ကိုးမန်း အတွက် ဘိုင်ယန် ဈေးသတ်မှတ်
ဘိုင်ယန်မြူးနစ်အသင်းဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ အပြိုင် ချိတ်ဆက်နေတဲ့ ပြင်သစ် တောင်ပံကစားသမား ကင်စလေ ကိုးမန်း အတွက် ယူရို သန်း ၉၀ လို့ ဈေးသတ်မှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ၂၀၂၃ မှာ စာချုပ်ကုန်မယ့် ကိုးမန်းကို လက်ရှိ ဘောလုံးလောကရဲ့ ဘဏ္ဍာရေး ရိုက်ခတ်မှုတွေ အရ ဆို ထို ပြောင်းရွှေ့ကြေးက ယုတ္တိမတန်ဘူး လို့ ဂျာမန်သတင်းတွေက ထောက်ပြသုံးသပ်နေကြပါတယ်။

ဒမ်ဘီဘီကို စိတ်ဝင်စားမှု သွေးအေးသွားခြင်း
ယူနိုက်တက်ဟာ ဘာစီလိုနာ ကစားသမား ဒမ်ဘီလီ ကို ၎င်းရဲ့ ဒဏ်ရာ ပြသနာတွေကြောင့် စိတ်ဝင်စား ချိတ်ဆက်နေမှုကနေ နောက်ဆုတ်သွားခဲ့ပြီ လို့ သိရပါတယ်။ ပြင်သစ်တိုက်စစ်သမားဟာ ဒဏ်ရာနဲ့ နောက်ဆက်တွဲ တွေကြောင့် ဆက်တိုက် ရုန်းကန်နေခဲ့ရတာပါ။
ဘိုင်ယန် ကွင်းလယ် ဂေါ်ရက်စကာ ကို မျက်စိကျလာတဲ့ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား ဂေါ်ရက်စကာ ကို ခေါ်ဖို့ မျက်စိကျနေကြောင်း ဂျာမန် BILD သတင်းဌာနက ဆိုပါတယ်။ အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ ယူနိုက်တက် နည်းပြ ဆိုးရှားရဲ့ အလိုရှိ ကစားသမား စာရင်းမှာ နောက်ဆုံး ပါဝင်လာတာ ဖြစ်ပြီး ၎င်းရဲ့ လက်ရှိ စာချုပ်က ၂၀၂၂ မှာ ကုန်ဆုံးမှာပါ။ ဘိုင်ယန်ကတော့ ဂေါ်ရက်စကာ ကို သက်တမ်းတိုးဖို့တောင် စကားစထားပြီ ဖြစ်ပါတယ်။
ရာဘီရော့ ကို ကင်းထောက်နေခြင်း
မန်ယူနိုက်တက်ဟာ ဂျူဗင်တပ် ကွင်းလယ် ကစားသမား ရာဘီရော့ အတွက်လည်း ကင်းထောက်များ စေလွှတ်ထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ ပြင်သစ် အသင်းနဲ့ အတူ ယူရို ပြိုင်ပွဲကနေ အိမ်ပြန်လာခဲ့ရပြီ ဖြစ်ပြီး ယူနိုက်တက်က ဒီနွေမှာ တရားဝင် ချိတ်ဆက် ကမ်းလှမ်းဖွယ် ရှိပါတယ်။

Zawgyi
ကိုးမန္း အတြက္ ဘိုင္ယန္ ေစ်းသတ္မွတ္
ဘိုင္ယန္ျမဴးနစ္အသင္းဟာ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ လီဗာပူးအသင္းတို႔ အျပိဳင္ ခ်ိတ္ဆက္ေနတဲ့ ျပင္သစ္ ေတာင္ပံကစားသမား ကင္စေလ ကိုးမန္း အတြက္ ယူရို သန္း ၉၀ လို႔ ေစ်းသတ္မွတ္ေပးလိုက္ပါတယ္။ ဒါေပမယ့္ ၂၀၂၃ မွာ စာခ်ဳပ္ကုန္မယ့္ ကိုးမန္းကို လက္ရွိ ေဘာလံုးေလာကရဲ႕ ဘ႑ာေရး ရိုက္ခတ္မႈေတြ အရ ဆို ထို ေျပာင္းေရႊ႕ေၾကးက ယုတၱိမတန္ဘူး လို႔ ဂ်ာမန္သတင္းေတြက ေထာက္ျပသံုးသပ္ေနၾကပါတယ္။
ဒမ္ဘီဘီကို စိတ္၀င္စားမႈ ေသြးေအးသြားျခင္း
ယူနိုက္တက္ဟာ ဘာစီလိုနာ ကစားသမား ဒမ္ဘီလီ ကို ၄ငး္ရဲ႕ ဒဏ္ရာ ျပသနာေတြေၾကာင့္ စိတ္၀င္စား ခ်ိတ္ဆက္ေနမႈကေန ေနာက္ဆုတ္သြားခဲ့ျပီ လို႔ သိရပါတယ္။ ျပင္သစ္တိုက္စစ္သမားဟာ ဒဏ္ရာနဲ႕ ေနာက္ဆက္တြဲ ေတြေၾကာင့္ ဆက္တိုက္ ရုန္းကန္ေနခဲ့ရတာပါ။
ဘိုင္ယန္ ကြင္းလယ္ ေဂၚရက္စကာ ကို မ်က္စိက်လာတဲ့ ယူနိုက္တက္
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္ ကစားသမား ေဂၚရက္စကာ ကို ေခၚဖို႔ မ်က္စိက်ေနေၾကာင္း ဂ်ာမန္ BILD သတင္းဌာနက ဆိုပါတယ္။ အသက္ ၂၆ နွစ္ အရြယ္ ကစားသမားဟာ ယူနိုက္တက္ နညး္ျပ ဆိုးရွားရဲ႕ အလိုရွိ ကစားသမား စာရင္းမွာ ေနာက္ဆံုး ပါ၀င္လာတာ ျဖစ္ျပီး ၄င္းရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၂ မွာ ကုန္ဆံုးမွာပါ။ ဘိုင္ယန္ကေတာ့ ေဂၚရက္စကာ ကို သက္တမ္းတိုးဖို႔ေတာင္ စကားစထားျပီ ျဖစ္ပါတယ္။
ရာဘီေရာ့ ကို ကင္း္ေထာက္ေနျခင္း
မန္ယူနိုက္တက္ဟာ ဂ်ဴဗင္တပ္ ကြင္းလယ္ ကစားသမား ရာဘီေရာ့ အတြက္လည္း ကင္းေထာက္မ်ား ေစလႊတ္ထားေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ အသက္ ၂၆ နွစ္ အရြယ္ ကစားသမားဟာ ျပင္သစ္ အသင္းနဲ႕ အတူ ယူရို ျပိဳင္ပြဲကေန အိမ္ျပန္လာခဲ့ရျပီ ျဖစ္ျပီး ယူနိုက္တက္က ဒီေႏြမွာ တရား၀င္ ခ်ိတ္ဆက္ ကမ္းလွမ္းဖြယ္ ရွိပါတယ္။
