ပရီးမီးယားလိဂ်ပွဲ ပြန်မစခင် ခြေစမ်းပွဲကစားခွင့် ရသွားတဲ့ ယူနိုက်တက်

UNICODE – ဇွန်လ ၁၇ ရက်နေ့ ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပွဲ မတိုင်ခင် ကလပ်တွေဟာ ခြေစမ်းပွဲတွေ ကစားခွင့်ရှိမှာဖြစ်ပြီး ယူနိုက်တက်ကလည်း ခွင့်ပြုမိန့် ရခဲ့ပြီလို့ သိရပါတယ်။

ကစားသမားတွေအတွက် အရေးပါတဲ့ ပွဲနေ့ ကြံ့ခိုင်ရေးဆိုင်ရာ ပြည့်ဝနေဖို့ ပရီးမီးယားလိဂ် အသင်းတွေက လိဂ်တရားဝင်ပြိုင်ပွဲ မတိုင်ခင် အချင်းချင်း ရာသီကြို ချစ်ကြည်ရေးပွဲလို ပွဲတွေ ကစားဖို့ ကြံရွယ်ခဲ့တာပါ။ ယူနိုက်တက်က စပါးနဲ့ပွဲမတိုင်ခင် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်တဲ့ ပွဲတစ်ပွဲ ကစားဖို့ ခွင့်ပြုမိန့် ရခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ခွင့်ပြုမိန့်ရလာပေမယ့် ဘယ်အသင်းနဲ့ ကစားရမယ်ဆိုတာ မသိရသေးပါဘူး။ ဒီအခွင့်အရေးကို အသုံးချဖို့ ယူနိုက်တက်က ရည်ရွယ်ရဲ့လား မသေချာပါဘူး။ အသင်းတွေဟာ ချစ်ကြည့်ရေးပွဲကို သက်ဆိုင်ရာနေရာထက် မိနစ် ၉၀ ထက် ပိုမကြာတဲ့ ခရီးမှာရှိတဲ့ အသင်းနဲ့ပဲ ခြေစမ်းခွင့်ရမှာဖြစ်သလို အဆိုပါ ခရီးကိုလည်း ကားကိုယ်တိုင် မောင်းပြီး သွားရမှာ ဖြစ်ပါတယ်။

ချစ်ကြည်ရေးပွဲမှာ ဒိုင်လူကြီး ထည့်ခွင့်မရှိသလို ပွဲကို ထိန်းချုပ်ဖို့ရာ နှစ်ဘက်အသင်းမှ နည်းပြအဖွဲ့က ကြီးကြပ်ပေးရမှာဖြစ်တယ်။ ပွဲကိုတော့ လေ့ကျင့်ရေးကွင်းမှာကော၊ အိမ်ကွင်းတွေမှာပါ ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အနီးတစ်ဝိုက်မှာ မန်စီးတီး၊ လီဗာပူး၊ အဲဗာတန်တို့လို ပြိုင်ဘက်တွေပဲ ရှိနေတာပါ။ ရွေးချယ်မယ်ဆိုရင်တော့ နော်ဝစ်၊ ရှက်ဖီးတို့နဲ့လည်း ကစားခွင့်ရမှာဖြစ်တယ်။

မန်နေဂျာဆိုးရှားက လေ့ကျင့်ရေးမှာပဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ရေး လုပ်စေဖို့ ညွှန်ကြားထားပါတယ်။ ပရီးမီးယားလိဂ်မှ ပြိုင်ဘက်တစ်သင်းနဲ့ ချစ်ကြည်ေးပွဲ ကစားခွင့်မယ်ဆိုရင်တော့ ယူနိုက်တက်ရဲ့ ပွဲနေ့ ကြံ့ခိုင်ရေးအတွက် အကျိုးများဖွယ်ရှိမယ်လို့ မန်ချက်စတာအခြေစိုက် သတင်းတွေက သုံးသပ်ထားတယ်။

လောလောဆယ်မှာ လက်စတာအသင်းကတော့ ကင်းပါဝါကွင်းမှာ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခွင့် ရထားပြီး သီတင်းပတ်အကုန်မှာ ကစားကြမှာဖြစ်တယ်။

ZAWGYI – ဇြန္လ ၁၇ ရက္ေန႔ ျပန္လည္စတင္မယ့္ ပရီးမီးယားလိဂ္ပြဲ မတိုင္ခင္ ကလပ္ေတြဟာ ေျခစမ္းပြဲေတြ ကစားခြင့္ရွိမွာျဖစ္ျပီး ယူႏုိက္တက္ကလည္း ခြင့္ျပဳမိန္႔ ရခဲ့ျပီလို႔ သိရပါတယ္။

ကစားသမားေတြအတြက္ အေရးပါတဲ့ ပြဲေန႔ ၾကံ႕ခိုင္ေရးဆိုင္ရာ ျပည့္ဝေနဖို႔ ပရီးမီးယားလိဂ္ အသင္းေတြက လိဂ္တရားဝင္ျပိဳင္ပြဲ မတိုင္ခင္ အခ်င္းခ်င္း ရာသီၾကိဳ ခ်စ္ၾကည္ေရးပြဲလို ပြဲေတြ ကစားဖို႔ ၾကံရြယ္ခဲ့တာပါ။ ယူႏုိက္တက္က စပါးနဲ႔ပြဲမတိုင္ခင္ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈကို စမ္းသပ္တဲ့ ပြဲတစ္ပြဲ ကစားဖို႔ ခြင့္ျပဳမိန္႔ ရခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္အတြက္ ခြင့္ျပဳမိန္႔ရလာေပမယ့္ ဘယ္အသင္းနဲ႔ ကစားရမယ္ဆိုတာ မသိရေသးပါဘူး။ ဒီအခြင့္အေရးကို အသံုးခ်ဖို႔ ယူႏုိက္တက္က ရည္ရြယ္ရဲ႕လား မေသခ်ာပါဘူး။ အသင္းေတြဟာ ခ်စ္ၾကည့္ေရးပြဲကို သက္ဆိုင္ရာေနရာထက္ မိနစ္ ၉၀ ထက္ ပိုမၾကာတဲ့ ခရီးမွာရွိတဲ့ အသင္းနဲ႔ပဲ ေျခစမ္းခြင့္ရမွာျဖစ္သလို အဆိုပါ ခရီးကိုလည္း ကားကိုယ္တိုင္ ေမာင္းျပီး သြားရမွာ ျဖစ္ပါတယ္။

ခ်စ္ၾကည္ေရးပြဲမွာ ဒိုင္လူၾကီး ထည့္ခြင့္မရွိသလို ပြဲကို ထိန္းခ်ဳပ္ဖို႔ရာ ႏွစ္ဘက္အသင္းမွ နည္းျပအဖြဲ႔က ၾကီးၾကပ္ေပးရမွာျဖစ္တယ္။ ပြဲကိုေတာ့ ေလ့က်င့္ေရးကြင္းမွာေကာ၊ အိမ္ကြင္းေတြမွာပါ ယွဥ္ျပိဳင္ခြင့္ ရွိပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္ရဲ႕ အနီးတစ္ဝိုက္မွာ မန္စီးတီး၊ လီဗာပူး၊ အဲဗာတန္တို႔လို ျပိဳင္ဘက္ေတြပဲ ရွိေနတာပါ။ ေရြးခ်ယ္မယ္ဆိုရင္ေတာ့ ေနာ္ဝစ္၊ ရွက္ဖီးတို႔နဲ႔လည္း ကစားခြင့္ရမွာျဖစ္တယ္။

မန္ေနဂ်ာဆိုးရွားက ေလ့က်င့္ေရးမွာပဲ ျပင္းျပင္းထန္ထန္ ေလ့က်င့္ေရး လုပ္ေစဖို႔ ညႊန္ၾကားထားပါတယ္။ ပရီးမီးယားလိဂ္မွ ျပိဳင္ဘက္တစ္သင္းနဲ႔ ခ်စ္ၾကည္ေးပြဲ ကစားခြင့္မယ္ဆိုရင္ေတာ့ ယူႏုိက္တက္ရဲ႕ ပြဲေန႔ ၾကံ႕ခိုင္ေရးအတြက္ အက်ိဳးမ်ားဖြယ္ရွိမယ္လို႔ မန္ခ်က္စတာအေျခစိုက္ သတင္းေတြက သံုးသပ္ထားတယ္။

ေလာေလာဆယ္မွာ လက္စတာအသင္းကေတာ့ ကင္းပါဝါကြင္းမွာ အက္စတြန္ဗီလာအသင္းနဲ႔ ယွဥ္ျပိဳင္ကစားခြင့္ ရထားျပီး သီတင္းပတ္အကုန္မွာ ကစားၾကမွာျဖစ္တယ္။