လက်နှေးနေရင် နာမည်ကြီး ထမင်းငတ်ဖြစ်တော့မယ့် ယူနိုက်တက်

UNICODE – ယူနိုက်တက်ဟာ နာမည်တွေကြီးနေတဲ့ အပြောင်းအရွှေ့ ကိစ္စကြီးတွေကို အမြန် မလုပ်နိုင်ဘူးဆိုရင် ပြိုင်ဘက်တွေရဲ့ လက်ဦးမှုရယူခြင်းကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ဒီရက်တွေမှာ အစ်ဟာလိုရဲ့ အငှားစာချုပ်ကို သက်တမ်းတိုးဖို့ ကြိုးစားနေခြင်းက အောင်မြင်ခဲ့ပါပြီ။ တိုက်စစ်သမားအတွက် ယူနိုက်တက် ကုန်ကျမှုကလည်း ခပ်ပေါပေါတော့ မဟုတ်ပါဘူး။ နောက်ထပ် ၈ လ သက်တမ်းတိုးခွင့်အတွက် ပေါင် ၆ သန်းကို အငှားကြေး ပေးရမှာဖြစ်တယ်။ ဒါ့အပြင် အစ်ဟာလိုအတွက် သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ထဲက ပေါင် ၁၃၀၀၀၀ ကိုလည်း ယူနိုက်တက်ဘက်က ပေးချေရပါမယ်။

အစ်ဟာလိုကို ခေါ်ယူလိုက်နိုင်တာကြောင့် ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ မာရှယ်၊ ရပ်ဖိုဒ့်၊ အစ်ဟာလို၊ ဂရင်းဝုဒ်တို့နဲ့အတူ လူစာရင်းတစ်ခုကို တည်ဆောက်ထားနိုင်ပြီး နွေပစ်မှတ်တွေကို သေချာ ချိန်ရွယ်ပြီး ခေါ်ယူနိုင်ခွင့် ရသွားခဲ့ပါပြီ။

ဒါပေမယ့်လည်း ဒါက သတင်းကောင်းတော့ မဟုတ်ပါဘူး။ ယူနိုက်တက်ဟာ ဆန်ချို၊ ဟာဗက် တို့အတွက် ချယ်ဆီးနဲ့အပြိင် ကြိုးစားရမှာဖြစ်ကာ ဝါနာကိုလည်း လီဗာပူးနဲ့အပြိုင် ကြိုးစားရမှာပါ။ ဒီရက်ပိုင်းမှာ ချယ်ဆီးက တီမိုဝါနာကို ခေါ်ယူဖို့ စတင်လာခဲ့သလို ဟာဗက်ကို ကမ်းလှမ်းဖို့လည်း ပြင်ဆင်နေပါတယ်။

ချယ်ဆီးဟာ ဟာဇက်၊ မိုရာတာတို့ကို ရောင်းထုတ်ထားမှုကနေ ပေါင် သန်း ရာနဲ့ချီပြီး အသုံးစရိတ် ရှိထားပါတယ်။ ချယ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ကလည်း မန်နေဂျာလမ်းပတ်ကို အပြည့်အဝ ထောက်ပံ့မှု လုပ်ပေးမှာဖြစ်တယ်။ အင်္ဂလန်အသင်းတွေ အားထုတ်မှု နည်းနေတဲ့ ဆန်ချိုကို ခေါ်ယူဖို့အတွက်ကတော့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားလာနေခဲ့ပါပြီ။

ယူနိုက်တက်ဟာ နွေအသုံးစရိတ်အတွက် ပေါင် သန်း ၁၄၀ ထိ ထုတ်ချေးထားပြီး ငွေသားတစ်ရပ်ကို ပြင်ဆင်ထားပြီဖြစ်တယ်။ ကလပ်တိုင်းက တရားဝင် ကမ်းလှမ်းမှုတွေကို လုပ်ဖို့ စောင့်ကြည့်နေဆဲဖြစ်ပြီး ဒီအခြေအနေမှာ တစ်သင်းသင်းက ခပ်မြန်မြန် ညိနှိုင်း ကမ်းလှမ်းမှု လုပ်မယ်ဆိုရင် ကျန်အသင်းတွေက ကျန်ခဲ့ဖို့ပဲ ရှိနေမှာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ နာမည္ေတြၾကီးေနတဲ့ အေျပာင္းအေရႊ႔ ကိစၥၾကီးေတြကို အျမန္ မလုပ္ႏုိင္ဘူးဆိုရင္ ျပိဳင္ဘက္ေတြရဲ႔ လက္ဦးမႈရယူျခင္းကို ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

ဒီရက္ေတြမွာ အစ္ဟာလိုရဲ႕ အငွားစာခ်ဳပ္ကို သက္တမ္းတိုးဖို႔ ၾကိဳးစားေနျခင္းက ေအာင္ျမင္ခဲ့ပါျပီ။ တိုက္စစ္သမားအတြက္ ယူႏုိက္တက္ ကုန္က်မႈကလည္း ခပ္ေပါေပါေတာ့ မဟုတ္ပါဘူး။ ေနာက္ထပ္ ၈ လ သက္တမ္းတိုးခြင့္အတြက္ ေပါင္ ၆ သန္းကို အငွားေၾကး ေပးရမွာျဖစ္တယ္။ ဒါ့အျပင္ အစ္ဟာလိုအတြက္ သူ႔ရဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၃၀၀၀၀၀ ထဲက ေပါင္ ၁၃၀၀၀၀ ကိုလည္း ယူႏုိက္တက္ဘက္က ေပးေခ်ရပါမယ္။

အစ္ဟာလိုကို ေခၚယူလိုက္ႏုိင္တာေၾကာင့္ ယူႏုိက္တက္ဟာ တိုက္စစ္ပိုင္းမွာ မာရွယ္၊ ရပ္ဖိုဒ့္၊ အစ္ဟာလို၊ ဂရင္းဝုဒ္တို႔နဲ႔အတူ လူစာရင္းတစ္ခုကို တည္ေဆာက္ထားႏုိင္ျပီး ေႏြပစ္မွတ္ေတြကို ေသခ်ာ ခ်ိန္ရြယ္ျပီး ေခၚယူႏုိင္ခြင့္ ရသြားခဲ့ပါျပီ။

ဒါေပမယ့္လည္း ဒါက သတင္းေကာင္းေတာ့ မဟုတ္ပါဘူး။ ယူႏုိက္တက္ဟာ ဆန္ခ်ိဳ၊ ဟာဗက္ တို႔အတြက္ ခ်ယ္ဆီးနဲ႔အျပိင္ ၾကိဳးစားရမွာျဖစ္ကာ ဝါနာကိုလည္း လီဗာပူးနဲ႔အျပိဳင္ ၾကိဳးစားရမွာပါ။ ဒီရက္ပိုင္းမွာ ခ်ယ္ဆီးက တီမိုဝါနာကို ေခၚယူဖို႔ စတင္လာခဲ့သလို ဟာဗက္ကို ကမ္းလွမ္းဖို႔လည္း ျပင္ဆင္ေနပါတယ္။

ခ်ယ္ဆီးဟာ ဟာဇက္၊ မိုရာတာတို႔ကို ေရာင္းထုတ္ထားမႈကေန ေပါင္ သန္း ရာနဲ႔ခ်ီျပီး အသံုးစရိတ္ ရွိထားပါတယ္။ ခ်ယ္ဆီးပိုင္ရွင္ ေအဘရာမိုဗစ္ကလည္း မန္ေနဂ်ာလမ္းပတ္ကို အျပည့္အဝ ေထာက္ပံ့မႈ လုပ္ေပးမွာျဖစ္တယ္။ အဂၤလန္အသင္းေတြ အားထုတ္မႈ နည္းေနတဲ့ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ကေတာ့ ရီးရဲလ္မက္ဒရစ္က စိတ္ဝင္စားလာေနခဲ့ပါျပီ။

ယူႏုိက္တက္ဟာ ေႏြအသံုးစရိတ္အတြက္ ေပါင္ သန္း ၁၄၀ ထိ ထုတ္ေခ်းထားျပီး ေငြသားတစ္ရပ္ကို ျပင္ဆင္ထားျပီျဖစ္တယ္။ ကလပ္တုိင္းက တရားဝင္ ကမ္းလွမ္းမႈေတြကို လုပ္ဖို႔ ေစာင့္ၾကည့္ေနဆဲျဖစ္ျပီး ဒီအေျခအေနမွာ တစ္သင္းသင္းက ခပ္ျမန္ျမန္ ညိႏိႈင္း ကမ္းလွမ္းမႈ လုပ္မယ္ဆိုရင္ က်န္အသင္းေတြက က်န္ခဲ့ဖို႔ပဲ ရွိေနမွာ ျဖစ္ပါတယ္။