ဒီနွေမှာ ချယ်ဆီးတို့ ဟာလန်းကို ခေါ်ဖို့ ဆိုတာ အရမ်း ရှုပ်ထွေးခက်ခဲသွားပြီလို့ ရိုမန်နို သုံးသပ် သတိပေး

ချယ်ဆီးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ချိတ်ဆက်နေတာ အချိန်အတန်ကြာ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်နေတဲ့ ဟာလန်းကို ဒီနွေမှာ ခေါ်ဖို့က တော်တော် ခက်ခဲသွားပြီ လို့ အားကစားသတင်းထောက် ဖာဘရီဇီယို ရိုမန်နို က ဆိုလိုက်ပါတယ်။

အပြောင်းအရွှေ့ သတင်းတွေမှာ ဆို ယုံကြည်ရတဲ့ ရိုမန်နို က ချယ်ဆီး ဒီနွေမှာ ဟာလန်းကို ခေါ်ဖို့ ဆိုတာ အခြေအနေတွေ ရှုပ်ထွေးလာတာကြောင့် တော်တော် ခက်ခဲမယ်လို့ သုံးသပ် ပြောဆိုခဲ့တာပါ။

” ဂျေဒန် ဆန်ချို ကို ရောင်းချလိုက်တဲ့နောက် ဒေါ့မွန်က တော်တော်ကို အေးဆေး ဖြစ်သွားတယ်။ သူတို့က လုပ်စရာ ရှိတာတွေ ဆက် လုပ်နိုင်ပြီလို့ ယုံကြည်သွားပြီး ဟာလန်းကို ဆက်ထိန်းထားဖို့ များတယ်။

တကယ်လို့ ချယ်ဆီး ဖြစ်ဖြစ် တခြားကလပ်တွေက ဖြစ်ဖြစ် ဟာလန်းကို ဒီနွေမှာမှ ခေါ်ချင်တယ် ဆို ဘဏ်ကို သွားဖွင့် ငွေထုပ်ပိုက်ပြီး လာမှ ရလိမ့်မယ်။ ဟာလန်း ပြောင်းဖို့က တကယ်ကြီးကို ခက်ခဲသွားပြီ။

သူ့ရဲ့ လက်ရှိ စာချုပ်၊ သူ့ကို ခေါ်ချင်တယ် ဆိုရင် ပေးရမယ့် များစွာသော လုပ်ခလစာ။ ဒါတွေ ရှိတယ်။ ဒေါ့မွန်က ဟာလန်းကို ရောင်းမယ် ဆို နောက်တစ်နှစ်မှ ပို ကြိုက်လိမ့်မယ်၊ အခုတော့ မဟုတ်ဘူး။ သူတို့လည်း ဟာလန်းကို သုံးချင်သေးတယ်လေ။

အခုဆို ဒေါ့မွန်က ငွေလည်း မလိုတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆန်ချို ကို မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းလိုက်ပြီ။ ဒီတော့ အလောတကြီး လှုပ်ရှားစရာ မရှိတော့ဘူး။ ဟာလန်း ကိစ္စက တကယ်ကြီးကို ရှုပ်ထွေးသွားပြီ။ ” လို့ ရိုမန်နို က ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန်ရဲ့ တောင်ပံတိုက်စစ်သမား ဆန်ချို ကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဘွန်ဒစ်လီဂါ ကလပ် အတွက် ဒီနွေ ကစားသမား ရောင်းချ ငွေရှာမှုက လုံလောက်သွားဟန် ရှိပါတယ်။ ဒါကြောင့် ဟာလန်းကို မရောင်းဘဲ ဈေးကိုင်ထားဖို့ အခွင့်သာသွားပြီ ဆိုရမှာပါ။ ချယ်ဆီးရဲ့ အခြားပစ်မှတ် လူကာကူကလည်း အင်တာမှာ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ေဒါ့မြန္တိုက္စစ္မွဴး အာလင္း ဟာလန္းကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနတာ အခ်ိန္အတန္ၾကာ ရွိေနခဲ့ျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ကမၻာ့အဆင့္ တိုက္စစ္မွဴး ျဖစ္ေနတဲ့ ဟာလန္းကို ဒီေႏြမွာ ေခၚဖို႔က ေတာ္ေတာ္ ခက္ခဲသြားျပီ လို႔ အားကစားသတင္းေထာက္ ဖာဘရီဇီယို ရိုမန္နို က ဆိုလိုက္ပါတယ္။

အေျပာင္းအေရႊ႕ သတင္းေတြမွာ ဆို ယံုၾကည္ရတဲ့ ရိုမန္နို က ခ်ယ္ဆီး ဒီေႏြမွာ ဟာလန္းကို ေခၚဖို႔ ဆိုတာ အေျခအေနေတြ ရႈပ္ေထြးလာတာေၾကာင့္ ေတာ္ေတာ္ ခက္ခဲမယ္လို႔ သံုးသပ္ ေျပာဆိုခဲ့တာပါ။

” ေဂ်ဒန္ ဆန္ခ်ိဳ ကို ေရာင္းခ်လိုက္တဲ့ေနာက္ ေဒါ့မြန္က ေတာ္ေတာ္ကို ေအးေဆး ျဖစ္သြားတယ္။ သူတို႔က လုပ္စရာ ရွိတာေတြ ဆက္ လုပ္နုိင္ျပီလို႔ ယံုၾကည္သြားျပီး ဟာလန္းကို ဆက္ထိန္းထားဖို႔ မ်ားတယ္။

တကယ္လို႔ ခ်ယ္ဆီး ျဖစ္ျဖစ္ တျခားကလပ္ေတြက ျဖစ္ျဖစ္ ဟာလန္းကို ဒီေႏြမွာမွ ေခၚခ်င္တယ္ ဆို ဘဏ္ကို သြားဖြင့္ ေငြထုပ္ပိုက္ျပီး လာမွ ရလိမ့္မယ္။ ဟာလန္း ေျပာင္းဖို႔က တကယ္ၾကီးကို ခက္ခဲသြားျပီ။

သူ႔ရဲ႕ လက္ရွိ စာခ်ဳပ္၊ သူ႔ကို ေခၚခ်င္တယ္ ဆိုရင္ ေပးရမယ့္ မ်ားစြာေသာ လုပ္ခလစာ။ ဒါေတြ ရွိတယ္။ ေဒါ့မြန္က ဟာလန္းကို ေရာင္းမယ္ ဆို ေနာက္တစ္နွစ္မွ ပို ၾကိဳက္လိမ့္မယ္၊ အခုေတာ့ မဟုတ္ဘူး။ သူတို႔လည္း ဟာလန္းကို သံုးခ်င္ေသးတယ္ေလ။

အခုဆို ေဒါ့မြန္က ေငြလည္း မလိုေတာ့ဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဆန္ခ်ိဳ ကို မန္ခ်က္စတာ ယူနိုက္တက္ဆီ ေရာင္းလိုက္ျပီ။ ဒီေတာ့ အေလာတၾကီး လႈပ္ရွားစရာ မရွိေတာ့ဘူး။ ဟာလန္း ကိစၥက တကယ္ၾကီးကို ရႈပ္ေထြးသြားျပီ။ ” လို႔ ရိုမန္နို က ဆိုပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ေဒါ့မြန္ရဲ႕ ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳ ကို ေပါင္ ၇၃ သန္းနဲ႕ ေခၚယူခဲ့ျပီး ဘြန္ဒစ္လီဂါ ကလပ္ အတြက္ ဒီေႏြ ကစားသမား ေရာင္းခ် ေငြရွာမႈက လံုေလာက္သြားဟန္ ရွိပါတယ္။ ဒါေၾကာင့္ ဟာလန္းကို မေရာင္းဘဲ ေစ်းကိုင္ထားဖို႔ အခြင့္သာသြားျပီ ဆိုရမွာပါ။ ခ်ယ္ဆီးရဲ႕ အျခားပစ္မွတ္ လူကာကူကလည္း အင္တာမွာ ဆက္ေနဖို႔ ဆံုးျဖတ္ထားပါတယ္။