ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ (03/07/21)

မန်ချက်စတာ ယူနိုက်တက် လူငယ် ဂိုးသမား ဂျာကော့ ကာနေးဟာ လိဂ် ဝမ်းကလပ် ဆန်းဒါးလန်အသင်းထံ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဘရူနို ဖာနန်ဒက်စ်က ပင်နယ်တီ ကန်ရာမှာ သက်တောင့်သက်သာ ရှိခဲ့ပြီး အခြား ကစားသမားတွေနဲ့ ခြားနားစွာ လွယ်ကူနေခဲ့တာ တွေ့ရပါတယ်။ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ရရှိခဲ့တာ ကံ တေ်ာတော် ကောင်းကြောင်း ပိုပြီး မြင်သာစေခဲ့တယ်လို့ မန်ချက်စတာ အခြေစိုက် MEN က သုံးသပ်ထားပါတယ်။

ယူနိုက်တက် အသင်းသား နှစ်ဦး ဖြစ်တဲ့ အဲရစ် ဘိုင်လီနဲ့ အာမက်တို့ နှစ်ဦးဟာ တိုကျို အိုလံပစ် ပြိုင်ပွဲဝင်မယ့် အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခေါ်ယူခြင်း ခံလိုက်ရပါတယ်။

အိုလံပစ် ပြိုင်ပွဲက ဇူလိုင် ၂၂ မှာ စတင်မှာ ဖြစ်ပြီး ဗိုလ်လုပွဲက သြဂုတ် ၇ ဖြစ်တာကြောင့် ယူနိုက်တက်ဟာ ၎င်းတို့ ကစားသမား နှစ်ဦးလုံးကို ရာသီကြို ပြင်ဆင်မှုမှာ ချန်လှပ်ရဖွယ် ရှိနေပါတယ်။

ဂိုးသမား ဒီဂီယာက အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ နံပါတ် တစ် ဂိုးသမား နေရာ လှုပ်ခတ်လာပေမယ့် ဒီနွေမှာ အသင်းမပြောင်းဘဲ ယူနိုက်တက်မှာ ဆက်နေပြီး ပွဲထွက်ခွင့် ကြိုးစားသွားဖို့ စိတ်ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

ယူနိုက်တက်က ဝါရင့် ကွင်းလယ်ကစားသမား မာတာကို သက်တမ်းတိုးလိုက်ပြီးနောက် အသင်းဖော်တွေက မာတာ အား ဂုဏ်ယူစကား ဆိုခဲ့ကြရာ ဖာနန်ဒက်စ်က ဝမ်းမြောက်စကား ဆိုရင်း ကျောနံပါတ် ၈ ယူဖို့ နောက်တစ်နှစ် စောင့်ရပြန်ပြီလို့ အရွှန်းဖောက်ခဲ့ပါတယ်။

ဂျူဗင်တပ် နည်းပြ အယ်လီဂရီ က ပြင်သစ် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ အသည်းအသန် အလိုရှိနေတာကြောင့် စီးရီးအေကလပ်ဟာ ဒီနွေမှာ လှုပ်ရှားလာဖွယ် ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ လူငယ္ ဂိုးသမား ဂ်ာေကာ့ ကာေနးဟာ လိဂ္ ၀မ္းကလပ္ ဆန္းဒါးလန္အသင္းထံ ၂နွစ္ စာခ်ဳပ္နဲ႕ ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္ပါတယ္။

ယူရို ၂၀၂၀ ျပိဳင္ပြဲမွာ ဘရူနို ဖာနန္ဒက္စ္က ပင္နယ္တီ ကန္ရာမွာ သက္ေတာင့္သက္သာ ရွိခဲ့ျပီး အျခား ကစားသမားေတြနဲ႕ ျခားနားစြာ လြယ္ကူေနခဲ့တာ ေတြ႔ရပါတယ္။ ယူနိုက္တက္ဟာ ဖာနန္ဒက္စ္ကို ရရွိခဲ့တာ ကံ ေတ္ာေတာ္ ေကာင္းေၾကာင္း ပိုျပီး ျမင္သာေစခဲ့တယ္လို႔ မန္ခ်က္စတာ အေျခစိုက္ MEN က သံုးသပ္ထားပါတယ္။

ယူနိုက္တက္ အသင္းသား နွစ္ဦး ျဖစ္တဲ့ အဲရစ္ ဘိုင္လီနဲ႕ အာမက္တို႔ နွစ္ဦးဟာ တိုက်ိဳ အိုလံပစ္ ျပိဳင္ပြဲ၀င္မယ့္ အိုင္ဗရီကို႔စ္ လက္ေရြးစင္ အသင္းမွာ ေရြးခ်ယ္ေခၚယူျခင္း ခံလိုက္ရပါတယ္။

အိုလံပစ္ ျပိဳင္ပြဲက ဇူလိုင္ ၂၂ မွာ စတင္မွာ ျဖစ္ျပီး ဗိုလ္လုပြဲက ၾသဂုတ္ ၇ ျဖစ္တာေၾကာင့္ ယူနိုက္တက္ဟာ ၄င္းတို႔ ကစားသမား နွစ္ဦးလံုးကို ရာသီၾကိဳ ျပင္ဆင္မႈမွာ ခ်န္လွပ္ရဖြယ္ ရွိေနပါတယ္။

ဂိုးသမား ဒီဂီယာက အိုးထရက္ဖို႔ဒ္မွာ သူ႔ရဲ႕ နံပါတ္ တစ္ ဂိုးသမား ေနရာ လႈပ္ခတ္လာေပမယ့္ ဒီေႏြမွာ အသင္းမေျပာင္းဘဲ ယူနိုက္တက္မွာ ဆက္ေနျပီး ပြဲထြက္ခြင့္ ၾကိဳးစားသြားဖို႔ စိတ္ဆံုးျဖတ္ထားေၾကာင္း သိရပါတယ္။

ယူနိုက္တက္က ၀ါရင့္ ကြင္းလယ္ကစားသမား မာတာကို သက္တမ္းတိုးလိုက္ျပီးေနာက္ အသင္းေဖာ္ေတြက မာတာ အား ဂုဏ္ယူစကား ဆိုခ့ဲၾကရာ ဖာနန္ဒက္စ္က ၀မ္းေျမာက္စကား ဆိုရင္း ေက်ာနံပါတ္ ၈ ယူဖို႔ ေနာက္တစ္နွစ္ ေစာင့္ရျပန္ျပီလို႔ အရႊန္းေဖာက္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္ နည္းျပ အယ္လီဂရီ က ျပင္သစ္ ကြင္းလယ္ကစားသမား ေပါ့ဘာကို ေခၚယူဖို႔ အသည္းအသန္ အလိုရွိေနတာေၾကာင့္ စီးရီးေအကလပ္ဟာ ဒီေႏြမွာ လႈပ္ရွားလာဖြယ္ ရွိေနပါတယ္။