ဗန်ဒီဘိခ် ကို အငှားခေါ်ခွင့်ပေးပြီး ရီးရဲလ်မက်ဒရစ်နဲ့ အပေးအယူလုပ်ဖို့ ယူနိုက်တက် လမ်းဖွင့်ထား

မန်ချက်စတာ ယူနိုက်တက်ဟာ ရီးရဲလ် ခံစစ်မှူး ဗာရိန်း ကို အလိုရှိနေသလို ရီးရဲလ်ဘက်ကလည်း ယူနိုက်တက် ကွင်းလယ် ဗန်ဒီဘိခ်ကို အလိုရှိနေတာကြောင့် စပိန်ကလပ်နဲ့ အပေးအယူသဘော ညှိနှိုင်းဖို့ အလိုရှိနေပါတယ်။

ဗာရိန်းကို ခေါ်ယူနိုင်မယ် ဆိုရင် ယူနိုက်တက်က ဗန်ဒီဘိခ်ကို ဒီနွေမှာ ရီးရဲလ်ထံ အငှား သွားရောက် ကစားခွင့် ပေးဖို့ ယူနိုက်တက်က လမ်းဖွင့်ပေးလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေကမှ အေဂျက်ကနေ ပေါင် သန်း ၄၀ နဲ့ ခေါ်ယူထားတဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ရာသီ တလျောက်လုံး မန်ချက်စတာမှာ ပွဲကစားခွင့် ရဖို့ကို ရုန်းကန်ခဲ့ရကာ ပရီးမီးယားလိဂ် ၄ ပွဲသာ ပွဲထွက်က ပါဝင်ခဲ့ပါတယ်။

ရီးရဲလ်ကလည်း ဗန်ဒီဘိခ် ကို ပြီးခဲ့တဲ့ နွေတည်းက အလိုရှိခဲ့တာ ဖြစ်ပြီး ယူနိုက်တက်က ခေါ်ယူနိုင်ခဲ့တာကြောင့် လက်လွှတ်ခဲ့ရတာပါ။ အခုထိလည်း နယ်သာလန်သားကို ဝယ်ယူလိုသေးပေမယ့် ၎င်းတို့ လက်ရှိ ဘဏ္ဍာရေး အခြေအနေကြောင့် ဗန်ဒီဘိခ်ကို အပြီး ဝယ်ယူခွင့်ပါတဲ့ အငှား ခေါ်ယူမှုမျိုး ပို အလိုရှိနေပါတယ်။

ယူနိုက်တက် အနေနဲ့လည်း ခံစစ်မှူး ဗာရိန်းကို အလိုရှိပြီး ညှိနှိုင်းရ ခက်နေတာကြောင့် ဗန်ဒီဘိခ်ကို အငှား ခေါ်ခွင့်နဲ့ အပေးအယူ လုပ်သွားဖွယ် ရှိနေပါတယ်။

စပိန်က သတင်းတွေ အရ ရီးရဲလ်ဟာ ဗန်ဒီဘိခ် အတွက် ကနဦး အငှား ပေါင် ၂ သန်း ပေးကာ ခေါ်ယူပြီး နောက်နှစ်မှာ ပေါင် ၃၅ သန်းနဲ့ ဝယ်ယူခွင့် ထည့်သွင်း ကမ်းလှမ်းဖို့ ရှိကြောင်း သိရပါတယ်။ ယူနိုက်တက်က ဗန်ဒီဘိခ်ကို ပေါ့ဘာ ထွက်ခွာရင် အစားထိုးဖို့ ရည်ရွယ်တာ ဖြစ်ပေမယ့် ပြင်သစ်သားနဲ့ စာချုပ် သက်တမ်းတိုးနိုင်ဖွယ်လည်း ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ရီးရဲလ္ ခံစစ္မွဴး ဗာရိန္း ကို အလိုရွိေနသလို ရီးရဲလ္ဘက္ကလည္း ယူနိုက္တက္ ကြင္းလယ္ ဗန္ဒီဘိခ္ကို အလိုရွိေနတာေၾကာင့္ စပိန္ကလပ္နဲ႕ အေပးအယူသေဘာ ညွိနိႈင္းဖို႔ အလိုရွိေနပါတယ္။

ဗာရိန္းကို ေခၚယူနိုင္မယ္ ဆိုရင္ ယူနိုက္တက္က ဗန္ဒီဘိခ္ကို ဒီေႏြမွာ ရီးရဲလ္ထံ အငွား သြားေရာက္ ကစားခြင့္ ေပးဖို႕ ယူနိုက္တက္က လမ္းဖြင့္ေပးလာတာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေႏြကမွ ေအဂ်က္ကေန ေပါင္ သန္း ၄၀ နဲ႕ ေခၚယူထားတဲ့ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ဟာ ျပီးခဲ့တဲ့ ရာသီ တေလ်ာက္လံုး မန္ခ်က္စတာမွာ ပြဲကစားခြင့္ ရဖို႔ကို ရုန္းကန္ခဲ့ရကာ ပရီးမီးယားလိဂ္ ၄ ပြဲသာ ပြဲထြက္က ပါ၀င္ခဲ့ပါတယ္။

ရီးရဲလ္ကလည္း ဗန္ဒီဘိခ္ ကို ျပီးခဲ့တဲ့ ေႏြတည္းက အလိုရွိခဲ့တာ ျဖစ္ျပီး ယူနိုက္တက္က ေခၚယူနုိင္ခဲ့တာေၾကာင့္ လက္လႊတ္ခဲ့ရတာပါ။ အခုထိလည္း နယ္သာလန္သားကို ၀ယ္ယူလိုေသးေပမယ့္ ၄င္းတို႔ လက္ရွိ ဘ႑ာေရး အေျခအေနေၾကာင့္ ဗန္ဒီဘိခ္ကို အျပီး ၀ယ္ယူခြင့္ပါတဲ့ အငွား ေခၚယူမႈမ်ိဳး ပို အလိုရွိေနပါတယ္။

ယူနိုက္တက္ အေနနဲ႕လည္း ခံစစ္မွဴး ဗာရိန္းကို အလိုရွိျပီး ညွိႏိႈင္းရ ခက္ေနတာေၾကာင့္ ဗန္ဒီဘိခ္ကို အငွား ေခၚခြင့္နဲ႕ အေပးအယူ လုပ္သြားဖြယ္ ရွိေနပါတယ္။

စပိန္က သတင္းေတြ အရ ရီးရဲလ္ဟာ ဗန္ဒီဘိခ္ အတြက္ ကနဦး အငွား ေပါင္ ၂ သန္း ေပးကာ ေခၚယူျပီး ေနာက္နွစ္မွာ ေပါင္ ၃၅ သန္းနဲ႕ ၀ယ္ယူခြင့္ ထည့္သြင္း ကမ္းလွမ္းဖို႔ ရွိေၾကာင္း သိရပါတယ္။ ယူနိုက္တက္က ဗန္ဒီဘိခ္ကို ေပါ့ဘာ ထြက္ခြာရင္ အစားထိုးဖို႔ ရည္ရြယ္တာ ျဖစ္ေပမယ့္ ျပင္သစ္သားနဲ႕ စာခ်ဳပ္ သက္တမ္းတိုးနုိင္ဖြယ္လည္း ရွိေနပါတယ္။