ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့် အတွက် လှုံ့ဆော်ပေးနိုင်မယ့် ကစားသမား ပြန်လာပြီ

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စရင် ယူနိုက်တက်နဲ့ အတူ ကွင်းလယ်ကစားသမား ပေါ့ဘာ ပြန်ပါဝင်နိုင်မှာက အသင်း အတွက် ထပ်ဆောင်း တွန်းအားတစ်ရပ် ဖြစ်လာမယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ဆိုလိုက်ပါတယ်။ ပေါ့ဘာဟာ ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့် အတွက် လှုံ့ဆော်ပေးနိုင်မယ့် ကစားသမား လို့ ၎င်းက ယုံကြည်နေတာပါ။

ဒီရာသီ ဒဏ်ရာများကြောင့် ကလပ်အသင်း ပွဲစဉ် တော်တော်များများ လွဲချော်ထားတဲ့ ပေါ့ဘာဟာ ယူနိုက်တက် အတွက် ၈ ပွဲသာ ကစားပေးထား ရပါတယ်။ ပြင်သစ်သားဟာ ဇန်နဝါရီလထဲမှာ ခွဲစိတ်မှု ခံယူခဲ့ရပြီး ပြန်လည် ကောင်းမွန် သက်သာလာခဲ့ပြီ ဖြစ်ပါတယ်။

ဆိုးရှားရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ လက်ရှိ အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄မှ ချယ်ဆီးနဲ့ ၃ မှတ် ကွာနေပါတယ်။ ဇွန် ၁၇ ပွဲတွေ ပြန်စရင် ယူနိုက်တက် အနေနဲ့ ထို အမှတ်ကွာခြားချက်ကို လျှော့ချကာ ချယ်ဆီးကို ကျော်တက်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အပိုင်သေချာဖို့ ရည်ရွယ်နေပါတယ်။

” ပေါ့ဘာ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်ကောင်းလာတာက ယူနိုက်တက်အတွက် ကြီးမားတဲ့ ခွန်အားတစ်ရပ် ဖြစ်တယ်။ ဒါက အသင်း အတွက် တကယ့် သတင်းကောင်းကြီးပါ။ တခု ရှိတာက သူ မကစားတာ တော်တော်ကြာနေတာတော့ ရှိတယ်။ ပေါ့ဘာ အနေနဲ့ ကောင်းစွာ ပြင်ဆင်ထားပြီး ၁၀၀% ပုံစံကောင်းနဲ့ ပြန်လာဖို့ မျှော်လင့်ပါတယ်။

သူ ပွဲထွက်ခွင့်ရော ရမလား ဆိုတာတော့ ကျနော် သေချာ မပြောနိုင်ဘူး။ ကာလရှည် ဒဏ်ရာ ရှိနေခဲ့တာက သက်ရောက်မှုတော့ ရှိပါမယ်။ ဆိုးရှားက ဒါကို ဘယ်လို စီမံမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ မန်နေဂျာက ပေါ့ဘာကို အသင့်ပဲလား မေးရင်တော့ သူက ဟာ အသင့်ပဲ လို့ ဖြေမှာ သေချာပါတယ်။

ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ အတူ တွဲကစားတာကိုလည်း ကျနော်တို့ ဦးဆုံးမြင်ရတော့မယ်။ ဒါက စိတ်ဝင်စားစရာ ကောင်းမှာပါ။ အခုဆို လေ့ကျင့်ရေးမှာ အတူတွဲပြီး သူတို့ အချင်းချင်း နားလည်မှု ယူထားနိုင်မယ် ထင်ပါတယ်။ ” လို့ ဘာဘာတော့ဗ်က သုံးသပသ် ပြောဆိုခဲ့ပါတယ်။

ဘောလုံးပွဲတွေ မရပ်နားခင်က ဆိုးရှားရဲ့ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၁၁ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ ပုံစံကောင်း ရနေခဲ့တာပါ။ ပွဲတွေ ပြန်စရင် ချယ်ဆီးကို ကျော်တက်ဖို့ အပြင် မန်စီးတီးအသင်း ဥရောပပြိုင်ပွဲ ပိတ်ခံရတဲ့ အယူခံ ကျရှုံးပါက အင်္ဂလန်အသင်းတွေဟာ အဆင့် ၅ နေရာထိ ချန်ပီယံလိဂ် ဝင်ခွင့် ရမယ့် မျှော်လင့်ချက်ကောင်းလည်း ရှိထားပါတယ်။

Zawgyi – ပရီးမီးယားလိိဂ္ ပြဲေတြ ျပန္စရင္ ယူနိုက္တက္နဲ႕ အတူ ကြင္းလယ္ကစားသမား ေပါ့ဘာ ျပန္ပါ၀င္နိုင္မွာက အသင္း အတြက္ ထပ္ေဆာင္း တြန္းအားတစ္ရပ္ ျဖစ္လာမယ္လို႔ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ဆိုလိုက္ပါတယ္။ ေပါ့ဘာဟာ ယူနိုက္တက္ ခ်န္ပီယံလိဂ္၀င္ခြင့္ အတြက္ လွံဳ႕ေဆာ္ေပးနုိင္မယ့္ ကစားသမား လို႔ ၄င္းက ယံုၾကည္ေနတာပါ။

ဒီရာသီ ဒဏ္ရာမ်ားေၾကာင့္ ကလပ္အသင္း ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ား လြဲေခ်ာ္ထားတဲ့ ေပါ့ဘာဟာ ယူနိုက္တက္ အတြက္ ၈ ပြဲသာ ကစားေပးထား ရပါတယ္။ ျပင္သစ္သားဟာ ဇန္န၀ါရီလထဲမွာ ခြဲစိတ္မႈ ခံယူခဲ့ရျပီး ျပန္လည္ ေကာင္းမြန္ သက္သာလာခဲ့ျပီ ျဖစ္ပါတယ္။

ဆိုးရွားရဲ႕ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာေတာ့ လက္ရွိ အဆင့္ ၅ ေနရာမွာ ရွိေနျပီး အဆင့္ ၄မွ ခ်ယ္ဆီးနဲ႕ ၃ မွတ္ ကြာေနပါတယ္။ ဇြန္ ၁၇ ပြဲေတြ ျပန္စရင္ ယူနိုက္တက္ အေနနဲ႕ ထို အမွတ္ကြာျခားခ်က္ကို ေလွ်ာ့ခ်ကာ ခ်ယ္ဆီးကို ေက်ာ္တက္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အပိုင္ေသခ်ာဖို႔ ရည္ရြယ္ေနပါတယ္။

” ေပါ့ဘာ ၾကံ႕ခိုင္မႈ အျပည့္နဲ႕ ျပန္ေကာင္းလာတာက ယူနိုက္တက္အတြက္ ၾကီးမားတဲ့ ခြန္အားတစ္ရပ္ ျဖစ္တယ္။ ဒါက အသင္း အတြက္ တကယ့္ သတင္းေကာင္းၾကီးပါ။ တခု ရွိတာက သူ မကစားတာ ေတာ္ေတာ္ၾကာေနတာေတာ့ ရွိတယ္။ ေပါ့ဘာ အေနနဲ႕ ေကာင္းစြာ ျပင္ဆင္္ထားျပီး ၁၀၀% ပံုစံေကာင္းနဲ႕ ျပန္လာဖို႔ ေမွ်ာ္လင့္ပါတယ္။

သူ ပြဲထြက္ခြင့္ေရာ ရမလား ဆိုတာေတာ့ က်ေနာ္ ေသခ်ာ မေျပာနိုင္ဘူး။ ကာလရွည္ ဒဏ္ရာ ရွိေနခဲ့တာက သက္ေရာက္မႈေတာ့ ရွိပါမယ္။ ဆိုးရွားက ဒါကို ဘယ္လုိ စီမံမလဲ ဆိုတာ စိတ္၀င္စားစရာပါ။ မန္ေနဂ်ာက ေပါ့ဘာကို အသင့္ပဲလား ေမးရင္ေတာ့ သူက ဟာ အသင့္ပဲ လို႔ ေျဖမွာ ေသခ်ာပါတယ္။

ေပါ့ဘာနဲ႕ ဘရူနို ဖာနန္ဒက္စ္တို႔ အတူ တြဲကစားတာကိုလည္း က်ေနာ္တို႔ ဦးဆံုးျမင္ရေတာ့မယ္။ ဒါက စိတ္၀င္စားစရာ ေကာင္းမွာပါ။ အခုဆို ေလ့က်င့္ေရးမွာ အတူတြဲျပီး သူတို႔ အခ်င္းခ်င္း နားလည္မႈ ယူထားနိုင္မယ္ ထင္ပါတယ္။ ” လို႔ ဘာဘာေတာ့ဗ္က သံုးသပသ္ ေျပာဆိုခဲ့ပါတယ္။

ေဘာလံုးပြဲေတြ မရပ္နားခင္က ဆိုးရွားရဲ႕ ယူနိုက္တက္ဟာ ျပိဳင္ပြဲစံု ၁၁ ပြဲ ဆက္ ရွံဳးပြဲ မရွိဘဲ ပံုစံေကာင္း ရေနခဲ့တာပါ။ ပြဲေတြ ျပန္စရင္ ခ်ယ္ဆီးကို ေက်ာ္တက္ဖို႔ အျပင္ မန္စီးတီးအသင္း ဥေရာပျပိဳင္ပြဲ ပိတ္ခံရတဲ့ အယူခံ က်ရွံဳးပါက အဂၤလန္အသင္းေတြဟာ အဆင့္ ၅ ေနရာထိ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရမယ့္ ေမွ်ာ္လင့္ခ်က္ေကာင္းလည္း ရွိထားပါတယ္။