အာဆင်နယ်အသင်းဟာ ဘရိုက်တန် ခံစစ်မှူး ဘန်ဝှိုက်ကို ခေါ်ယူနိုင်တော့မယ် သတင်းကြီးခဲ့ပေမယ့် ဒီတစ်ပတ်ထဲမှာ တကယ် အကောင်အထည် ဖော်လာဖွယ် ရှိတာက ဘင်ဖီကာ ဘယ်စွန်ခံစစ်မှူး နူနို တာဗရက်စ် ဖြစ်ပါတယ်။
လန်ဒန် အခြေစိုက် သတင်းတွေ ဖော်ပြချက် အရ အသက် ၂၁ နှစ် အရွယ် ခံစစ်မှူးဟာ လန်ဒန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး အင်္ဂလန်ရဲ့ စည်းမျဉ်းတွေအတိုင်း လောလောဆယ် ကွာရန်တင်း ဝင်နေခဲ့တာပါ။
ထိုကာလပြီးဆုံးတာနဲ့ တပြိုင်နက် အာဆင်နယ်က တာဗရက်စ် အပြောင်းအရွှေ့ အပြီးသတ် ကြေငြာနိုင်တော့မှာ ဖြစ်ကာ ကစားသမားက နောက်တစ်ပတ်ထဲ စကော့တလန်မှာ စတင်မယ့် ရာသီကြို ခရီးစဉ်ကိုပါ လာရောက် ပူးပေါင်းနိုင်မှာပါ။
နိူနို တာဗရက်စ်က အာဆင်နယ်နဲ့ ဆေးစစ်မှုပြီးစီးထားပြီလို့လည်း သိရပြီး လန်ဒန်သို့ မလာခင် ရက်ပိုင်းကပဲ ၎င်းကို ရီးရဲလ် ဆိုစီဒက်က ပိုများတဲ့ လုပ်ခလစာတွေနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ကစားသမားနဲ့ အေးဂျင့် ကိုယ်တိုင်က အာဆင်နယ်ဘက် ရွေးချယ်ခဲ့တာပါ။
အာဆင်နယ် ပရိသတ်တွေ အမျှော်ကြီး မျှော်နေခဲ့တဲ့ ဒီနွေ ကစားသမားသစ် ခေါ်ယူမှု တရားဝင် ကြေငြာချက်က လာမယ့်ရက်ပိုင်းတွေ အတွင်းမှာပဲ ထွက်ပေါ်လာပါတော့မယ်။
Zawgyi – အာဆင္နယ္အသင္းဟာ ဘရိုက္တန္ ခံစစ္မွဴး ဘန္၀ိႈက္ကို ေခၚယူနိုင္ေတာ့မယ္ သတင္းၾကီးခဲ့ေပမယ့္ ဒီတစ္ပတ္ထဲမွာ တကယ္ အေကာင္အထည္ ေဖာ္လာဖြယ္ ရွိတာက ဘင္ဖီကာ ဘယ္စြန္ခံစစ္မွဴး နူနို တာဗရက္စ္ ျဖစ္ပါတယ္။
လန္ဒန္ အေျခစိုက္ သတင္းေတြ ေဖာ္ျပခ်က္ အရ အသက္ ၂၁ နွစ္ အရြယ္ ခံစစ္မွဴးဟာ လန္ဒန္သို႔ ေရာက္ရွိလာခဲ့ျပီ ျဖစ္ျပီး အဂၤလန္ရဲ႕ စည္းမ်ဥ္းေတြအတိုင္း ေလာေလာဆယ္ ကြာရန္တင္း ၀င္ေနခဲ့တာပါ။
ထိုကာလျပီးဆံုးတာနဲ႕ တျပိဳင္နက္ အာဆင္နယ္က တာဗရက္စ္ အေျပာင္းအေရႊ႕ အျပီးသတ္ ေၾကျငာနိုင္ေတာ့မွာ ျဖစ္ကာ ကစားသမားက ေနာက္တစ္ပတ္ထဲ စေကာ့တလန္မွာ စတင္မယ့္ ရာသီၾကိဳ ခရီးစဥ္ကိုပါ လာေရာက္ ပူးေပါင္းနုိင္မွာပါ။
နိူနုိ တာဗရက္စ္က အာဆင္နယ္နဲ႕ ေဆးစစ္မႈျပီးစီးထားျပီလို႔လည္း သိရျပီး လန္ဒန္သို႔ မလာခင္ ရက္ပိုင္းကပဲ ၄င္းကို ရီးရဲလ္ ဆိုစီဒက္က ပိုမ်ားတဲ့ လုပ္ခလစာေတြနဲ႕ ကမ္းလွမ္းခဲ့ပါေသးတယ္။ ဒါေပမယ့္ ကစားသမားနဲ႕ ေအးဂ်င့္ ကိုယ္တိုင္က အာဆင္နယ္ဘက္ ေရြးခ်ယ္ခဲ့တာပါ။
အာဆင္နယ္ ပရိသတ္ေတြ အေမွ်ာ္ၾကီး ေမွ်ာ္ေနခဲ့တဲ့ ဒီေႏြ ကစားသမားသစ္ ေခၚယူမႈ တရား၀င္ ေၾကျငာခ်က္က လာမယ့္ရက္ပိုင္းေတြ အတြင္းမွာပဲ ထြက္ေပၚလာပါေတာ့မယ္။