလီ သတင်းထောက် ဖာဘရီဇီယို ရိုမန်နို က သုံးသပ်ထားပါတယ်။
ချယ်ဆီးရဲ့ အဓိက ပစ်မှတ်က ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း ဖြစ်နေတာကြောင့်လည်း အခြေအနေတွေက ပို ရှု့ပ်ထွေးလာရတယ်လို့ ၎င်းက ဆိုပါတယ်။ ဒေါ့မွန်က ဟာလန်းကို ဒီနွေမှာ မရောင်းဘဲ ဆက်လက် ထိန်းထားလိုနေပြီး ဂျာမန်ကလပ်ဟာ ယူရို သန်း ၁၈၀ လောက် ရမှသာ ဟာလန်း ရောင်းဖို့ စဉ်းစားမှာ ဖြစ်နေပါတယ်။
နောက်ထပ် တိုက်စစ် ပစ်မှတ်ကတော့ ရိုမီလူ လူကာကူ ဖြစ်ပြီး ကစားသမား ကိုယ်တိုင်က အင်တာမီလန်မှာ ဆက်လက် အစွမ်းပြ ကစားလိုနေကြောင်း အသိပေးထားပါတယ်။ အင်တာနည်းပြ ကွန်တီ ထွက်ခွာသွားပေမယ့် လူကာကူ က သူ ခြေစွမ်းပြနေတဲ့ ကလပ်ကနေ ထွက်ခွာလိုခြင်း မရှိသေးပါဘူး။
တိုက်စစ် ပစ်မှတ်တွေကို ချိတ်ဆက်တာ အပြင် ချယ်ဆီးအသင်းဟာ တဖက်မှာလည်း လက်ရှိ တိုက်စစ်သမားတွေကို ဘယ်လို လုပ်မလဲ ဆုံးဖြတ်ဖို့ လိုအပ်နေပါတယ်။
ရာသီအကုန်မှာ တိုက်စစ်မှူး ဂျီရူး ကို တစ်နှစ် ထပ် စာချုပ် သက်တမ်းတိုးထားပေမယ့် ပြင်သစ်သားကို အေစီမီလန်က ၂ နှစ် စာချုပ်နဲ့ ကမ်းလှမ်းထားပြီး ကစားသမားကလည်း ပြောင်းရွှေ့လိုဟန် ရှိနေပါတယ်။
ဂျီရူး အပြင် ချယ်ဆီး အနေနဲ့ တမ်မီ အေဗရာဟမ်နဲ့ ပတ်သတ်ပြီးလည်း စီမံရဖို့ ရှိနေပြီး ဖေဖော်ဝါရီ ၂၀ နောက်ပိုင်း ချယ်ဆီးအသင်း အတွက် ၁၉ မိနစ်မျှသာ ကစားရသေးတဲ့ အင်္ဂလန်သားကို ရောင်းချတာ အငှားချတာမျိုး ပြုလုပ်ဖို့ ရှိနေပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာ ထိပ္တန္း တိုက္စစ္မွဴး တစ္ဦးကို ရေအာင္ ေခၚယူဖို႔ ရည္ရြယ္ထားေပမယ့္ သူတို႔ ပစ္မွတ္ထားတဲ့ ကစားသမားေတြနဲ႕ အေျခအေနက ထူးျခားမယ့္ အေနအထားကို မရွိေသးေၾကာင္း အေျပာင္းအေရႊ႕ စပါယ္ရွယ္လစ္ အီတလီ သတင္းေထာက္ ဖာဘရီဇီယို ရိုမန္နို က သံုးသပ္ထားပါတယ္။
ခ်ယ္ဆီးရဲ႕ အဓိက ပစ္မွတ္က ေဒါ့မြန္တိုက္စစ္မွဴး ဟာလန္း ျဖစ္ေနတာေၾကာင့္လည္း အေျခအေနေတြက ပို ရႈ႔ပ္ေထြးလာရတယ္လို႔ ၄င္းက ဆိုပါတယ္။ ေဒါ့မြန္က ဟာလန္းကို ဒီေႏြမွာ မေရာင္းဘဲ ဆက္လက္ ထိန္းထားလိုေနျပီး ဂ်ာမန္ကလပ္ဟာ ယူရို သန္း ၁၈၀ ေလာက္ ရမွသာ ဟာလန္း ေရာင္းဖို႔ စဥ္းစားမွာ ျဖစ္ေနပါတယ္။
ေနာက္ထပ္ တိုက္စစ္ ပစ္မွတ္ကေတာ့ ရိုမီလူ လူကာကူ ျဖစ္ျပီး ကစားသမား ကိုယ္တိုင္က အင္တာမီလန္မွာ ဆက္လက္ အစြမ္းျပ ကစားလိုေနေၾကာင္း အသိေပးထားပါတယ္။ အင္တာနည္းျပ ကြန္တီ ထြက္ခြာသြားေပမယ့္ လူကာကူ က သူ ေျခစြမ္းျပေနတဲ့ ကလပ္ကေန ထြက္ခြာလိုျခင္း မရွိေသးပါဘူး။
တိုက္စစ္ ပစ္မွတ္ေတြကို ခ်ိတ္ဆက္တာ အျပင္ ခ်ယ္ဆီးအသငး္ဟာ တဖက္မွာလည္း လက္ရွိ တိုက္စစ္သမားေတြကို ဘယ္လို လုပ္မလဲ ဆံုးျဖတ္ဖို႔ လိုအပ္ေနပါတယ္။
ရာသီအကုန္မွာ တိုက္စစ္မွဴး ဂ်ီရူး ကို တစ္နွစ္ ထပ္ စာခ်ဳပ္ သက္တမ္းတိုးထားေပမယ့္ ျပင္သစ္သားကို ေအစီမီလန္က ၂ နွစ္ စာခ်ဳပ္နဲ႕ ကမ္းလွမ္းထားျပီး ကစားသမားကလည္း ေျပာင္းေရႊ႕လိုဟန္ ရွိေနပါတယ္။
ဂ်ီရူး အျပင္ ခ်ယ္ဆီး အေနနဲ႕ တမ္မီ ေအဗရာဟမ္နဲ႕ ပတ္သတ္ျပီးလည္း စီမံရဖို႔ ရွိေနျပီး ေဖေဖာ္၀ါရီ ၂၀ ေနာက္ပိုင္း ခ်ယ္ဆီးအသင္း အတြက္ ၁၉ မိနစ္မွ်သာ ကစားရေသးတဲ့ အဂၤလန္သားကို ေရာင္းခ်တာ အငွားခ်တာမ်ိဳး ျပဳလုပ္ဖို႔ ရွိေနပါတယ္။