ယူနိုက်တက်နဲ့ ဒေါ့မွန်တို့ဟာ ဆန်ချို အပြောင်းအရွှေ့အတွက် ညိနှိုင်းနေမှု နောက်ဆုံး အဆင့်ကို ရောက်နေပြီဖြစ်ကာ အပြီးသတ်နိုင်ဖို့ ဆက်လက် လုပ်ဆောင်နေဆဲပါ။
ယူနိုက်တက်ဘက်က ဆန်ချိုအတွက် ပေါင် ၇၇.၄ သန်း သုံးစွဲရမှာဖြစ်ကာ နှစ်သင်း ညိနှိုင်းနေတာက အပြီးသတ် ငွေပေးချေမှု ပုံစံတွေဖြစ်ပြီး အနည်းငယ် ညိနှိုင်း ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ လိုအပ်နေတာဖြစ်တယ်။ လာမယ့် ရက်ပိုင်းအတွင်း ငွေပေးချေမှု သဘောတူညီမှု ရပြီးခဲ့ရင်တော့ ဆန်ချို အပြောင်းအရွှေ့ကိစ္စ ပြီးဆုံးမှာ ဖြစ်ပါတယ်။
ဆန်ချိုဟာ ယူနိုက်တက်မှာ တစ်ပတ်ကို လုပ်ခ ပေါင် ၂၅၀၀၀၀ ရမယ်လို့ သိရတယ်။ အဆိုပါ လုပ်ခထဲမှာ ဆုကြေးတွေလည်း ပါဝင်သွားပါမယ်။ သို့သော်လည်း ယူရို ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ ပါဝင်မှု မပြီးခင်ထိတော့ ယူနိုက်တက်နဲ့ ဆန်ချိုတို့ ဆေးစစ်မှုတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။
၂၀၁၇ တုန်းက မန်စီးတီးအသင်းဟာ ဒေါ့မွန်အသင်းထံ ဆန်ချိုကို ပေါင် ၈ သန်းဖြင့် ရောင်းထုတ်ခဲ့စဉ် အနာဂတ် အပြောင်းအရွှေ့ရဲ့ ၁၅% ခံစားခွင့် ရယူခွင့်ရှိတဲ့ သဘောတူညီချက် ပါဝင်ခဲ့တယ်။ ဒါကြောင့် ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၇ သန်းကနေ ပေါင် ၁၀.၃၅ သန်းကို ဝေစုအဖြစ် ခွဲဝေရရှိပါမယ်။
ယူနိုက်တက်ဟာ ဆန်ချိုကိစ္စ အပြီးသတ်ပြီးခဲ့ရင် ရီးရဲလ်မက်ဒရစ်မှ ဗာရိန်း၊ ဝက်ဟမ်းမှ ရိုက်နဲ့ တီကိုမှ ထရစ်ပီယာတို့အတွက် ဆက်လက် ကြိုးစားဖွယ်ရှိတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ဘေး သက်ရောက်မှုကြောင့် ကစားသမား အားလုံးကို ခေါ်ယူနိုင်ဖို့ရာတော့ မသေချာသေးပါဘူး။
ယူနိုက်တက်ဟာ ကလပ်ရဲ့ လုပ်ခ လစာကို လျော့ချဖို့နဲ့ အခြားသော အပြောင်းအရွှေ့တွေအတွက် ငွေကြေး ရှာဖွေဖို့ ကစားသမား ရောင်းထုတ်မှုတွေလည်း ရှိလာဦးမှာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္နဲ႔ ေဒါ့မြန္တို႔ဟာ ဆန္ခ်ိဳ အေျပာင္းအေရႊ႔အတြက္ ညိႏိႈင္းေနမႈ ေနာက္ဆံုး အဆင့္ကို ေရာက္ေနျပီျဖစ္ကာ အျပီးသတ္ႏုိင္ဖို႔ ဆက္လက္ လုပ္ေဆာင္ေနဆဲပါ။
ယူႏုိက္တက္ဘက္က ဆန္ခ်ိဳအတြက္ ေပါင္ ၇၇.၄ သန္း သံုးစြဲရမွာျဖစ္ကာ ႏွစ္သင္း ညိႏိႈင္းေနတာက အျပီးသတ္ ေငြေပးေခ်မႈ ပံုစံေတြျဖစ္ျပီး အနည္းငယ္ ညိႏိႈင္း ျပင္ဆင္မႈေတြ လုပ္ႏုိင္ဖို႔ လိုအပ္ေနတာျဖစ္တယ္။ လာမယ့္ ရက္ပိုင္းအတြင္း ေငြေပးေခ်မႈ သေဘာတူညီမႈ ရျပီးခဲ့ရင္ေတာ့ ဆန္ခ်ိဳ အေျပာင္းအေရႊ႔ကိစၥ ျပီးဆံုးမွာ ျဖစ္ပါတယ္။
ဆန္ခ်ိဳဟာ ယူႏုိက္တက္မွာ တစ္ပတ္ကို လုပ္ခ ေပါင္ ၂၅၀၀၀၀ ရမယ္လို႔ သိရတယ္။ အဆိုပါ လုပ္ခထဲမွာ ဆုေၾကးေတြလည္း ပါဝင္သြားပါမယ္။ သို႔ေသာ္လည္း ယူရို ျပိဳင္ပြဲမွာ အဂၤလန္အသင္းရဲ႕ ပါဝင္မႈ မျပီးခင္ထိေတာ့ ယူႏုိက္တက္နဲ႔ ဆန္ခ်ိဳတို႔ ေဆးစစ္မႈေတြ ျပဳလုပ္ႏုိင္မွာ မဟုတ္ပါဘူး။
၂၀၁၇ တုန္းက မန္စီးတီးအသင္းဟာ ေဒါ့မြန္အသင္းထံ ဆန္ခ်ိဳကို ေပါင္ ၈ သန္းျဖင့္ ေရာင္းထုတ္ခဲ့စဥ္ အနာဂတ္ အေျပာင္းအေရႊ႔ရဲ႕ ၁၅% ခံစားခြင့္ ရယူခြင့္ရွိတဲ့ သေဘာတူညီခ်က္ ပါဝင္ခဲ့တယ္။ ဒါေၾကာင့္ ဆန္ခ်ိဳအတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၇၇ သန္းကေန ေပါင္ ၁၀.၃၅ သန္းကို ေဝစုအျဖစ္ ခြဲေဝရရွိပါမယ္။
ယူႏုိက္တက္ဟာ ဆန္ခ်ိဳကိစၥ အျပီးသတ္ျပီးခဲ့ရင္ ရီးရဲလ္မက္ဒရစ္မွ ဗာရိန္း၊ ဝက္ဟမ္းမွ ရိုက္နဲ႔ တီကိုမွ ထရစ္ပီယာတို႔အတြက္ ဆက္လက္ ၾကိဳးစားဖြယ္ရွိတယ္။ ဒါေပမယ့္ ကိုဗစ္ကပ္ေဘး သက္ေရာက္မႈေၾကာင့္ ကစားသမား အားလံုးကို ေခၚယူႏုိင္ဖို႔ရာေတာ့ မေသခ်ာေသးပါဘူး။
ယူႏုိက္တက္ဟာ ကလပ္ရဲ႕ လုပ္ခ လစာကို ေလ်ာ့ခ်ဖို႔နဲ႔ အျခားေသာ အေျပာင္းအေရႊ႔ေတြအတြက္ ေငြေၾကး ရွာေဖြဖို႔ ကစားသမား ေရာင္းထုတ္မႈေတြလည္း ရွိလာဦးမွာ ျဖစ္ပါတယ္။
